ဒဏ်ရာရပြီး မိဘမဲ့ဖြစ်နေတဲ့တောရိုင်းတိရိစ္ဆာန်များအား ပြုစုစောင့်ရှောက်ပေးရတာကို ကြိုက်နှစ်သက်တဲ့ ကြင်နာတတ်တဲ့ခွေးလေး

ကျွန်တော်တို့သိထားတဲ့အတိုင်း ခွေးလေးတွေက ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ ကူညီတတ်ကြပါတယ်။ ၎င်းတို့ဟာ အဖော်ပြုခြင်းအပြင် လိုအပ်နေတဲ့လူတွေကို ကူညီပေးကြပြီး တစ်ခါတစ်ရံမှာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့နေရာဖြစ်စေနိုင်သည့် ကြီးကျယ်တဲ့အလုပ်တွေကိုတောင် လုပ်ဆောင်တတ်ကြပါတယ်။ ခုလည်း အလိုအပ်ဆုံးသူတွေကို ပြုစုစောင့်ရှောက်ရတာကို နှစ်သက်တဲ့ German Shepherd အမျိုးအစားခွေးလေးတစ်ကောင်ရှိနေပါတယ်။ အဆိုပါ အသက် ၉ နှစ်အရွယ် Sarge လို့ခေါ်တဲ့ခွေးဟာ အသက်ငယ်စဉ်ခွေးကလေးအရွယ်တုန်းက ဖော်ရွေမှုမရှိသလို အနည်းငယ်လည်း ဒေါသကြီးပါတယ်။ ဒါပေမယ့် သူ့ရဲ့သခင်ဖြစ်သူ Cheryl Stephen က Buckwheat လို့ခေါ်တဲ့ သမင်လေးတစ်ကောင်ကို အိမ်ခေါ်လာခဲ့ပြီးတဲ့နောက်မှာ အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပါတယ်။

လမ်းလယ်မှာ လဲလျောင်းနေတဲ့ သမင်လေးကို Sarge ရဲ့သခင်မှရှာမတွေ့ခဲ့ရင်တော့ သမင်လေးက မိခင်မှထံစွန့်ပစ်ခံရတာကြောင့် အသက်ရှင်နိုင်မှာမဟုတ်ပါဘူး။ သမင်လေးရဲ့ မိခင် ဘာဖြစ်သွားလဲဆိုတာကိုတော့ မသိရသေးပေမဲ့လည်း Cheryl ရဲ့အကူအညီကြောင့် သမင်လေးဟာ ၎င်းရဲ့ကျန်းမာရေးကို ပြန်လည်ကောင်းမွန်လာစေရန် ဘေးကင်းသောနေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

” Sarge က တစ်ယောက်ယောက် သို့မဟုတ် ခွေးတစ်ကောင်ကောင်က Buckwheat ကို ထိတာနဲ့ ချက်ချင်း Buckwheat ကို အဝေးခေါ်သွားတတ်တယ်၊ သူက Buckwheat ရဲ့ ဂရုစိုက်မှု ကဏ္ဍတိုင်းမှာ ပါဝင်ချင်ခဲ့တယ်။ သူက Buckwheat ရဲ့အုပ်ထိန်းသူအဖြစ်လည်း တာဝန်ယူပေးခဲ့သေးတယ်၊ ပြီးကျ့ သမင်ကလေးအနားမှာ တခြားခွေးတွေကို အတူနေဖို့ ခွင့်မပြုပါဘူး။” ဟု Cheryl က Sarge လေး Buckwheat ကို ဘယ်လုပ်ဂရုစိုက်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

ထို့နောက် ၎င်းတို့ဟာ Buckwheat လေး ကျန်းမာလာတဲ့အခါမှာ ၎င်းကို တောထဲသို့ ပြန်လွှတ်ပေးခဲ့ကြပါတယ်။ ထိုအချိန်မှစပြီး Sarge ဟာ မိဘမဲ့ နှင့် ထိခိုက်ဒဏ်ရာရနေတဲ့ တောရိုင်းလေးများကို ပြုစုစောင့်ရှောက်ရန် တာဝန်ရှိစိတ်ရှိလာပြီး၊ ဘာပဲဖြစ်​ဖြစ်​ သူ့အလုပ်​လုပ်​ရတာ အမြဲ​ပျော်​ရွှင်​လာသလို သနားစရာ တိရိစ္ဆာန်​​တွေကိုလည်း အချစ်​​တွေ အများကြီး ​ပေးတတ်​လာပါတယ်​။

” ကျွန်တော် သမင်တစ်ကောင်ကိုချီရင်း အိမ်ထဲဝင်လာတိုင်း Sarge က စလှုပ်ရှားပြီး ကျွန်တော့်ကို စစ်ဆေးကြည့်ချင်ပြီး သမင်ကောင်တွေရဲ့အခြေအနေကို ဆုံးဖြတ်ဖို့ နှာခေါင်းနဲ့ အလောတကြီး ရှုရှိုက်နေတတ်ပါတယ် ” ဟုလည်း Cheryl က ဆိုခဲ့ပါတယ်။

ထို့ပြင် “ ဒီပုံတွေက ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာ တခြားသူတွေကို မြင်နိုင်အောင် ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။ သူတို့လေးမှာလည်း ကျွန်တော်တို့လူသားတွေလိုပဲ စိတ်ဝိညာဉ်တွေရှိကြတယ်၊ ခွေးတစ်ကောင်က သမင်ကို ချစ်တတ်ရင် လူတွေလည်း အဲ့လိုလုပ်နိုင်ပါတယ်။” ဟု Cheryl က ဆိုခဲ့ပြီး Sarge နဲ့ Buckwheat တို့ရဲ့တခဏတာအတူခဲ့တဲ့ဓာတ်ပုံများကိုပါ မျှဝေပေးခဲ့ပါတယ်။

Sarge ဟာ အံ့သြစရာကောင်းတဲ့ ခွေးတစ်ကောင်ဖြစ်လို့ သူ့မိသားစုက သူ့ကို အရမ်းဂုဏ်ယူနေပါတယ်။ သင် လည်း Sarge လေးကို သဘောကျပြီး ၊ ဒဏ်ရာရနေပြီး မိဘမဲ့ဖြစ်တဲ့တောရိုင်းတိရိစ္ဆာန်တွေကို ကူညီပေးတတ်တဲ့ Sarge လေးရဲ့နေ့စဉ်ဘဝအကြောင်းကို သိရှိနိုင်ဖို့အတွက် Instagram မှာ buckys_porch ဆိုတဲ့ acc ကို Follow လုပ်ထားနိုင်ပါတယ်။

Mia (Mckzone daily)

Reference : aubtu

Be the first to comment on "ဒဏ်ရာရပြီး မိဘမဲ့ဖြစ်နေတဲ့တောရိုင်းတိရိစ္ဆာန်များအား ပြုစုစောင့်ရှောက်ပေးရတာကို ကြိုက်နှစ်သက်တဲ့ ကြင်နာတတ်တဲ့ခွေးလေး"

Leave a comment

Your email address will not be published.


*