ဗီယက်နမ်နိုင်ငံမှ ငယ်ရွယ်တဲ့ ဆံပင်ညှပ်ဆရာ Nguyen Phat Tri ဟာ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပန်းပွင့်ဆံပင် ဒီဇိုင်းများအတွက် အာရုံစိုက်မှုကို ခံနေရပါတယ် ။ အသက် 28 နှစ်အရွယ် Nguyen Phat Tri က 2015 ခုနှစ်မှာ ဇီဝနည်းပညာဘွဲ့ဖြင့် An Giang တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သော်လည်း အနုပညာဘက်မှာ အမြဲလိုလို ဝါသနာပါတာကြောင့် မိတ်ကပ်နဲ့ ဆံပင်အလှပြင်ရန် ဟိုချီမင်းမြို့သို့ သွားခဲ့ပါတယ် ။ သူက အငြင်းပွားဖွယ်ရာ အသက်မွေးဝမ်းကျောင်းရွေးချယ်မှုတစ်ခုလို့ ထင်ရသော်လည်း လူငယ်လေး Phat Tri ဟာ အမှန်တကယ် ဆန်းသစ်တဲ့ နည်းပညာနဲ့ ဒီဇိုင်းများကြောင့် ဗီယက်နမ်ဆံပင်ပုံစံအခင်းအကျင်းမှာ သူ့ကိုယ်သူ အလျင်အမြန် နာမည်ရလာတာကြောင့် သူ့ရဲ့ရွေးချယ်မှုက မှန်ကန်ကြောင်း သက်သေပြခဲ့ပါတယ် ။
Nguyen Phat Tri ရဲ့ ဒီဇိုင်းများက ဆိုရှယ်မီဒီယာပေါ်မှာ ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိပါတယ် ။ အရိုးရှင်းဆုံးဒီဇိုင်းများက ပြီးမြောက်ရန် ၁ ရက်မှ ၂ ရက်ကြာသော်လည်း ၎င်းတို့အနက်မှ အရှုပ်ထွေးဆုံးက ပြီးမြောက်ရန် ၂-၃ လ ကြာနိုင်ပါတယ် ။
.
သူ့ရဲ့လက်ရာက ဈေးသက်သက်သာသာမဟုတ်သော်လည်း Phat Tri ရဲ့ အံ့မခန်းဒီဇိုင်းများက အလွန်ဝယ်လိုအားများနေပါတယ် ။ သတို့သမီးဒီဇိုင်းများက ဒေါင် 3 မှ 5 သန်းကြား (ဒေါ်လာ 130 မှ 218 ဒေါ်လာ) ရှိပြီး ၎င်းရဲ့ ပိုမိုရှုပ်ထွေးတဲ့ အမှတ်အသားဆံပင်ပုံစံများကိုတော့ ဒေါင် 5 နဲ့ 7 သန်းကြား (ဒေါ်လာ 218 မှ 305 ဒေါ်လာ) ကြားရှိပါတယ် ။
အကျိုးအမြတ်များတဲ့ လုပ်ငန်းဖြစ်သော်လည်း Nguyen Phat Tri က ဒီဇိုင်းအသစ်များနဲ့ နည်းပညာများကို သုတေသနပြုရန် အချိန်ပိုပေးလိုသောကြောင့် လက်ခံသည်ထက် တောင်းဆိုမှုများကို မကြာခဏ ငြင်းဆိုလေ့ရှိပါတယ် ။
“ကျွန်တော့်ရဲ့ ဝါသနာကို မျှဝေပေးတဲ့လူတွေအတွက် တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးချင်ပါတယ်၊ ပြီးတော့ ဗီယက်နမ်ရဲ့ ဆံပင်လုပ်ငန်းကို ကြီးထွားပြီး ကမ္ဘာကို ရောက်အောင် ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ အသက် 28 နှစ်အရွယ် အမျိုးသားက ပြောကြားခဲ့ပါတယ် ။
Nguyen Phat Tri က သူ့ရဲ့ပန်းပွင့်ဆံပင်ဒီဇိုင်းများကို 2020 ခုနှစ်နွေရာသီမှာ ကမ္ဘာကိုမိတ်ဆက်ခဲ့ပြီး သူက ကြာပန်း၊ hibiscus၊ chrysanthemum၊ Lily နဲ့ အခြားအရာများအပါအဝင် မော်ဒယ်အသစ်အမျိုးမျိုးကို ထုတ်ပေးခဲ့ပါတယ် ။
သူ့ခြေရာကို လိုက်လျှောက်ဖို့ မျှော်လင့်နေတဲ့ လူငယ်စတိုင်လ်တွေကို ဘယ်လို အကြံဉာဏ်တွေ ပေးမှာလဲလို့ မေးတော့ ဗီယက်နမ် ပန်းချီဆရာက သူတို့အတွက် အရေးကြီးဆုံးက သူတို့ရဲ့ အရည်အချင်းကို အကဲဖြတ်ဖို့အတွက် “အနုပညာမျက်စိ” လိုတဲ့ နယ်ပယ်မို့လို့ ဆိုပါတယ် ။
အဲဒီအခါမှာ သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်မှု၊ ဇွဲလုံ့လနဲ့ စိတ်ပိုင်းဖြတ်မှုတွေ ရှိဖို့လိုတာပါ ။
JRose (Mckzone daily)
Reference : odditycentral
Be the first to comment on "အံ့မခန်ဖွယ်ကောင်းတဲ့ အမျိုးမျိုးသောပန်းပုံစံဆံပင်ဒီဇိုင်းများကို ဖန်တီးပြုပြင်ခဲ့တဲ့ ဆံပင်ညှပ်ဆရာ(ရုပ်သံ)"