ထူးခြားတဲ့မွေးရာပါ ရောင်ခြယ်ကွက်များကြောင့် လူသားတို့နဲ့အတော်လေးဆင်တူတဲ့လက်ချောင်းများကို ပိုင်ဆိုင်ထားတဲ့ ဂေါ်ရီလာမျောက်မလေး

လူသားတို့နည်းတူ တိရိစ္ဆာန်အချို့ဟာလည်း ထူးခြားသောအသွင်အပြင်များဖြင့် မွေးဖွားလာတတ်ကြတာကြောင့် ၎င်းက ၎င်းတို့ကို လူအုပ်ကြား၌ ထင်ရှားနေစေပါတယ်။ ဥပမာ၊ ၎င်းတို့ရဲ့အသားအရေက တခြားမျိုးစိတ်တူတွေနဲ့ မတူနေတာမျိုးပါ။ သို့ပေမဲ့ ဒီခြားနားချက်ဟာ ၎င်းတို့အတွက် အမဲလိုက်သမားများက အလွယ်တကူ တွေ့နိုင်ခြင်း သို့မဟုတ် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရန် ခဲယဉ်းခြင်းစတဲ့ အားနည်းချက်များကို ယူဆောင်လာနိုင်ပါတယ်။ ဒါကတော့ အလားတူ ထူးခြားတဲ့အသွင်အပြင်နဲ့မွေးဖွားလာခဲ့တဲ့ ဂေါ်ရီလာ မျောက်မလေးတစ်ကောင်ရဲ့အကြောင်းပါဘဲ။ သူမရဲ့လက်ချောင်းပေါ်မှာ လူသားနှင့်တူတဲ့ ထူးခြားတဲ့ ရောင်ခြယ်ကွက်တစ်ခုရှိနေပါတယ်။

.

ကျွန်တော်တို့မျိုးစိတ်နှစ်ဦးလုံးမှာ လက်ဗွေနှင့် ခြေဗွေရာများ ၊ လက်သည်းများနှင့် ခြေသည်းများရှိနေတာကြောင့် ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ လူသားများက ဂေါ်ရီလာမျောက်များနှင့် အနီးစပ်ဆုံး ဆက်စပ်နေသည်ဟု သုံးသပ်နားလည်ထားနိုင်ပါတယ်။ ၎င်းမျောက်မလေးဟာ ရောင်ခြယ်ပစ္စည်း ဆုံးရှုံးသွားသည့် ကာလရှည်ကြာ အရေပြားအခြေအနေကြောင့် အရေပြားအကွက်များ ပေါက်သွားတာလို့ အချို့သောလူတွေက ထင်မြင်ခဲ့ကြပါတယ်။

.

သို့ပေမယ့် အဖြေကတော့ မဟုတ်ပါဘူး။ အဆိုပါဂေါ်ရီလာမလေး လက်ရှိနေထိုင်နေတဲ့ Atlanta တိရိစ္ဆာန်ရုံက သူမဟာ မွေးကတည်းက ထူးခြားတဲ့ လက်ချောင်းတွေကို ပိုင်ဆိုင်ထားခဲ့ကြောင်း ကြေငြာပေးခဲ့ပါတယ်။

.

၎င်းက နှစ်တွေတစ်လျှောက် ဘယ်တုန်းကမှ မပြောင်းလဲခဲ့တာကြောင့် သက်ဆိုင်သူများက ဂေါ်ရီလာမလေးရဲ့လူသားနဲ့တူနေတဲ့ လက်ချောင်းများကို အရမ်းမိုက်တဲ့ မွေးရာပါ အမှတ်အသားတစ်ခုလို့ထင်ခဲ့ကြပါတယ်။ သို့ပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာက ၎င်းဂေါ်ရီလာမလေးဟာ ဥာဏ်ကောင်းတဲ့ မျောက်မလေးတစ်ကောင်ပါဘဲ။ တိရိစ္ဆာန်ရုံဝန်ထမ်းများက အစားအသောက်နှင့် ဖျော်ရည်အတွက် တစ်ခုရရန်အတွက် သူမရဲ့မိခင်နှင့် အခြားဂေါ်ရီလာတွေကို ခိုင်းစေတတ်နေလေ့ရှိကြောင်း ပြောပြခဲ့ကြပါတယ်။ ထို့ပြင် အဆိုပါဂေါ်ရီလာမျောက်မလေးဟာ အတော်လေး အဆော့မှတ်ပြီး သူမရဲ့အစ်ကို၊အစ်မများရဲ့ကျောကုန်းပေါ်သို့ တက်စီးတတ်တဲ့ နိုင်ထပ်စီးနင်းလုပ်တတ်တဲ့အကျင့်လေးလည်း ရှိကြောင်း ဝန်ထမ်းများက ထပ်မံ ပြောပြခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : aubtu

Be the first to comment on "ထူးခြားတဲ့မွေးရာပါ ရောင်ခြယ်ကွက်များကြောင့် လူသားတို့နဲ့အတော်လေးဆင်တူတဲ့လက်ချောင်းများကို ပိုင်ဆိုင်ထားတဲ့ ဂေါ်ရီလာမျောက်မလေး"

Leave a comment

Your email address will not be published.


*