ငယ္စဥ္အခ်ိန္ကသားသမီးေတြကို စြန္႔ပစ္သြားတဲ့ ဖခင္ျဖစ္သူရဲ႕႐ုပ္အေလာင္းကို အေခါင္းထဲကေနဆြဲထုတ္ပစ္ ဝိုင္းဖြဲ႔႐ိုက္ႏွက္ခဲ့ၾကတဲ့ သားသမီးေတြရဲ႕ (႐ုပ္သံ)

ဒီတစ္ေခါက္အျဖစ္အပ်က္ကေတာ့ တ႐ုတ္ႏိုင္ငံမွာ႐ွိတဲ့ အဘိုးအိုတစ္ေယာက္ဟာ အခ်ိန္အေတာ္ၾကာ နာမက်န္းျဖစ္ခဲ့ၿပီးေနာက္ ေသဆံုးသြားခဲ့ရပါတယ္ ။ လူတိုင္းကေတာ့ တစ္ေန႔ေန႔တခ်ိန္ခ်ိန္မွာ ေသျခင္းတရားနဲ႔ ၾကံဳေတြ႔ရမွာပါပဲေလ ။ သို႔ေပမဲ့ ဒီတစ္ေခါက္ေဖာ္ျပမဲ့ လူတိုင္ၾကံဳေတြ႔ရတဲ့ ေသျခင္းတရားရဲ႕အျဖစ္ကေတာ့ လူအမ်ားကိုအေတာ္ေလးအံ့ၾသထိတ္လန္႔ေစခဲ့မွာပါ ။ ျဖစ္စဥ္ကေတာ့ အဆိုပါအဘိုးအိုရဲ႕ အသုဘပြဲသို႔ လူႀကီး ၊ လူလတ္ ၊ လူငယ္ေတြအကုန္ တက္ေရာက္လာခဲ့ပါတယ္ ။ ကိုယ့္ရဲ႕မိဘေတြ ေသဆံုးသြားခဲ့မယ္ဆိုရင္ လူတိုင္း ဝမ္းနည္းမိၾကမွာပါပဲ ။ သို႔ေပမဲ့လည္း အဘိုးအိုဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း40 ခန္႔က အျခားေသာမိန္းကေလးတစ္ေယာက္အတြက္နဲ႔ သူ၏ဇနီးႏွင့္ သားသမီးေတြကို စြန္႔ပစ္ခဲ့ၿပီး ၊ အဆိုပါ ရြာထဲမွာပဲ အျခားမိန္းကေလးတစ္ေယာက္နဲ႔ အတူေနထိုင္ခဲ့တာပါ ။

အခ်ိန္အေတာ္ၾကာ ေနာက္မယားငယ္ႏွင့္ အတူေနထိုင္ခဲ့ၿပီးေနာက္ တစ္ရက္မွာေတာ့ နာမက်န္းျဖစ္ၿပီးေသဆံုးသြားခဲ့ရတာပါ ။ အသုဘပြဲဆိုတာကလည္း ဘယ္လိုပဲျဖစ္ျဖစ္ ပြဲတစ္ခုျဖစ္ေနတဲ့အတြက္ အကုန္အက်မ်ားပါတယ္ ။ ထိုအခ်ိန္မွာ အဘိုးအိုရဲ႕ေနာက္မယားငယ္ဟာ အသုဘပြဲအတြက္ ကုန္က်စရိတ္မ်ားကို အရင္မယားႀကီး၏ သားသမီးမ်ားထံသို႔ေပးပို႔ၿပီး ေငြ႐ွင္းေစခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ ဖခင္ကိုနာၾကည္းမုန္တီးေနခဲ့ၾကတဲ့ သားသမီးေတြရဲ႕စိတ္ဒဏ္ရာကို ဆားနဲ႔သြားပက္သလိုျဖစ္ခဲ့ပါေတာ့တယ္ ။

