ရေထဲ၊ မြစ်ထဲမဟုတ်ဘဲ မြေကြီးထဲမှာ ငါးခူအသိုက်ကို မတော်တဆတွေ့ရှိခဲ့တဲ့ ကောင်လေး




JRose (Mckzone daily)

Reference : yan

Unicode

မကြာသေးမီး မြေတစ်ကွက်တူးစဉ်မှာ လူငယ်တစ်ဦးက အတွင်းနက်နက်ရှိ ငါးခူအသိုက်ကို မတော်တဆ တွေ့ရှိခဲ့ပါတယ် ။ အဆိုပါလူငယ်က အဝါရောင်ငါးခူအများအပြားကို အမြန်ကောက်ယူပြီး ငါးကောင်ရေ 20 ခန့်ကို ရေတွက်ပြီး ပုံးတစ်ပုံးထဲမှာ ထည့်လိုက်ပါတယ် ။ အစပိုင်းမှာတော့ ဒီကောင်လေးက မြေကြီးလိုဏ်ဂူထဲကို ငါးထည့်ဖို့ တခြားနေရာက ငါးတွေယူလာတယ်လို့ ထင်မြင်ယူဆထားပေမယ့် မြေပြင်မှာ ငါးအသိုက်လုပ်ရတဲ့ အကြောင်းတော့ မကြားဖူးပါဘူး ။

ဒါပေမဲ့လည်း တကယ်တမ်းမှာ ငါးခူ၊ ငါးရှဉ့်၊ နှံကောင်များက ရွှံ့နွံများရှိတဲ့ ပတ်ဝန်းကျင်တွင် နေထိုင်နေတက်ကြတာပါ ။ အနီးကပ်ကြည့်လျှင် ကလစ်ထဲမှာ မြေဆီလွှာက အတော်လေး ပျော့ပျောင်းပြီး ရေနဲ့ ရောနှောနေဒါကြောင့် ငါးခူတို့ ရှိနိုင်လောင်တဲ့ နေရာဖြစ်ပါတယ် ။ Post တင်ပြီး နာရီအနည်းငယ်အကြာမှာပဲ ဒီကလစ်ဟာ ကြည့်ရှုသူ သောင်းနဲ့ချီပြီး မှတ်ချက်တွေ မြန်မြန်ဆန်ဆန် ရရှိခဲ့ပါတယ် ။

ငါးခူပြည့်နေတဲ့ ပုံးတစ်ပုံးဟာ ကြော်၊ ပြုတ်ပြီး အရသာရှိတဲ့ ဟင်းလျာများစွာကို ပြုလုပ်နိုင်တာကြောင့် ဒီကောင်လေးကို အင်တာနက်သုံးစွဲသူတော်တော်များများက ချီးကျူးခဲ့ကြပါတယ် ။ ဒါပေမယ့် တောရိုင်းငါးခူမစားဖို့ အကြံဉာဏ်ပေးတဲ့သူတွေရှိသလို အထူးသဖြင့် အဝါရောင်ငါးခူတွေဖြစ်ပါတယ် ။ အကြောင်းရင်းမှာ ၎င်းက လယ်ကွင်းအနီးမှာရှိတဲ့ အသိုက်ဖြစ်ပါက မသန့်ရှင်းတဲ့အရာများကို စားမိခြင်းကြောင့် ဖြစ်နိုင်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ရေထဲ၊ မြစ်ထဲမဟုတ်ဘဲ မြေကြီးထဲမှာ ငါးခူအသိုက်ကို မတော်တဆတွေ့ရှိခဲ့တဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*