တူလေးအတွက် ထူးခြားတဲ့အထူးမွေးနေ့လက်ဆောင်အဖြစ် ဝင်စီးလို့ရတဲ့အနေတော်အဝေးထိန်းကားတစ်စီးကိုဝယ်ပေးခဲ့တဲ့ ဦးလေး




Mia (Mckzone daily)

Reference : siakapkeli

Unicode

တူ သို့မဟုတ် တူမတစ်ဦးရှိခြင်းဟာ တစ်ကမ္ဘာလုံးရှိဦးဦးနှင့် ဒေါ်ဒေါ်တိုင်းအတွက် အလွန်ကောင်းတဲ့ကောင်းချီးတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ဟာ ၎င်းတို့၏ချစ်စဖွယ်ကောင်းသောမိသားစုဝင်လေးတွေကို တတ်နိုင်သမျှ အကောင်းဆုံး ဆက်ဆံပေးလေ့ရှိတာကြောင့်ဘဲဖြစ်ပါတယ်။ ၎င်းတို့ဟာ ၎င်းတို့ရဲ့တူ၊တူမလေးတွေကို ပစ္စည်းအများအပြားဝယ်ပေးပြီး ပျော်စရာကောင်းသည့်အရာများစွာဖြင့် ဆက်ဆံပေးကြလိမ့်မည်မှာ အသေအချာပါဘဲ။ တကယ်တော့ ၎င်းလို ပြုလုပ်ခြင်းကလည်း ၎င်းတို့ကြားက သံယောဇဉ်နှောင်ကြိုးကိုချိတ်ဆက်ရဖို့ အရမ်းလွယ်ကူစေပါတယ်။ ဒီဗီဒီယိုထဲက ဒီဦးလေးနဲ့ဒီတူဝရီးနှစ်ယောက်တို့လိုပေါ့ဗျာ။

TikTok app တွင် တင်ထားခဲ့တဲ့ဗီဒီယိုတစ်ခုဟာ မကြာသေးမီက ပျံ့နှံ့သွားခဲ့ပြီး ဦးလေးတစ်ဦးဟာ ၎င်း၏ချစ်လှစွာသောတူဖြစ်သူ၏မွေးနေ့အခါသမယမှာ အလွန်ထူးခြားတဲ့လက်ဆောင်တစ်ခုကို ဝယ်ယူမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ တကယ်လည်း တူလေးရဲ့မွေးနေ့မှာတွေ့လိုက်ရတဲ့ ဦးလေးဝယ်ပေးတဲ့ထူးခြားတဲ့လက်ဆောင်ကတော့ အပြာရောင်တောက်တောက်ဖြင့်မှုတ်ထားတဲ့အဝေးထိန်းကားတစ်စီးဘဲ ဖြစ်ပါတယ်။

တင်ထားတဲ့ဗီဒီယိုမှာ တွေ့မြင်နိုင်သည့်အတိုင်း၊ ၎င်းအဝေးထိန်းကိရိယာကားရဲ့အရွယ်အစားဟာ မည်သည့်ကလေးမဆိုဝင်ရောက်ရန်သေချာပေါက် ပြီးပြည့်စုံအ၊အဆင်ပြေပါတယ်။ တကယ်လည်း ယနေ့ခေတ် ကလေးကစားစရာများထုတ်လုပ်ရာတွင် နည်းပညာများ တီထွင်ဆန်းသစ်မှုများ ရှင်းလင်းစွာ တိုးတက်မြင့်မားလာတာကတော့ အမှန်ပါဘဲ။ အဆိုပါ TikToker မှ တင်ထားခဲ့တဲ့နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ ၎င်းရဲ့တူဖြစ်သူက သူဝယ်ထားတဲ့လက်ဆောင်နှင့် စိတ်လှုပ်ရှားပြီး ပျော်ပျော်ကြီးဆော့ကစားနေတာကိုပြသထားပါတယ်။

Mia (Mckzone daily)

Be the first to comment on "တူလေးအတွက် ထူးခြားတဲ့အထူးမွေးနေ့လက်ဆောင်အဖြစ် ဝင်စီးလို့ရတဲ့အနေတော်အဝေးထိန်းကားတစ်စီးကိုဝယ်ပေးခဲ့တဲ့ ဦးလေး"

Leave a comment

Your email address will not be published.


*