အတွင်းခံအနီရောင်ကို mask အဖြစ် တပ်ထားခဲ့တာကြောင့် လေယာဉ်ပေါ်မှ နှင်ထုတ်ခံလိုက်ရတဲ့ ခရီးသည်အမျိုးသားတစ်ဦး(ရုပ်သံ)



JRose (Mckzone daily)

Reference : mustsharenews

Unicode

United Airlines ပျံသန်းမှုမှာ အမေရိကန်အမျိုးသားတစ်ဦးက အတွင်းခံအနီရောင် ကို ၀တ်ဆင်ထားထားတာကြောင့် လေယာဥ်ပေါ်မှ ဆင်းခဲ့ရပါတယ် ။ ကပ်ရောဂါစတင်ကတည်းက ကျွန်ုပ်တို့ Mask ကို အမြဲတပ်ထားရမယ်ဆိုတာကို အားလုံးသိထားကြပါတယ် ။ ဒါပေမဲ့ အမေရိကန်မှ အမျိုးသားတစ်ဦးဟာ မကြာသေးမီက လေယာဉ်ပေါ်မှာ Mask အဖြစ် အတွင်းခံ အနီရောင်ကို ၀တ်ဆင်ထားပါတယ် ။ ဒါပေမဲ့ လေယာဉ်ပေါ်ရှိ ဘဏ္ဍာစိုးများက ဒေါသအငွေ့အသက်များ မပါရှိဘဲ လေယာဉ်ပေါ်မှ အဆိုပါအမျိုးသားကို နှင်ထုတ်ခဲ့ပါတယ် ။

ထို့နောက် သယ်ယူပို့ဆောင်ရေး လုံခြုံရေး ကွပ်ကဲမှု (TSA) နဲ့ လေဆိပ်လုံခြုံရေးတို့က ဖမ်းဆီးခဲ့ပါတယ် ။ NBC-2 ရဲ့ အစီရင်ခံစာအရ အတွင်းခံအနီရောင် တပ်ထားတဲ့ အမျိုးသားက Adam Jenne လို့ခေါ်ပြီး Fort Lauderdale လေဆိပ်မှ ဝါရှင်တန်ဒီစီသို့ ဦးတည်ပျံသန်းတဲ့ လေယာဉ်ပေါ်မှ စတင်ထွက်ခွာသွားကြောင်း သိရပါတယ် ။ အဖြစ်အပျက် ဗီဒီယိုဖိုင်ကိုလည်း Twitter ပေါ်မှာ မျှဝေခဲ့ပြီး Mr Jenne က သူ့ရဲ့ ‘Mask’ အတွက် လေကြောင်းလိုင်းဝန်ထမ်းများနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ပြသခဲ့ပါတယ် ။ ဗီဒီယိုရဲ့နောက်ဆုံးတစ်ဝက်မှာ အခြားခရီးသည်တစ်ဦးမှ Mr Jenne ကို လေယာဉ်ပေါ်မှချခြင်းခံရခြင်းရှိမရှိကို အခြားခရီးသည်တစ်ဦးက မေးမြန်းခဲ့သည်။

JRose (Mckzone daily)

Be the first to comment on "အတွင်းခံအနီရောင်ကို mask အဖြစ် တပ်ထားခဲ့တာကြောင့် လေယာဉ်ပေါ်မှ နှင်ထုတ်ခံလိုက်ရတဲ့ ခရီးသည်အမျိုးသားတစ်ဦး(ရုပ်သံ)"

Leave a comment

Your email address will not be published.


*