အလြန္နာၾကည္းေဒါသထြက္ခဲ့ၾကတဲ့ သားသမီးေတြက အသုဘသို႔ေရာက္႐ွိလာခဲ့ၾကၿပီး ဖခင္ရဲ႕႐ုပ္အေလာင္းကို အေခါင္းထဲကေနဆြဲထုတ္ကာ ေျမျပင္ေပၚသို႔ပစ္ခ်ၿပီး အားရပါးရ ႐ိုက္ႏွက္ပစ္ခဲ့ပါတယ္ ။ မိန္းမတစ္ေယာက္အတြက္နဲ႔ မယားနဲ႔သားသမီးေတြအကုန္စြန္႔ပစ္ထားခဲ့ၿပီး တစ္ရြာထဲ အတူေနခဲ့တဲ့ဖခင္ကို သားသမီးေတြက ” နင္အသက္႐ွင္တုန္းက ငါ့တို႔ရဲ႕ဘဝကို ငရဲက်သလိုလုပ္ခဲ့ၿပီးမွ နင္ေသသြားတဲ့အခ်ိန္က်ရင္ ငါတို႔က ကူညီေပးရမယ္ဆိုၿပီး ထင္ေနခဲ့တာလား ” ဆိုၿပီး ေအာ္ဟစ္ဆဲဆိုခဲ့ပါေသးတယ္ ။ ဆဲဆို႐ိုက္ႏွက္ပစ္ခဲ့ၿပီးေနာက္ ဖခင္ရဲ႕႐ုပ္အေလာင္းကို အဆိုပါေနရင္သာထားခဲ့ၾကၿပီး မည္သည့္အကူအညီမ်ိဳးမွ သားသမီးေတြက မေပးခဲ့ၾကပါဘူး ။ အဆိုပါကိစၥရပ္မ်ားကိုေတာ့ ရဲအရာ႐ွိမ်ားကဆက္လက္ၿပီး စစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီတစ်ခေါက်အဖြစ်အပျက်ကတော့ တရုတ်နိုင်ငံမှာရှိတဲ့ အဘိုးအိုတစ်ယောက်ဟာ အချိန်အတော်ကြာ နာမကျန်းဖြစ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ရပါတယ် ။ လူတိုင်းကတော့ တစ်နေ့နေ့တချိန်ချိန်မှာ သေခြင်းတရားနဲ့ ကြုံတွေ့ရမှာပါပဲလေ ။ သို့ပေမဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့ လူတိုင်ကြုံတွေ့ရတဲ့ သေခြင်းတရားရဲ့အဖြစ်ကတော့ လူအများကိုအတော်လေးအံ့သြထိတ်လန့်စေခဲ့မှာပါ ။ ဖြစ်စဉ်ကတော့ အဆိုပါအဘိုးအိုရဲ့ အသုဘပွဲသို့ လူကြီး ၊ လူလတ် ၊ လူငယ်တွေအကုန် တက်ရောက်လာခဲ့ပါတယ် ။ ကိုယ့်ရဲ့မိဘတွေ သေဆုံးသွားခဲ့မယ်ဆိုရင် လူတိုင်း ဝမ်းနည်းမိကြမှာပါပဲ ။ သို့ပေမဲ့လည်း အဘိုးအိုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း40 ခန့်က အခြားသောမိန်းကလေးတစ်ယောက်အတွက်နဲ့ သူ၏ဇနီးနှင့် သားသမီးတွေကို စွန့်ပစ်ခဲ့ပြီး ၊ အဆိုပါ ရွာထဲမှာပဲ အခြားမိန်းကလေးတစ်ယောက်နဲ့ အတူနေထိုင်ခဲ့တာပါ ။

အချိန်အတော်ကြာ နောက်မယားငယ်နှင့် အတူနေထိုင်ခဲ့ပြီးနောက် တစ်ရက်မှာတော့ နာမကျန်းဖြစ်ပြီးသေဆုံးသွားခဲ့ရတာပါ ။ အသုဘပွဲဆိုတာကလည်း ဘယ်လိုပဲဖြစ်ဖြစ် ပွဲတစ်ခုဖြစ်နေတဲ့အတွက် အကုန်အကျများပါတယ် ။ ထိုအချိန်မှာ အဘိုးအိုရဲ့နောက်မယားငယ်ဟာ အသုဘပွဲအတွက် ကုန်ကျစရိတ်များကို အရင်မယားကြီး၏ သားသမီးများထံသို့ပေးပို့ပြီး ငွေရှင်းစေခဲ့ပါတယ် ။ ထိုအချိန်မှာတော့ ဖခင်ကိုနာကြည်းမုန်တီးနေခဲ့ကြတဲ့ သားသမီးတွေရဲ့စိတ်ဒဏ်ရာကို ဆားနဲ့သွားပက်သလိုဖြစ်ခဲ့ပါတော့တယ် ။

အလွန်နာကြည်းဒေါသထွက်ခဲ့ကြတဲ့ သားသမီးတွေက အသုဘသို့ရောက်ရှိလာခဲ့ကြပြီး ဖခင်ရဲ့ရုပ်အလောင်းကို အခေါင်းထဲကနေဆွဲထုတ်ကာ မြေပြင်ပေါ်သို့ပစ်ချပြီး အားရပါးရ ရိုက်နှက်ပစ်ခဲ့ပါတယ် ။ မိန်းမတစ်ယောက်အတွက်နဲ့ မယားနဲ့သားသမီးတွေအကုန်စွန့်ပစ်ထားခဲ့ပြီး တစ်ရွာထဲ အတူနေခဲ့တဲ့ဖခင်ကို သားသမီးတွေက ” နင်အသက်ရှင်တုန်းက ငါ့တို့ရဲ့ဘဝကို ငရဲကျသလိုလုပ်ခဲ့ပြီးမှ နင်သေသွားတဲ့အချိန်ကျရင် ငါတို့က ကူညီပေးရမယ်ဆိုပြီး ထင်နေခဲ့တာလား ” ဆိုပြီး အော်ဟစ်ဆဲဆိုခဲ့ပါသေးတယ် ။ ဆဲဆိုရိုက်နှက်ပစ်ခဲ့ပြီးနောက် ဖခင်ရဲ့ရုပ်အလောင်းကို အဆိုပါနေရင်သာထားခဲ့ကြပြီး မည်သည့်အကူအညီမျိုးမှ သားသမီးတွေက မပေးခဲ့ကြပါဘူး ။ အဆိုပါကိစ္စရပ်များကိုတော့ ရဲအရာရှိများကဆက်လက်ပြီး စစ်ဆေးမှုများပြုလုပ်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment