လက်တစ်ဖက်ဆုံးရှုံးရတဲ့ ဝေဒနာက မသက်သာသေးဘဲ သူမရဲ့ ခင်ပွန်းက ရှေးဆက်လျှောက်ဖို့ ခက်ခဲတဲ့ အခြေအနေများကို သည်းမခံနိုင်တာကြောင့် ဇနီးနဲ့ သားသမီးများကို ထားရစ်ခဲ့ပြီး သူမကို ကွာရှင်းလိုက်ပါတယ် ။ အဆိုပါအမျိုးသမီးဟာ မစ္စလီသီကင်ထရမ်လို့ခေါ်ပြီး ယခင်က ခင်ပွန်းဖြစ်သူနဲ့ ကလေး ၂ ဦးတို့နဲ့အတူ ပျော်ရွှင်တဲ့ မိသားစုကို ပိုင်ဆိုင်ထားတာပါ ။ ဒါပေမယ့် မတော်တဆမှုဖြစ်ပြီး လက်တစ်ဖက်ဆုံးရှုံးခဲ့ပြီး ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ Chi Tram က တစ်ယောက်တည်း သူမရဲ့သားသမီးတွေကို ထောက်ပံ့ဖို့အတွက် ဆံပင်ညှပ်ဆရာအဖြစ် အလုပ်ပြန်ဝင်ဖို့ ကြိုးစားခဲ့လိုက်ပါတယ် ။ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစားပေမယ့် “အချစ်မရှိ” တဲ့ ယောက်ျားတစ်ယောက်ကြောင့် သူမ ပြိုကွဲမသွားပါဘူး ။
.
.
မစ္စ Tram က ဆေးရုံမှဆင်းပြီး ၁ လအကြာမှာ သူမက ကလေး ၂ ယောက်ကို ပြုစုပျိုးထောင်ရန်အတွက် ဆံပင်အလှပြင်ခြင်းအပါအဝင် လက်တစ်ဖက်တည်းဖြင့် မည်သို့လုပ်ရမည်ကို သင်ယူခဲ့ပါတယ် ။ ဆံပင်ညှပ်ခြင်းက စေ့စေ့စပ်စပ်ရှိရန် လိုအပ်သော်လည်း မစ္စ Tram အတွက် သူမမှာ လက်တစ်ဖက်တည်းသာရှိသောကြောင့် ပိုမိုအားစိုက်ထုတ်ရမှာဖြစ်ပါတယ် ။ ဒါပေမဲ့ သူမရဲ့ ခက်ခဲတဲ့ အခြေအနေကို သိအောင် အားပေးတဲ့ ဖောက်သည်တွေ အများကြီးရှိပါတယ် ။ တဖြည်းဖြည်းနဲ့ မစ္စ Tram ဟာ သူမရဲ့လက်တစ်ဖက်တည်းဘဝကို ကျင့်သုံးလာခဲ့ပါတယ် ။
.
.
ဖောက်သည်တွေမရှိရင် သူမက ထမင်းချက်၊ အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးလုပ်၊ အတိတ်ကို ဝမ်းနည်းဖို့၊ စိတ်ဓာတ်ကျဖို့ အချိန်မပေးတော့ပါဘဲ ကလေးများက သူမကို အကောင်းဆုံးကြိုးစားရန် အတွက် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတစ်ခုလည်းဖြစ်ပါတယ် ။
.
မစ္စ Tram က “ကျွန်မကတော့ ဘယ်လက်မောင်းကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဆံပင်ညှပ်ပြီး ညာဘက်လက်တစ်ဖက်တည်းနဲ့ ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ တည်ငြိမ်တဲ့ ဝင်ငွေရဖို့ဆိုတာ အိပ်မက်တစ်ခုလိုပါပဲ” လို့ ဆိုခဲ့ပါတယ် ။ မတော်တဆမှုတစ်ခုဖြစ်ခဲ့တဲ့အခါ Tram ရဲ့ဘဝက ချောက်ထဲသို့ကျသွားသလိုပင် သူမရဲ့ခင်ပွန်းက အကူအညီလိုအပ်ဆုံးအချိန်မှ ထွက်ခွာသွားပေမဲ့ သူမကတော့ သားသမီးအတွက်နဲ့ သူမရဲ့ဘဝအတွက် ခိုင်လုံစွာကျော်ဖြတ်နိုင်ခဲ့ပါပြီ ။
JRose (Mckzone daily)
Reference : bestie
Be the first to comment on "မတော်တဆမှုကြောင့် လက်တစ်ဖက်ဆုံးရှုံးရရုံမကပဲ ခင်ပွန်းဖြစ်သူရဲ့ သစ္စာဖောက်မှုပါခံရပြီး ကလေး ၂ ဦးကို ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ရတဲ့ အမျိုးသမီး"