အမျိုးသမီးအများစုက မိခင်ဖြစ်လာပြီးနောက် အရေပြားတွန့်ခြင်းနှင့်အတူ အိုမင်းရင့်ရော်ခြင်းရှိကြပေမဲ့လည်း၊ အသက် ၄၀ သို့မဟုတ် ၅၀ မှာတောင် နုပျိုနေတဲ့ အမှန်တကယ် ကံကောင်းသူအချို့လည်း ရှိနေပါသေးတယ်။ US ရှိ ကယ်လီဖိုးနီးယားပြည်နယ်မှ အသက် 44 နှစ်အရွယ် Joleen Diaz အမည်ရှိကြင်ဖော်မဲ့မိခင်တစ်ဦးနှင့် အသက် 21 နှစ်အရွယ် Meilani Parks အမည်ရှိသူမရဲ့သမီးဖြစ်သူတို့နှစ်ဦးမှာ မိခင်က ဘယ်တစ်ယောက်ဆိုတာကို အင်တာနက်အသုံးပြုသူများကြား တွေးတောစရာတွေဖြစ်စေခဲ့ပြီး မကြာသေးမီကတောင် သတင်းခေါင်းကြီးပိုင်းများမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ကြင်ဖော်မဲ့မိခင် Joleen ဟာ ယခင်က Guam ကျွန်းမှ အထက်တန်းကျောင်းဆရာမတစ်ဦးဖြစ်ပေမဲ့ Meilani အသက် 10 နှစ်မှာ ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး လွန်ခဲ့တဲ့ 14 နှစ်က အိမ်ထောင်ကွဲပြီးကတည်းက တစ်ကိုယ်တည်းဖြစ်နေခဲ့တာပါ။
.
.
.
သူမရဲ့ Instagram acc @joleendiaz မှာ သမီးဖြစ်သူနဲ့ ဓာတ်ပုံတွေ မကြာခဏ မျှဝေလေ့ရှိတဲ့ Diaz ဟာ သူမရဲ့ ငယ်ရွယ်နုပျိုတဲ့အသွင်အပြင်ကို သဘောကျတဲ့ Followers များဆီကနေ အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့လျှို့ဝှက်ချက်များကို အမြဲမေးမြန်းခံရလေ့ရှိပါတယ်။ Joleen နှင့် Meilani တို့ဟာ အသက် ၂၃ နှစ် ကွာဟနေပေမဲ့လည်း ၎င်းတို့နှစ်ဦး ဆက်ဆံရေးက သားအမိနှစ်ဦးချိန်းတွေ့ခြင်းကို နှစ်သက်ကြပြီး အမေနဲ့သမီးတို့ နှစ်ယောက်က ဈေးဝယ်ထွက်သလို ခရီးအတူတူထွက်တာတွေလုပ်တတ်တဲ့ အချစ်ဆုံးသူငယ်ချင်းတွေလိုပါဘဲ။ သို့ပေမဲ့ အခြားသမီးများစွာနှင့်မတူဘဲ ၎င်းတို့ကို ညီအစ်မတွေလို့ အထင်မှားပြီး အမှားလုပ်မိတဲ့အခါ စိတ်အနှောင့်အယှက်မဖြစ်ပါဘူးလို့လည်း Joleen က ဆိုခဲ့ပါတယ်။
.
.
.
Joleen က သူမအား မကြာခဏ ငယ်ရွယ်တဲ့အမျိုးသားများထံမှ ချိန်းတွေ့ရန်တောင်းဆိုခံရလေ့ရှိပေမဲ့ သူမက ရည်မှန်းချက်ကြီးပြီး စိတ်အားထက်သန်တဲ့ အမျိုးသား ၊ ယုံကြည်မှုရှိတဲ့သူတစ်ယောက်၊ အပြုသဘောဆောင်တဲ့အမြင်ရှိပြီး ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်တဲ့ အမျိုးသားတွေကိုဘဲ အာရုံစိုက်နေကြောင်းဆိုကာ “ ကျွန်မသဘောကျတဲ့ယောက်ျားတစ်ယောက်အနေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ငွေကြေးအရရော စိတ်ပိုင်းဆိုင်ရာရော တန်းတူရည်တူ ပံ့ပိုးကူညီနိုင်ရမှာဖြစ်ပြီး ခွေးတွေကိုလည်း ချစ်တတ်ရမယ်၊ ဒါ့ပြင် ကိုယ်ကာယလှုပ်ရှားရတာကိုလည်း ကြိုက်နှစ်သက်ရမယ် ” လို့ Joleen က သူမရဲ့ idea type ကိုပြောပြခဲ့ပါတယ်။ ” ကျွန်မ အမြဲတမ်း ကျန်းမာပြီး တက်ကြွတဲ့ဘဝနေထိုင်မှုပုံစံနဲ့ အမြဲနေထိုင်လာခဲ့တယ်၊
.
.
အရက်သောက်တာ ရှားပါတယ်၊ ကျွန်မက မျှတပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကိုဘဲ စားတယ်။ ကျွန်မ အသားအရေကိုလည်း အတော်လေး ဂရုစိုက်တတ်တယ်၊ ကယ်လီဖိုးနီးယားမှာနေထိုင်တာက သဘာဝအတိုင်း နေရောင်ကာကွယ်ဖို့က အဓိကကျပါတယ်၊ မိုးရွာတဲ့နေ့တွေမှာတောင် နေရောင်ကာခရင်မ်ကို နေ့တိုင်းသုံးဖြစ်တယ်၊ ဗီတာမင် C serum ကိုလည်း နေ့ရောညပါ သုံးပါတယ် ”လို့ Joleen က သူမရဲ့နုပျိုတဲ့ရုပ်ရည်အား ထိန်းသိမ်းတဲ့နည်းလမ်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တကယ်လည်း Joleen ဟာ ငယ်ရွယ်နုပျိုလွန်းတာကြောင့် ၎င်းတို့ရဲ့အမေနှင့်သမီးလေးနှစ်ဦးတို့ရဲ့ဓာတ်ပုံများက သင့်ကိုတောင် အမြင်ရှုပ်ထွေးသွားသေနိုင်ပါတယ်။
Mia (Mckzone daily)
Reference : news
Be the first to comment on "ငယ်ရွယ်နုပျိုလွန်းလို့ ၂၁ နှစ်အရွယ်သမီးနဲ့ အမြဲအထင်မှားခံနေရတဲ့ hot ဖြစ်လွန်းတဲ့ အသက် ၄၄ နှစ်အရွယ် မိခင်တစ်ဦး"