ကြင်ဦးစ စုံတွဲတစ်တွဲအတွက် မင်္ဂလာလက်ဖွဲ့အဖြစ် မင်္ဂလာဆောင်အပြင်အဆင်စရိတ် နှင့် မင်္ဂလာဆောင်ပြီးတဲ့အခါ လိုအပ်တဲ့ ပစ္စည်းတွေ အားလုံးကို အဆင်သင့်ထုတ်ပေးတတ်တဲ့ မိဘများရှိခြင်းက အားလုံးပြီးပြည့်စုံတာထက် ပိုကောင်းတာ ဘာမှမရှိတော့ပါဘူး။ မကြာသေးမီက လူမှုကွန်ရက်မှာ Ma Arlyn Colindres Castillo အမည်ရှိ social media အသုံးပြုသူတစ်ဦးက မျှဝေလိုက်တဲ့ မင်္ဂလာဆောင်ပို့စ်တစ်ခုဟာ အလွန်ပဲ ပဲ့တင်ထပ်သွားခဲ့ပြီး အင်တာနက်သုံးစွဲသူအများစုရဲ့ ပြောဆိုမှုများစွာကို ခံခဲ့ရပါတယ်။ အခြားတစ်ဖက်မှာတော့ ၎င်းမင်္ဂလာဆောင်ပွဲပိုင်ရှင်များက ဖိလစ်ပိုင်နိုင်ငံ Tagum Davao del Norte မြို့မှ မစ္စတာနှင့် မစ္စစ် Marvin နှင့် Keeshia Lupio တို့ကြင်စဦးဇနီးမောင်နှံဘဲဖြစ်ပါတယ်။
.
၎င်းတို့စုံတွဲဟာ သတို့သားဖြစ်သူရဲ့မိဘများရဲ့ကြီးမားသော ချစ်ခြင်းမေတ္တာတွေကြောင့် ချမ်းသာကြွယ်ဝလွန်းတဲ့ မိဘများရဲ့ပိုင်ဆိုင်မှုနှင့် ငွေကြေးအားလုံးကို သုံးစွဲရန်မှတပါး အခြားရွေးချယ်စရာမရှိနေပါဘူး။ သတို့သားရဲ့မိသားစုဟာ ကြီးကျယ်ခမ်းနားပြီး သားဖြစ်သူနှင့်ကြင်သူတို့ရဲ့ကံကြမ္မာအတွက် ရက်ရောစွာနဲ့ ၎င်းတို့ရဲ့သားလေးရဲ့အနာဂတ်အတွက် ပြင်ဆင်ထားခဲ့တဲ့ငွေသားများစွာကို လက်ဖွဲ့အဖြစ်လည်း ပေးအပ်ခဲ့ပါတယ်။
.
ထို့ပြင် ၎င်းတို့ကြင်စဦးဇနီးမောင်နှံဟာ နှစ်ဖက်မိဘများထံမှ ဖိလစ်ပိုင် php ၁၀ သန်းတန် အိမ်သစ်တစ်လုံး ၊ စတုရန်းမီတာ 2000 ကျယ်တဲ့မြေကွက် ၊ အမေရိကန် ဒေါ်လာ 20,000 တန်ဖိုးရှိ ငွေသားလက်ဆောင်တို့နှင့် ဆွေမျိုးနှင့် သူငယ်ချင်းများထံမှ php 68,000 အထိ ရရှိခဲ့ကြပါတယ်။
.
၎င်းကဲ့သို့ အံ့အားသင့်ဖွယ်ရာမင်္ဂလာလက်ဖွဲ့များစွာကြောင့် အင်တာနက်သုံးစွဲသူများက ၎င်းတို့ဟာ ၎င်းကြင်ဦးစဇနီးမောင်နှံတို့၏မိဘများကို ၎င်းတို့၏ဘိုးဘေးများဖြစ်စေလိုကြောင်း အရွှန်းဖောက်ခဲ့ကြပါတယ်။ “ မိဘတွေက သားသမီးတွေရဲ့ အနာဂတ်အတွက် တွေးတောပြီး ကောင်းကောင်းပြင်ဆင်ထားပေးတဲ့အခါ ဒီလိုအရာတွေ ဖြစ်လာတတ်တယ် ”၊ “ မိဘတိုင်း ချမ်းသာမယ်လို့ မျှော်လင့်တယ် ၊ဒါပေမဲ့ ငါတို့မိဘက ဆင်းရဲပြီး ဖေးမကူညီတတ်လို့ အဆင်ပြေပါတယ်လေ ” ၊ “ အို သူတို့မွေးလာတဲ့ကလေးနဲ့ ငါ့ကလေးတို့ ချစ်သူတွေဖြစ်ရင် သိပ်ကောင်းမှာဘဲ ” ၊ “ ချမ်းသာတဲ့သူတွေကို အားကျရုံဘဲရမယ် ၊ ငါတို့တွေကတော့ ဆက်ပြီးဆင်းရဲနေအုံးမှာဘဲ ” လို့ အင်တာနက်သုံးစွဲသူများစွာက ထိုကဲ့သို့မှတ်ချက်များစွာဖြင့် တုံပြန့်ပြောဆိုခဲ့ကြပါတယ်။
Mia (Mckzone daily)
Reference : everytruenews24
Be the first to comment on "နှစ်ဖက်မိဘများထံမှ ပီဆို ၁၀ သန်းတန်အိမ်တစ်လုံးနှင့် ၂၀၀၀ စတုရန်းမီတာ မြေကွက်အပြင် မင်္ဂလာပွဲနေ့မှာ ဒေါ်လာ ၂၀,၀၀၀ ပါလက်ဖွဲ့ခံခဲ့ရတဲ့ ဇနီးမောင်နှံ"