JRose (Mckzone daily)
Reference : ettoday
Unicode
တရုတ်နိုင်ငံမှ မိခင်တစ်ဦးဟာ အသက် ၂၃ နှစ်အရွယ် သမီးချောလေးတစ်ဦးရဲ့ အိပ်ခန်းအခြေအနေကို social media ပေါ် ထုတ်ဖော်ပြောကြားပြီးနောက် အွန်လိုင်းပေါ်က လူတွေရဲ့ ဆိုစရာဖြစ်စေခဲ့ပါတယ် ။ သူ့သမီးက သူမနဲ့ တစ်အိမ်တည်းနေပေမဲ့ သူမလက်မခံနိုင်ဆုံးအရာမှာ သမီးအခန်းရဲ့အခြေအနေက အမှိုက်ပုံးထက်ပိုဆိုးတာဟာ အမှန်ဘဲဖြစ်ပါတယ် ။ “ဒါပေမယ့်လည်း သမီးက အဲ့ဒီအခန်းထဲမှာ နေ့တိုင်းအိပ်နေတာပါ ။ အိမ်အပြင်ထွက်ထဲအခါကျတော့ အမြဲတမ်း သပ်သပ်ရပ်ရပ် ၀တ်စားတတ်တယ် ၊ သမီးမှာ ကောင်လေးတော်ရှိတယ်” ဆိုပြီး မိခင်ကဆိုပါတယ် ။
ဟုတ်ပါတယ်၊ ဒါက မိခင်ရဲ့ စိတ်ခံစားချက်ကို တခဏချင်း ပေါက်ကွဲစေခဲ့တာပါ ။ သမီးလေးရဲ့ အခန်း အခြေအနေကို ဒီလိုမြင်နေရလို့ သူ့သမီးကို နှစ်ပေါင်းများစွာ အချည်းနှီး ဆဲဆိုကြိမ်းမောင်းနေပေမယ့် မိခင်က ဘာပြန်ပြောရမှန်းမသိတော့တဲ့တိုင်အောင် ပိုဆိုးလာခဲ့တာပါ ။ နောက်ဆုံးတော့ သူ့သမီးရဲ့ အခန်းတံခါးကို မဖွင့်ရဲလောက်တဲ့အထိ ဖြစ်လာခဲ့ပါတယ် ။ သမီးလေးရဲ့အခန်းက အွန်လိုင်းစျေးဝယ်မှ အညစ်အကြေးများနဲ့ ပြည့်နေပြီး အလှကုန်ပစ္စည်းများစွာကို ကုတင်ဘေးမှာ အမှိုက်များ၊ တစ်ရှူးများ၊ အိတ်များ၊ အဝတ်အထည်များ ထားရှိနေတာကို ပုံမှာ တွေ့မြင်နိုင်ပါတယ် ။
ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းက အင်တာနက်သုံးသူတွေ အရမ်းတုန်လှုပ်သွားတယ်လို့ ပြောလို့ရပါတယ် ။ သူ့ရည်းစားက ဒီအခန်းထဲကို ဝင်ဖူးသလားလို့ တချို့က သိချင်နေကြပါတယ် ။ အချို့က အမျိုးသမီးငယ်ရဲ့ စိတ်ကျန်းမာရေးပြဿနာများရှိတာလားလို့ ထင်ပြီး စိတ်ရောဂါအထူးကုဆရာဝန်ထံ အမြန်ဆုံးပြသသင့်တယ်လို့ ဆိုကြပါတယ် ။
JRose (Mckzone daily)
Be the first to comment on "သည်းမခံနိုင်တော့တဲ့အထိ အရမ်းညစ်ပတ်နံ့စော်လွန်းတဲ့ အသက် ၂၃ နှစ်အရွယ် သမီးချောလေးတစ်ဦးကို အခန်းကို ထုတ်ဖော်လာခဲ့တဲ့ မိခင်"