တိရိစ္ဆာန်တစ်ကောင်ကို အသက်အန္တရာယ်ကနေ ကယ်ဆယ်ပေးပြီးတဲ့အခါမှာ ၎င်းတို့ကလည်း သင့်ကို ထိုအပြုအမူအတွက် ကျေးဇူးတင်ကြတာကို သင်ယုံကြည်ထားနိုင်ပါတယ်။ ၎င်းတို့က ကျွန်တော်တို့ရဲ့ဘာသာစကားကို မပြောနိုင်ကြပေမဲ့လည်း ၎င်းတို့ရဲ့လေးမြတ်မှုသင်္ကေတကို ကွဲပြားစွာ ပေါ်လွင်နေစေတတ်ကြပြီး အပြန်အလှန်အားဖြင့်လည်း ဒါတွေကို ကျွန်တော်တို့ ခံစားရနိုင်ပါတယ်။ Nikki Robinson အမည်ရှိအမျိုးသမီးတစ်ဦးက ရက်ကွန်းလေးတစ်ကောင်ကို တွေ့ရှိခဲ့ချိန်မှာတော့ ထိုတိရိစ္ဆာန်လေးက လမ်းဘေးမှာ ခိုကိုးရာမဲ့ဖြစ်နေခဲ့တာပါ။
ထို့နောက် Nikki က ရက်ကွန်းလေးကို တောရိုင်းတိရိစ္ဆာန် ကယ်ဆယ်ရေးစင်တာသို့ ခေါ်ဆောင်သွားခဲ့ပေမဲ့ ထိုအချိန်မှာ တောရိုင်းတိရိစ္ဆာန်ဂေဟာက လူပြည့်နေခဲ့ပြီး ဒီရက်ကွန်းကောင်လေးအတွက် နေရာမရှိနေခဲ့ပါဘူး။
ဒါ့ကြောင့် Nikki က ဒီရက်ကွန်းလေးကို သူမရဲ့အိမ်သို့ခေါ်ဆောင်ကာ ကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးရန်သာ ဆုံးဖြတ်ခဲ့ပါတယ်။ ထို့ပြင် Nikki က ရက်ကွန်းလေးကို “Little Hands” ဟု အမည်ပေးခဲ့ပါတယ်။
Nikki က နေ့စဉ် အလုပ်သွားရတဲ့အတွက် အဆိုပါရက်ကွန်းကောင်လေးကို Linda အမည်ရှိသူမမိခင်ဖြစ်သူရဲ့ ပြုစုစောင့်ရှောက်မှုမှာ ထားခဲ့ရပါတယ်။ သူမရဲ့မိခင်က အစပိုင်းမှာငြင်းဆိုခဲ့ပေမယ့် Little Hands ရဲ့ချစ်စဖွယ်ကောင်းမှုကြောင့် ၎င်းကို သဘောကျလာခဲ့ပြီး နောက်ဆုံးမှာတော့ Little Hands ကို ချစ်ခင်တွယ်တာလာခဲ့ပါတယ်။
Linda ဟာ Little Hands ကို သူ့ရဲ့သားလေးတစ်ယောက်လို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ လတွေ အဆင့်ပြောင်းလဲလာပြီးနောက်မှာ Little Hands လေးလည်း ရင့်ကျက်လာနေပြီဖြစ်ပါတယ်။
သူ့ဘာသာဖူလုံပြီး သူ့မူလနေထိုင်ရာ တောထဲပြန်ဝင်ဖို့ အချိန်တန်ပြီဆိုပေမဲ့လည်း ကျေးဇူးသိတတ်တဲ့ Little Hands က သူ့ကိုကယ်ဆယ်ပေးခဲ့တဲ့ Nikki နှင့် Linda တို့ဆီသို့ သုံးနှစ်ကျော်ကြာအောင် နေ့တိုင်း လာရောက်လည်ပတ်ခဲ့တဲ့အဖြစ်အပျက်ကတော့ အလွန်ထိမိတဲ့အရာတစ်ခုပါဘဲ။
သို့ပေမဲ့ တစ်နေ့တော့ Linda က အိမ်နောက်ဖေး ပုခက်ထဲရှိ အလည်လာတဲ့ Little Hands လေးနှင့်အတူ အဆာပြေမုန့်များစားပြီးတဲ့နောက်မှာတော့ Little Hands လေးဟာ တောထဲသို့ပြန်သွားခဲ့ပြီး ယခုချိန်ထိ သူမတို့မိသားစုထံပေါ်မလာသေးသလို ၊ ထိုအခင်းဖြစ်ပွါးပြီးနောက်မှာ သူမရဲ့မိခင် Linda က Little Hands လေးကိုလွမ်းတဲ့စိတ်နဲ့ အိုးမဲ့အိမ်မဲ့ ရက်ကွန်းသားပေါက်များစွာကို မွေးမြူလာခဲ့ကြောင်း Nikki မှ ပြန်လည်ပြောပြခဲ့ပါတယ်။
Mia (Mckzone daily)
Reference : gtgoodtimes
Be the first to comment on "အသက်ကယ်တင်ပေးခဲ့တဲ့အမျိုးသမီးထံသို့ ၃ နှစ်ကြာ နေ့တိုင်း အလည်လာတတ်တဲ့ ကျေးဇူးသိတတ်တဲ့ ရက်ကွန်းတစ်ကောင်"