ဆေးရုံကိုချစ်သူ အလည်လာမယ်ဆိုတော့ ဘယ်လောက်ပဲဖျားနာနေပါစေ အလှမပျက်ခဲ့တဲ့မိန်းကလေး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဆေးရုံတက်ရပြီဆိုတော့ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေက အတော်လေးကိုဆိုးနေလို့ပါ ။ ဒါကြောင့် ဆေးရုံကို လူနာလာကြည့်ကြမယ့် ဧည့်သည်တွေကလည်း လူနာက လှနေဖို့ဘယ်သူကမှ မမျှော်လင့်ထားပါဘူး ။ ဒီတစ်ခေါက်မှာတော့ ဗီယက်နမ်နိုင်ငံက Wangmei အမည်ရှိတဲ့ Influencer မိန်းကလေးတစ်ယောက်ဟာ သူမဆေးရုံတက်နေတုန်း ချစ်သူကောင်လေးက အလည်လာမယ်ဆိုတော့ ချက်ချင်းကို မိတ်ကပ်ထလိမ်းနေခဲ့တာပါ ။သူမဟာ ဖြူဖတ်ဖြူရော်နဲ့ အားမရှိတဲ့ပုံစံမျိုးကို သူမရဲ့ချစ်သူအားမပေးမြင်စေချင်လိုတဲ့အတွက် ဆေးရုံတက်နေရပေမဲ့လည်း မိတ်ကပ် အပြည့်လိမ်းခြယ်ကာ ၊ လက်သည်တွေကအစ အရောင်ဆိုးပြီး ၊ နားကပ်တွေပါ ဆင်မြန်းခဲ့ပါသေးတယ် ။

သူမရဲ့ မိတ်ကပ်နဲ့ဆေးရုံတက်နေတဲ့ ဓာတ်ပုံတွေကြောင့် လူအများက club သွားတက်မဲ့ မိတ်ကပ်ပုံစံမျိုးအထိ လိမ်းခြယ်ထားဖို့ မလိုအပ်ကြောင်း နှင့် သူမရဲ့ နားကပ်တပ်ထားတဲ့ ပုံစံတွေကြောင့်ပါ သူမဟာလူနာနဲ့ကို လုံးဝမတူတော့ကြောင်း မျိုးစုံဝေဖန်ခဲ့ပါတယ် ။

သို့ပေမဲ့လည်း အခြားသောသူများကတော့ ကိုယ့်ရဲ့အားနည်းပြီး ဖျော့တော့နေတဲ့ရုပ်ထက်ကို ယခုလိုပြင်ဆင်ခြယ်သထားတာ ပိုပြီးလှပနေလို့ ချစ်သူကောင်လေးကမလှဘူးလို့ထင်သွားမှာကို စိတ်ပူနေစရာမလိုတော့ကြောင်း အားပေးထောက်ခံပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment