မကြာသေးမီက အမည်မသိအမျိုးသားတစ်ဦးဟာ လှေကားမရှိသလို သူ့အတွက် လက်လှမ်းမမီတဲ့ တိုက်ရဲ့အပြင်ဘက်ရှိတစ်နေရာမှာ ကျသွားတဲ့သူ့ရဲ့အင်္ကျီတစ်ထည်ကို ပြန်လည်ရယူရန်အတွက် ယုံကြည်စိတ်ချရတဲ့ကဏန်းတစ်ကောင်ကို အသုံးပြုခဲ့ပါတယ်။ တီထွင်ဖန်တီးမှုဆိုင်ရာ ဖြေရှင်းနည်းများကို အမြန်ရရှိခြင်းက လူအများစုတွေမှာရှိတဲ့ ကျွမ်းကျင်မှုတစ်ခုတော့မဟုတ်ပေမဲ့လည်း အခြေအနေက တောင်းဆိုလာတဲ့အခါ အဆိုပါအမျိုးသားရဲ့၎င်းနည်းလမ်းက များစွာအထောက်အကူပြုနေခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ ၎င်းရဲ့တီရှပ်အင်္ကျီတစ်ထည်က ပြတင်းပေါက်မှ သူ့တိုက်ခန်းအောက်ရှိ လသာဆောင်ပေါ်သို့ ပြုတ်ကျသွားတဲ့အခါမှာ ၎င်းကိုပြန်ကောက်ဖို့ အမြန်ဆုံး အဖြေတစ်ခုကိုရှာနိုင်ခဲ့ပါတယ်။ သူ့အင်္ကျီကို လက်နဲ့လှမ်းကောက်ဖို့က အတော်လေး ဝေးလွန်းနေတာကြောင့် အဆိုပါအမျိုးသားက ဉာဏ်အမြော်အမြင်အရှိဆုံးအရာကိုလုပ်ခဲ့ပြီး ၊
သက်ရှိကဏန်းတစ်ကောင်ကို အသုံးပြုခဲ့ပါတယ်။ ကဏန်းကို ကြိုးရှည်တစ်ချောင်းဖြင့် ချည်ပြီးနောက်၊ သူဟာ ကဏန်းကို လေထဲဆိုင်းငံ့ထားပြီး mission impossible စတိုင်ကဲ့သို့ သူ့တီရှပ်အင်္ကျီကိုကောက်ဖို့ အောက်သို့ ကြိုးတန်းပေးခဲ့ပါတယ်။
ထို့နောက် ၎င်း၏ခြေသည်းများနှင့်အတူ ကဏန်းဟာ အမှန်တကယ်ဘဲ အင်္ကျီကို ကိုင်ဆွဲကာ ထိုလူအတွက် ပြန်လည်ရယူပေးခဲ့ပါတယ်။ ဖြစ်စဉ်တစ်ခုလုံးက အလွန်လျင်မြန်ပုံရပြီး အင်တာနက်သုံးစွဲသူအချို့က ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်လောက်ဘူးလို့ထင်ကြေးပေးကာ အံ့ဩနေခဲ့ကြပါတယ်။
အင်တာနက်အသုံးပြုသူအချို့က အဆိုပါအမျိုးသားက ကဏန်းကိုကျေးဇူးတင်သင့်တာကြောင့် ၎င်းကို နောက်ပိုင်းမှာ ချက်ပြုတ်မည့်အစား အိမ်မွေးတိရိစ္ဆာန်အဖြစ် သိမ်းဆည်းထားသင့်တယ်ဟု အရွှန်းဖောက်ပြောဆိုခဲ့ပါတယ်။
ကဏန်းက ၎င်း၏အသုံးဝင်မှုကို သက်သေပြပြီးတဲ့နောက်မှာ ၎င်းကိုမွေးစားကလေးအဖြစ် သတ်မှတ်သင့်တယ် လူတစ်ဦးကလည်း ပြောကြားခဲ့ပါသေးတယ်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါဗီဒီယိုဟာ လူများစွာကို ဖျော်ဖြေပေးခဲ့ပြီး ၎င်းအဖြစ်အပျက်က တရုတ်နိုင်ငံရှိ ကွန်ဒိုမီနီယံတစ်ခုတွင် ဖြစ်ပွါးခဲ့တယ်လို့လည်း ယူဆရပါတယ်။
တကယ်တော့ အဆိုပါအမျိုးသားဟာ self -quarantine ဝင်နေရပြီး ၎င်းရဲ့နေအိမ်မှာ မထွက်နိုင်တာကြောင့် အရေးကြီးသောမစ်ရှင်အတွက် ကဏန်းကို တပ်ဖြန့်ချထားခဲ့ခြင်းဖြစ်ကြောင်းလည်း သိခဲ့ရပါတယ်။
အခုတော့ အဆိုပါအမျိုးသားရဲ့ကျေးဇူးကြောင့် ကျွန်တော်တို့ လှမ်းထားတဲ့အဝတ်တွေ လသာဆောင်ပေါ်မှ ပြုတ်ကျသွားရင်တော့ ဘာလုပ်ရမလဲဆိုတာကို ကောင်းကောင်း သိသွားပါပြီ။ ဒါပေမဲ့ အရေးပေါ်အခြေအနေအတွက် အိမ်မှာ ကဏန်း မွေးထားဖို့တော့ လိုတာပေါ့ဗျာ။
Mia (Mckzone daily)
Reference : therakyatpost
Be the first to comment on "တိုက်ခန်းရဲ့အပြင်ဘက်ရှိ လသာဆောင်ပေါ်သို့ပြုတ်ကျသွားတဲ့အဝတ်ကိုပြန်ကောက်ရဖို့အတွက် ဂဏန်းတစ်ကောင်ကို အသုံးပြုခဲ့တဲ့ ဥာဏ်ကြီးရှင်အမျိုးသား"