သခင္ျဖစ္သူက သူ႔ရဲ႕အနီးနားတစ္ဝိုက္မွာ တံျမက္စည္းလဲေနလည္း ပ်င္းလြန္းလို႔ ထၿပီးေတာင္ေနရာမေ႐ြ႕ႏိုင္ျဖစ္ေနခဲ့တဲ့ ေခြးေလး (႐ုပ္သံ)

အသက္ 10 ႏွစ္အ႐ြယ္ Lazy အမည္ရွိ golden retriever ေခြးမေလးတစ္ေကာင္ဟာ ၎ပိုင္ရွင္ျဖစ္တဲ့ Lucho Bugallo အမည္ရွိအမ်ိဳးသားႏွင့္အတူ အာဂ်င္တီးနားမွာ ေနထိုင္ပါတယ္။ ပန္းၿခံထဲမွာေျပးလႊားျခင္းကို ျငင္းပယ္မည့္ေခြးမ်ိဳးဆိုတာမရွိေပမဲ့လည္း၊ Lazy ရဲ႕ ထိုအရာအေပၚ ထားရွိတဲ့စိတ္ဆႏၵျပင္းျပမႈကေတာ့ သူမရဲ႕ဘဝမွာ အၿမဲတေစ သိသိသာသာ ေလ်ာ့ပါးေနခဲ့ပါတယ္။ တကယ္ေတာ့ Bugallo ရဲ႕ အခ်စ္ေတာ္က ဘာမွမလုပ္ရတာကို ပိုႀကိဳက္ႏွစ္သက္ပါတယ္။ ” အိမ္မွာ ကြၽနေတာ္တို႔ သူ႔ကို ေကာ္ေဇာလို႔ေခၚတယ္၊ သူမက လဲေလ်ာင္းရင္း တစ္ေန႔တာကို ျဖတ္သန္းရတာ သေဘာက်တယ္ ” လို႔ Bugallo က The Dodo သို႔ေျပာၾကားခဲ့ပါတယ္။

ထို႔ေၾကာင့္ သခင္ျဖစ္သူ Bugallo က Lazy ေလး လဲေလ်ာင္းရတာကိုသိပ္သေဘာက်တာကို ေကာင္းေကာင္းသိေနတာေၾကာင့္ သူမအား ေနရာေျပာင္းေ႐ႊ႕ေပးဖို႔ ေျပာမေနဘဲ Bugallo က Lazy ရဲ႕ ေျခေထာက္ေတြကိုမၿပီး သူမအနီးတစ္ဝိုက္က သစ္႐ြက္ေျခာက္ေတြကို ဂ႐ုတစိုက္ လွည္းေနခဲ့တာကို ဗီဒီယိုထဲမွာ ျမင္ေတြ႕ႏိုင္ပါတယ္။ ဒီဗီဒီယိုကိုၾကည့္ျခင္းအားျဖင့္ Bugallo ရဲ႕ေခြးေလးက ခႏၶာကိုယ္သက္ႂကြလႈပ္ရွားမႈမ်ားကို အမွန္တကယ္ႀကိဳက္ႏွစ္သက္ပုံမေပၚပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ ဒါက သူမ အႀကိဳက္ဆုံး အေျခအေနမို႔လို႔ပါဘဲ။ ဒါ့ျပင္ ” သူမက လဲေလ်ာင္းခ်င္ၿပီဆိုရင္ တစ္ေနကုန္ အစာမစားတမ္းလည္း လဲေလ်ာင္းေနႏိုင္ပါတယ္ ” လို႔ Bugallo က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ အကူအညီမရေပမဲ့ Lazy လို အိမ္ေမြးတိရိစာၦန္ေလးတစ္ေကာင္ရွိေနျခင္းကလည္း Bugallo တို႔မိသားစုကို စိတ္ေပ်ာ္႐ႊင္ေစမွာ ေသခ်ာပါတယ္ေလ။

Mia (Mckzone daily)

Reference : thedodo

Unicode

အသက် 10 နှစ်အရွယ် Lazy အမည်ရှိ golden retriever ခွေးမလေးတစ်ကောင်ဟာ ၎င်းပိုင်ရှင်ဖြစ်တဲ့ Lucho Bugallo အမည်ရှိအမျိုးသားနှင့်အတူ အာဂျင်တီးနားမှာ နေထိုင်ပါတယ်။ ပန်းခြံထဲမှာပြေးလွှားခြင်းကို ငြင်းပယ်မည့်ခွေးမျိုးဆိုတာမရှိပေမဲ့လည်း၊ Lazy ရဲ့ ထိုအရာအပေါ် ထားရှိတဲ့စိတ်ဆန္ဒပြင်းပြမှုကတော့ သူမရဲ့ဘဝမှာ အမြဲတစေ သိသိသာသာ လျော့ပါးနေခဲ့ပါတယ်။ တကယ်တော့ Bugallo ရဲ့ အချစ်တော်က ဘာမှမလုပ်ရတာကို ပိုကြိုက်နှစ်သက်ပါတယ်။ ” အိမ်မှာ ကျွနတော်တို့ သူ့ကို ကော်ဇောလို့ခေါ်တယ်၊ သူမက လဲလျောင်းရင်း တစ်နေ့တာကို ဖြတ်သန်းရတာ သဘောကျတယ် ” လို့ Bugallo က The Dodo သို့ပြောကြားခဲ့ပါတယ်။

ထို့ကြောင့် သခင်ဖြစ်သူ Bugallo က Lazy လေး လဲလျောင်းရတာကိုသိပ်သဘောကျတာကို ကောင်းကောင်းသိနေတာကြောင့် သူမအား နေရာပြောင်းရွှေ့ပေးဖို့ ပြောမနေဘဲ Bugallo က Lazy ရဲ့ ခြေထောက်တွေကိုမပြီး သူမအနီးတစ်ဝိုက်က သစ်ရွက်ခြောက်တွေကို ဂရုတစိုက် လှည်းနေခဲ့တာကို ဗီဒီယိုထဲမှာ မြင်တွေ့နိုင်ပါတယ်။ ဒီဗီဒီယိုကိုကြည့်ခြင်းအားဖြင့် Bugallo ရဲ့ခွေးလေးက ခန္ဓာကိုယ်သက်ကြွလှုပ်ရှားမှုများကို အမှန်တကယ်ကြိုက်နှစ်သက်ပုံမပေါ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ဒါက သူမ အကြိုက်ဆုံး အခြေအနေမို့လို့ပါဘဲ။ ဒါ့ပြင် ” သူမက လဲလျောင်းချင်ပြီဆိုရင် တစ်နေကုန် အစာမစားတမ်းလည်း လဲလျောင်းနေနိုင်ပါတယ် ” လို့ Bugallo က ထပ်လောင်းပြောကြားခဲ့ပါတယ်။ အကူအညီမရပေမဲ့ Lazy လို အိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင်ရှိနေခြင်းကလည်း Bugallo တို့မိသားစုကို စိတ်ပျော်ရွှင်စေမှာ သေချာပါတယ်လေ။

Mia (Mckzone daily)

Be the first to comment on "သခင္ျဖစ္သူက သူ႔ရဲ႕အနီးနားတစ္ဝိုက္မွာ တံျမက္စည္းလဲေနလည္း ပ်င္းလြန္းလို႔ ထၿပီးေတာင္ေနရာမေ႐ြ႕ႏိုင္ျဖစ္ေနခဲ့တဲ့ ေခြးေလး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*