အရမ်းအေးတာကြောင့် အတွင်းထဲမှာ အားကစားဘောင်းဘီဝတ်ထားတဲ့ သတို့သမီးကို မြင်ပြီးနောက် လူတော်တော်များများ ရယ်မောခဲ့ရတဲ့အဖြစ်



.

.

.

.

.

JRose (Mckzone daily)

Reference : bestie

Unicode

မင်္ဂလာပွဲကြီးမှာ တစ်ခါတစ်ရံ သတို့သမီးနဲ့ သတို့သား နှစ်ဦးစလုံး မမျှော်မှန်းထားတဲ့ ရယ်စရာကောင်းတဲ့ အခြေအနေများစွာ ရှိတတ်ပါတယ် ။ ဒါပေမယ် ဒီပွဲက လာလည်တဲ့ ဧည့်သည်တွေကို သဘောကျစေပြီး အမှတ်ရစရာတွေ အများကြီး ရှိစေပါတယ် ။ ယခုတခါမှာလည်း သတို့သမီးနဲ့ သတို့သားရဲ့ အခြေအနေကို ကြည့်ပြီး အားလုံးကို ရယ်စေခဲ့တဲ့ အခြေအနေကို TikTok မှာ တင်ထားခဲ့ပါတယ် ။ အရပ်အမောင်း ကွာခြားမှုကြောင့် သတို့သမီးက ဒေါက်မြင့်ဖိနပ်များ ဝတ်ဆင်ထားသော်လည်း ခင်ပွန်းဖြစ်သူရဲ့ ပခုံးလောက်သာရှိပါတယ် ။ သတို့သားက သတို့သမီးရဲ့အရပ်ကို မြင့်ဖို့ သတို့သမီးအတွက် ကုလားထိုင်ကို ရှာတွေ့ခဲ့ပါတယ် ။ ထိုအချိန်နဲ့တပြေးညီလုပ်ဆောင်ခြင်းသည် သတို့သားကို ဇနီးရဲ့ဆွေမျိုးများရှေ့မှာ အမှတ်ရစေခဲ့ပါတယ် ။

သတို့သားက ကုလားထိုင်ကို တင်လိုက်တဲ့ အခိုက်အတန့်မှာ သတို့သမီးရဲ့ ဘောင်းဘီကို မြင်လိုက်ရတဲ့အခါ ရယ်မောသွားခဲ့ပါတယ် ။ သတို့သမီးနဲ့ သတို့သားနှစ်ဦးစလုံး ရှက်ရွံ့စွာ ရယ်မောကြပြီး သတို့သားရဲ့ ထက်ထက်သန်သန် အပြုအမူအတွက် ပွဲလာဧည်သည်တော်တွေကို အမှတ်ရစေပြီး ရယ်မောစေခဲ့ပါတယ် ။ မြောက်ဥက္ကလာပက ဆောင်းရာသီမှာ အေးလာတာကြောင့် သတို့သမီးအသစ်ဟာ နွေးနွေးထွေးထွေးနေဖို့ အတွင်းထဲမှာ အားကစားဘောင်းဘီရှည်ကို ၀တ်ဆင်ထားတာပါ ။ ထိုအကြောင်းပြချက်ကိုကြားပြီးနောက် လူများစွာက သတို့သမီးနဲ့သတို့သားအတွက် စိတ်မကောင်းဖြစ်ကာ ဆုံးခန်းတိုင်အောင် ပျော်ရွှင်ကြပါစေကြောင်း စိတ်ရင်းမှန်ဖြင့် ဆန္ဒပြုကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အရမ်းအေးတာကြောင့် အတွင်းထဲမှာ အားကစားဘောင်းဘီဝတ်ထားတဲ့ သတို့သမီးကို မြင်ပြီးနောက် လူတော်တော်များများ ရယ်မောခဲ့ရတဲ့အဖြစ်"

Leave a comment

Your email address will not be published.


*