ကိုယ်အင်္ဂါအချို့မလှုပ်ရှားနိုင်တဲ့ အတန်းဖော်သူငယ်ချင်းအား အချိန်ပြည့်ပြုစုပေးနေတဲ့ ရွှေနှလုံးသားပိုင်ရှင် ကောင်လေးနှစ်ဦးတို့ရဲ့ပုံရိပ်

ဖိလစ်ပိုင်နိုင်ငံ Mouaque Resettlement မူလတန်းကျောင်းရှိ Yuan နဲ့ Karl အမည်ရှိမူလတန်းကျောင်းသားလေးနှစ်ဦးဟာ မမွေးမီ သို့မဟုတ် မွေးဖွားစဉ်က ဦးနှောက်ချွတ်ယွင်းသွားခဲ့တာကြောင့် ကိုယ်အင်္ဂါအချို့မလှုပ်ရှားနိုင်တဲ့ရောဂါခံစားနေရတဲ့ Hans အမည်ရှိ ၎င်းတို့ရဲ့အတန်းဖော်သူငယ်ချင်းအား ကျောင်းအပြည့်ကျွေးမွေးပြုစုရန် ရွှေနှလုံးသားရှိတဲ့ ကောင်လေးများဖြစ်ကြောင်း သေချာပေါက် သက်သေပြခဲ့ကြပါတယ်။ ပျံ့နှံ့သွားခဲ့တဲ့ Facebook ဗီဒီယိုထဲမှာ ကိုယ်အင်္ဂါအချို့မလှုပ်ရှားနိုင်တဲ့ အတန်းဖော် Hans အတွက် Karl က ပန်ကာကို ချိန်ညှိပေးရန် အောက်ငုံ့ကြည့်နေစဉ် Yuan ကတော့ Hans ကို ချစ်ပ်များ ခွံကျွေးနေခဲ့ပါတယ်။

ထိုကောင်လေး သုံးဦးတို့ဟာ ငယ်ပေါင်း အတန်းဖော်များဖြစ်ကြပြီး Christine Lopez အမည်ရှိဆရာမက စာသင်ကြားပေးနေတဲ့ကျောင်းသားများလည်း ဖြစ်ပါတယ်။

“ Yuan နဲ့ Karl နှစ်ယောက်လုံးကို Hans ရဲ့ အတန်းစတက်တဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဇွန်လ 3 ရက်နေ့ကတည်းက Hans ရဲ့ စားသောက်ရေး နှင့်စာရေးဖို့အတွက် သူ့ကိုကူညီပေးဖို့ ကျွန်မ သူတို့ကိုပြောကြားခဲ့တာပါ။

Yuan နဲ့ Karl က အမှန်တကယ် Hans ကို ကျောင်းချိန်အတွင်း အချိန်ပြည့်စောင့်ရှောက်ပေးဖို့ အစပြုခဲ့တာကို တွေ့လိုက်တော့ ကျွန်မ အတော်လေး အံ့အားသင့်သွားခဲ့တယ် ” လို့ ဆရာမ Lopez က ပြောကြားခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ သူ့ရဲ့ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်နေတဲ့ Hans အား Yuan က သူခွံကျွေးတော့မယ့် ချစ်ပ်ပြားအတွက် Hans ကိုတောင် ပါးစပ်ဟခိုင်းနေတာကိုတွေ့မြင်ခဲ့းပြီး ထိုအချိန်မှာ Karl ကတော့ သူငယ်ချင်း Hans သက်တောင့်သက်သာရှိနေစေဖို့အတွက် ကြမ်းပြင်ပေါ်က ပန်ကာကိုချိန်ညှိရင်း အလုပ်များနေခဲ့ပါတယ်။

ထိုကောင်လေးနှစ်ယောက်က အသက်ငယ်ပေမယ့်လည်း ၎င်းတို့ရဲ့အကူအညီကို အထူးလိုအပ်နေတဲ့ မသန်စွမ်းအတန်းဖော်ကို အပြည့်အဝကူညီပေးဖို့ စိတ်အားထက်သန်နေခဲ့ကြပါတယ်။

ဒီကောင်လေးသုံးယောက်ဟာ နောင်နှစ်ပေါင်းများစွာအထိ ၎င်းတို့ကြားက ဆက်ဆံရေးလည်း ထာဝရတည်မြဲသွားဖို့ မျှော်လင့်မိပါတယ်ဗျာ။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "ကိုယ်အင်္ဂါအချို့မလှုပ်ရှားနိုင်တဲ့ အတန်းဖော်သူငယ်ချင်းအား အချိန်ပြည့်ပြုစုပေးနေတဲ့ ရွှေနှလုံးသားပိုင်ရှင် ကောင်လေးနှစ်ဦးတို့ရဲ့ပုံရိပ်"

Leave a comment

Your email address will not be published.


*