မိဘႏွစ္ပါးလံုးကို ျမဳပ္ႏွံထားတဲ့ သခ်ႋဳင္းေျမပံုအနားသြားၿပီး “ေမေမ”ဆိုၿပီး ေအာ္ေခၚေနခဲ့တဲ့ သားေလးရဲ႕အျဖစ္

လူတိုင္းကေတာ့ တစ္ခ်ိန္ခ်ိန္တစ္ေန႔ေန႔မွာ ကိုယ္ခ်စ္ရသူေတြနဲ႔ ၾကံဳဆံု ၊ ကြဲကြာ ၊ ထားရစ္ ခဲ့ရမွာပါပဲေလ ။ ဒီတစ္ေခါက္မွာလည္း 2ႏွစ္သားအရြယ္ မေလး႐ွားႏိုင္ငံက ကေလးငယ္တစ္ေယာက္ဟာ ကားအက္ဆီးဒင့္ေၾကာင့္ မိဘႏွစ္ပါးလံုးကို တစ္ႀကိမ္ထဲမွာပဲဆံုး႐ႈံးသြားခဲ့ရပါတယ္ ။ မိခင္ကို အေတာ္ေလးလြမ္းဆြတ္ေနခဲ့တဲ့ သားငယ္ေလးဟာ မိဘႏွစ္ပါးလံုးကိုျမဳပ္ႏွံထားတဲ့ သဲေျမပံုေလးအၾကား သဲေျမေတြနဲ႔ေဆာ့ကစားေနခဲ့တာကို မခံစားႏိုင္လို႔ ကေလးငယ္ရဲ႕အျဖစ္ကို အေဒၚျဖစ္သူက Facebook စာမ်က္ႏွာေပၚမွာ ေဝမ်ွသြားေပးခဲ့ပါတယ္ ။

အေဒၚျဖစ္သူ ေရးသားထားခဲ့တာကေတာ့ ” ကေလးငယ္က အေမနဲ႔စကားေျပာခ်င္တယ္ဆိုလို႔ သူ႔ရဲ႕မိဘႏွစ္ပါးကို ျမဳပ္ႏွံထားတဲ့ ေနရာကိုေခၚလာေပးခဲ့တာပါ ။ သူ႔ရဲ႕ အေမကဒီေနရာမွာ႐ွိေနတယ္ဆိုၿပီးေျပာျပလိုက္ခ်ိန္မွာေတာ့ ကေလးငယ္က ‘ေမေမ ၊ ေမေမ ‘ ဆိုၿပီးေအာ္ေခၚေနခဲ့တာပါ ။ကေလးငယ္က အိမ္ေခၚျပန္လို႔လည္းမရေတာ့ပါဘူး ။ အိမ္မွာသဲေတြလံုးဝမေဆာ့တဲ့ကေလးက ဒီမွာက်သဲေျမေတြနဲ႔ေဆာ့ကစားေနခဲ့တာပါ ။ သူ႔မိဘေတြကို အေတာ္ေလးသတိရေနပံုပါပဲ ၊ အိမ္ျပန္ဖို႔လည္း ျငင္းေနခဲ့တယ္ ၊ ေနာက္တစ္ႀကိမ္မွျပန္လာလည္ရေအာင္ Arfan ဆိုၿပီး ေျပာခဲ့ရတယ္ ” ဆိုၿပီး ကေလးငယ္ရဲ႕ ရင္နင့္ဖြယ္အျဖစ္ကို ေရးသားထားခဲ့တာပါ ။

