ကြိုရွေးထားတဲ့ပွဲတက်ဝတ်စုံနဲ့ သူမက အရမ်းလှနေတာကြောင့် သတို့သမီးဖြစ်သူသူငယ်ချင်းက သူမကိုမင်္ဂလာပွဲတက်ဖို့မဖိတ်ခဲ့ကြောင်းပြောပြလာတဲ့ မိန်းကလေး

မကြာသေးမီက အမျိုးသမီးတစ်ဦးဟာ ပွဲအတွက် ကြိုပြင်ဆင်ထားခဲ့တဲ့သူမရဲ့ဝတ်စုံက သူမနဲ့အရမ်းလိုက်ဖက်ပြီးကြည့်ကောင်းနေတာကြောင့် သတို့သမီးဖြစ်တဲ့သူငယ်ချင်းဖြစ်သူက သူမအား မင်္ဂလာပွဲသို့ မဖိတ်ကြားခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။ Alena လို့အမည်ရတဲ့ အဆိုပါဖက်ရှင်မော်ဒယ်တစ်ဦးက သူမရဲ့သူငယ်ချင်းဖြစ်သူက သူမအတွက် ဝတ်ဖို့ဝတ်စုံကို ကိုယ်တိုင်ရွေးထုတ်ပေးခဲ့ပြီး သူမက ၎င်းဝတ်စုံနဲ့ အရမ်းကြည့်ကောင်းနေတာကြောင့် သတို့သမီးက သူမကို မင်္ဂလာပွဲမဖိတ်ခဲ့ကြောင်း ဆိုပါတယ်။ TikTok ဗီဒီယိုရှိ Alena (@alenayildiz) က ” သူမ ကိုယ်တိုင်ရွေးပေးလိုက်တဲ့ ဝတ်စုံနဲ့ကျွန်မက အရမ်းကြည့်ကောင်းလွန်းတယ်လို့ သူမထင်တဲ့အတွက် ကျွန်မနဲ့ close ဖြစ်တဲ့သူငယ်ချင်းက ကျွန်မကို မင်္ဂလာပွဲတက်ဖို့ မဖိတ်ခဲ့ပါဘူး ” လို့ ရေးသားခဲ့ပါတယ်။

.

မော်ဒယ်တစ်ဦးဖြစ်တာကြောင့် ၎င်းဗီဒီယိုဟာ လူပေါင်း 5.8 သန်းကျော် ကြည့်ရှုခဲ့ပြီး Like ပေါင်း 1.6 သန်း ကျော်ရှိလာခဲ့ပါတယ်။ ၎င်းပိုစ့်တစ်ခုအပေါ် အင်တာနက်သုံးစွဲသူများစွာက “ သူမက မင်းအပေါ် အခုလို ရိုင်းရိုင်းစိုင်းစိုင်းပြုမူလိုက်မဲ့အစား ဝတ်စုံနောက်တစ်စုံဘဲ ရွေးပေးလိုက်သင့်တယ် ” ၊ “ သူမသာ မင်းရဲ့သူငယ်ချင်းအစစ်အမှန်ဆိုရင် မင်းကို လှပနေစေတဲ့စိတ်လေးနဲ့ ပွဲထဲမှာ အလှဆုံးဖြစ်နေစေချင်လိမ့်မယ် ၊ အလကားနေ သူမရဲ့မင်္ဂလာပွဲမှာ မင်းကြောင့် အခု ထိတ်လန့်နေမှာမဟုတ်ဘူး ” ၊ “ အဲ့ဒီတုန်းက သူ ဘာလို့ မင်းအတွက် ဝတ်စုံ နောက်တစ်စုံမရွေးပေးလိုက်တာလဲ ” ဟူတဲ့မှတ်ချက်အမျိုးမျိုးဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။

.

ထို့နောက် Alena က ၎င်းတို့ရဲ့စကားတွေအတွက် လူတွေအားလုံးကို ကျေးဇူးတင်ကြောင်း” မင်းတို့အားလုံးက အရမ်းချစ်စရာကောင်းတယ်။ ငါတို့အချင်းချင်းရဲ့မင်္ဂလာဆောင်ပွဲကို အတူတူတက်ကြရအောင်။ ဒီလိုစိတ်မကောင်းစရာအဖြစ်မျိုးအပြီးမှာ ငါ့မျက်နှာကို ပြုံးသွားအောင် လုပ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။” လို့ ၎င်းပို့စ်အောက်မှာ မှတ်ချက်ရေးသားခဲ့ပါတယ်။

.

ထို့ပြင် အချို့ကတော့ ၎င်းတို့လည်း ထပ်တူအတွေ့အကြုံမျိုးကို ခံစားခဲ့ရတဲ့အကြောင်းကို မျှဝေခဲ့ကြရင်း လူတစ်ယောက်က “ အတူတူဘဲ ၊ငါ့တုန်းကဆို ငါ့က သူ့ထပ် ပိုတောက်ပနေလို့ ငါ့ရဲ့သူငယ်ချင်းက သူ့မင်္ဂလာပွဲကိုမလာစေချင်ခဲ့ဘူး ” ဟု မှတ်ချက်ပေးခဲ့ပါတယ်။

.

သူမကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အကြံဉာဏ်လေးပေးရင်း နောက်ထပ် TikToker တစ်ယောက်က “ ဟုတ်ပ့ မင်းက ဒီဝတ်စုံနဲ့ အတော်လှနေတာကို… ဒါပေမယ့် မင်းသူငယ်ချင်းကိုလည်းနားလည်ပါတယ်၊ ငါ့အနေနဲ့ ဆိုရင် တခြားဝတ်စုံကို ပြန်ရွေးဝတ်ပေးလိုက်မိမှာဘဲ ၊ ဘာလို့ဆို ဒါက သူမရဲ့အထူးနေ့ဆိုတော့လေနော် ” လို့ မှတ်ချက်ပေးခဲ့ပေမဲ့ Alena က သူမအအနေနဲ့ အရမ်းနောက်ကျသွားပြီလို့ ရှင်းပြပြီး ” ရှင်ပြောတာကို ကျွန်မနားလည်ပါတယ်၊ ဒါပေမယ့် သူမက မင်္ဂလာပွဲမစခင်မှာမှ ကျွန်မကို မဖိတ်မှန်းသိလိုက်တယ်၊ အဲ့တာကြောင့် နောက်တစ်စုံရွေးဖို့အချိန်မရှိလိုက်လို့ ကျွန်မအိမ်မှာဘဲ နေလိုက်ရတယ် ” လို့ ပြန်ဖြေကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : ladbible

Be the first to comment on "ကြိုရွေးထားတဲ့ပွဲတက်ဝတ်စုံနဲ့ သူမက အရမ်းလှနေတာကြောင့် သတို့သမီးဖြစ်သူသူငယ်ချင်းက သူမကိုမင်္ဂလာပွဲတက်ဖို့မဖိတ်ခဲ့ကြောင်းပြောပြလာတဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*