မိဘများထံမှ ပညာသင်စရိတ်မတောင်းဘဲ ကိုယ်တိုင်လုပ်ချည်ဆိုးဆေးအထည်ပစ္စည်းများရောင်းချခြင်းဖြင့် ကောလိပ်ပြီးအောင်တက်နိုင်ခဲ့တဲ့ ကျောင်းသူ

ဖိလစ်ပိုင်နိုင်ငံ Cabuyao မြို့ရှိ Pamantasanng Cabuyao တက္ကသိုလ်မှာ အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာသိပ္ပံဘွဲ့ကို ပြီးမြောက်ခဲ့သူ Anne Desiderata အမည်ရှိဘွဲ့လွန်ကျောင်းသူတစ်ဦး ဟာ သူမရဲ့ပညာရေးလမ်းစဉ်မှာ ဆင်းရဲမွဲတေမှုမရှိအောင် ဇွဲမလျှော့ဘဲကြိုးစားခဲ့တဲ့ သူမရဲ့စိတ်အားထက်သန်မှုအကြောင်းကို ပြန်မျှဝေခဲ့ပါတယ်။ Anne ဟာ သူမရဲ့ကောလိပ်ကျောင်းပြီးအောင် သူမကိုယ်တိုင်ကြိုးစားရုန်းကန်ခဲ့ရပါတယ်။ ဆင်းရဲတဲ့သူမရဲ့မိဘများက ငွေရေးကြေးရေးခက်ခဲတာကြောင့် ဝင်ငွေရရန် ထူးဆန်းတဲ့ အလုပ်များကိုလုပ်ကိုင်ခဲ့ကြပါတယ်။ Anne ဟာလည်း သူမ ကျောင်းတက်နေစဉ် ရှင်သန်နိုင်ရန်အတွက် အဝတ်လျှော်ပေးခြင်း၊ ပုံတူပန်းချီဆရာအဖြစ် နှင့် ကျောင်းသားလက်ထောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

သူမဟာ သိပ္ပံနည်းကျဂဏန်းပေါင်းစက်အသစ်တစ်လုံးဝယ်နိုင်ရန်အတွက်တောင် အွန်လိုင်းပေါ်မှာပစ္စည်းများကိုရောင်းချခဲ့ရပါတယ်။ နောက်ဆုံးတော့ သူမ ဟာ “Dapit-Hapon” အမည်ရှိ သူမကိုယ်ပိုင်ဆိုင်ကိုဖွင့်လှစ်ခဲ့ပါတယ်။ ထို့ပြင် Anne ဟာ သူမဆိုင်မှာ ဆေးရောင်ခြယ်ထားတဲ့လက်လုပ် ရှပ်အင်္ကျီများနှင့် အိတ်များကဲ့သို့သောပစ္စည်းများကို ရောင်းချခဲ့ပါတယ်။

သူမရဲ့ပစ္စည်းများအားလုံးကို ” ၁၀၀ ရာခိုင်နှုန်းချစ်ခြင်းမေတ္တာအပြည့်ဖြင့်ပြုလုပ်ထားတဲ့ လက်လုပ်အထည်ပစ္စည်းများ” လို့လည်း သူမက အမြဲဂုဏ်ယူနေခဲ့ပါတယ်။ သူမမျှဝေထားတဲ့ဓာတ်ပုံတွေထဲမှ အလုပ်ကြိုးစားတဲ့ ကျောင်းသူလေးဟာ သူမရဲ့ ချည်ဆိုးထားတဲ့အထည်ပစ္စည်းတွေရောင်းဖို့ လမ်းတွေပေါ်မှာထိုင်နေတာကို သင် မြင်တွေ့ရမှာပါ။

သူမရဲ့ချည်ဆိုးဆေးလုပ်ငန်းကြောင့် သူမမိဘများထံမှ ဘယ်တုန်းကမှ ပိုက်ဆံမတောင်းခဲ့ဖူးကြောင်း နှင့် သူမရဲ့မိသားစုလိုအပ်ချက်များကို သူမရဲ့လုပ်ငန်းဝင်ငွေကနေ ကူညီပေးနိုင်တဲ့အတွက်လည်း ဂုဏ်ယူမိတယ်လို့ Anne က ဆိုပါတယ်။

“ ကောလိပ်ကျောင်းပြီးအောင်တတ်နိုင်တာက ကျွန်မအတွက် အခွင့်ထူးတစ်ခုပါ၊ ပြီးတော့ အပြင်က ကလေးတွေကို အကြံဉာဏ်လေးတစ်ခု ပေးချင်ပါတယ်၊ မင်းရဲ့လေ့လာမှုကို အလဟသမဖြစ်စေပါနဲ့ (အထူးသဖြင့် မင်းရဲ့ဘဏ္ဍာရေးလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ တစ်စုံတစ်ယောက်က စတေးခဲ့မယ်ဆိုရင်ပေါ့) ၊ ကောင်းမွန်တဲ့ အတွေ့အကြုံတွေကိုစုဆောင်းပြီး အဲဒါတွေကနေသင်ယူပါ ” လို့ Anne က သူမရဲ့ caption မှာ ရေးသားခဲ့ပါတယ်။

“ တစ်ခုခုကို ကြိုးစားကြည့်ဖို့လည်း မကြောက်ပါနဲ့၊ မင်းရဲ့အမှားတွေကို သင်ခန်းစာယူပြီး ထူးချွန်အောင်ကြိုးစားပါ၊ စကြဝဠာကြီးတစ်ခုလုံးစုစည်းလိုက်ရင် အဲဒီမှာ မင်းကိုတွေ့ပါလိမ့်မယ် ” လို့ သူမက ထပ်မံပြောထားခဲ့ပါတယ်။

Anne ရဲ့ဇာတ်လမ်းမှာ ဆင်းရဲမွဲတေမှုက အတားအဆီးတစ်ခုမဖြစ်သင့်ဘဲ အောင်မြင်မှုဆီသို့ တွန်းအားပေးမှုတစ်ခုသာဖြစ်ကြောင်းပြသထားပါတယ်။

Mia (Mckzone daily)

Reference : businessnews

Be the first to comment on "မိဘများထံမှ ပညာသင်စရိတ်မတောင်းဘဲ ကိုယ်တိုင်လုပ်ချည်ဆိုးဆေးအထည်ပစ္စည်းများရောင်းချခြင်းဖြင့် ကောလိပ်ပြီးအောင်တက်နိုင်ခဲ့တဲ့ ကျောင်းသူ"

Leave a comment

Your email address will not be published.


*