သားေလးဟာ အခုခ်ိန္မွာေတာ့ အဘြားျဖစ္သူနဲ႔အတူေနထိုင္လ်က္႐ွိၿပီး မိဘႏွစ္ပါး႐ွိရာေနရာသို႔ အျမဲသြားေရာက္လည္ပတ္ေလ့႐ွိေၾကာင္းလည္း သိ႐ွိရပါတယ္ ။ ဒါေၾကာင့္မို႔ အခုလိုတန္ဖိုး႐ွိလြန္းလွတဲ့အခ်ိန္ေလးမွာ ကိုယ္ခ်စ္ရသူေတြကို အခ်ိန္ေပးၿပီး တန္ဖိုး႐ွိတဲ့ အခ်ိန္မ်ိဳးေတြ ၊ အမွတ္တရမ်ိဳးေတြဖန္တီးၿပီး အေကာင္းဆံုးေ႐ွ႕ဆက္ေလ်ွာက္လွမ္းၾကဖို႔ ေျပာဆိုလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတိုင်းကတော့ တစ်ချိန်ချိန်တစ်နေ့နေ့မှာ ကိုယ်ချစ်ရသူတွေနဲ့ ကြုံဆုံ ၊ ကွဲကွာ ၊ ထားရစ် ခဲ့ရမှာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း 2နှစ်သားအရွယ် မလေးရှားနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ ကားအက်ဆီးဒင့်ကြောင့် မိဘနှစ်ပါးလုံးကို တစ်ကြိမ်ထဲမှာပဲဆုံးရှုံးသွားခဲ့ရပါတယ် ။ မိခင်ကို အတော်လေးလွမ်းဆွတ်နေခဲ့တဲ့ သားငယ်လေးဟာ မိဘနှစ်ပါးလုံးကိုမြုပ်နှံထားတဲ့ သဲမြေပုံလေးအကြား သဲမြေတွေနဲ့ဆော့ကစားနေခဲ့တာကို မခံစားနိုင်လို့ ကလေးငယ်ရဲ့အဖြစ်ကို အဒေါ်ဖြစ်သူက Facebook စာမျက်နှာပေါ်မှာ ဝေမျှသွားပေးခဲ့ပါတယ် ။

အဒေါ်ဖြစ်သူ ရေးသားထားခဲ့တာကတော့ ” ကလေးငယ်က အမေနဲ့စကားပြောချင်တယ်ဆိုလို့ သူ့ရဲ့မိဘနှစ်ပါးကို မြုပ်နှံထားတဲ့ နေရာကိုခေါ်လာပေးခဲ့တာပါ ။ သူ့ရဲ့ အမေကဒီနေရာမှာရှိနေတယ်ဆိုပြီးပြောပြလိုက်ချိန်မှာတော့ ကလေးငယ်က ‘မေမေ ၊ မေမေ ‘ ဆိုပြီးအော်ခေါ်နေခဲ့တာပါ ။ကလေးငယ်က အိမ်ခေါ်ပြန်လို့လည်းမရတော့ပါဘူး ။ အိမ်မှာသဲတွေလုံးဝမဆော့တဲ့ကလေးက ဒီမှာကျသဲမြေတွေနဲ့ဆော့ကစားနေခဲ့တာပါ ။ သူ့မိဘတွေကို အတော်လေးသတိရနေပုံပါပဲ ၊ အိမ်ပြန်ဖို့လည်း ငြင်းနေခဲ့တယ် ၊ နောက်တစ်ကြိမ်မှပြန်လာလည်ရအောင် Arfan ဆိုပြီး ပြောခဲ့ရတယ် ” ဆိုပြီး ကလေးငယ်ရဲ့ ရင်နင့်ဖွယ်အဖြစ်ကို ရေးသားထားခဲ့တာပါ ။

သားလေးဟာ အခုချိန်မှာတော့ အဘွားဖြစ်သူနဲ့အတူနေထိုင်လျက်ရှိပြီး မိဘနှစ်ပါးရှိရာနေရာသို့ အမြဲသွားရောက်လည်ပတ်လေ့ရှိကြောင်းလည်း သိရှိရပါတယ် ။ ဒါကြောင့်မို့ အခုလိုတန်ဖိုးရှိလွန်းလှတဲ့အချိန်လေးမှာ ကိုယ်ချစ်ရသူတွေကို အချိန်ပေးပြီး တန်ဖိုးရှိတဲ့ အချိန်မျိုးတွေ ၊ အမှတ်တရမျိုးတွေဖန်တီးပြီး အကောင်းဆုံးရှေ့ဆက်လျှောက်လှမ်းကြဖို့ ပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment