Hotpot စားေနတုန္း ေခါက္ဆြဲနဲ႔အ႐ိုက္ခံလိုက္ရလို႔ နာမည္ႀကီးသြားတဲ့ မိန္းကေလး (႐ုပ္သံ)

Haidilao ဆိုတဲ့ hotpot ဆိုင္ႀကီးေတြဟာဆိုရင္ ကမာၻေပၚမွာအေတာ္ေလးနာမည္ႀကီးတဲ့ hotpot ဆိုင္ျဖစ္ၿပီး hotpot စားခ်င္သူတိုင္း သတိရတတ္ၾကတဲ့ဆိုင္ျဖစ္တဲ့အျပင္ အဆိုပါဆိုင္ဟာလည္း ေခါက္ဆြဲေတြနဲ႔ ကျပေဖ်ာ္ေျဖတဲ့အစီအစဥ္ေၾကာင့္ လူအမ်ားကိုပိုၿပီး ဆြဲေဆာင္ႏိုင္ခဲ့တာပါ ။ အဆိုပါ ေခါက္ဆြဲႏွင့္ကျပေဖ်ာ္ေျဖတဲ့ အစီအစဥ္ဟာအေတာ္ေလး နာမည္ႀကီးၿပီး လာေရာက္စားေသာက္ၾကသူေတြလည္း ဖုန္းေတြႏွင့္မွတ္တမ္းတင္႐ိုက္ကူးေလ့႐ွိၿပီးေနာက္ social media ေပၚမွာေဝမ်ွေလ့႐ွိၾကပါတယ္ ။ ကျပေဖ်ာ္ေျဖေနရင္း မေတာ္တဆျဖစ္ပ်က္ခဲ့တဲ့ video မ်ားဟာလည္း social media ေပၚမွာ အေတာ္ေလးေရပန္းစားေလ့႐ွိပါတယ္ ။

ဒီ video မွာ ေဖာ္ျပထားတဲ့ မိန္းကေလးကေတာ့ သူမအဆိုပါ hotpot ဆိုင္မွာ စားေသာက္ေနရင္း မေတာ္တဆျဖစ္ပ်က္ခဲ့တာပါ ။ ျဖစ္စဥ္ကေတာ့ အဆိုပါမိန္းကေလးရဲ႕ ေဘးမွာ ဆိုင္ဝန္ထမ္းေကာင္ေလးတစ္ေယာက္က ေခါက္ဆြဲအကနဲ႔ အားရပါးရေဖ်ာ္ေျဖေနရင္း အဆံုးသတ္လိုက္ခ်ိန္မွာေတာ့ သူမကိုေခါက္ဆြဲနဲ႔ မ်က္ႏွာတည့္တည့္႐ိုက္မိခဲ့တာပါ ။ ေခါက္ဆြဲ နဲ႔တင္မကဘဲ သူ၏လက္နဲ႔ပါ မိန္းကေလးရဲ႕မ်က္ႏွာကို႐ိုက္မိခဲ့တာပါ ။ မိန္းကေလးလည္း အေတာ္ေလးထိတ္လန္႔သြားပံုရၿပီး လက္ထဲမွာကိုင္ထားတဲ့ ခြက္ကိုပါ လြတ္ခ်ခဲ့မိတာပါ ။

႐ုပ္သံကိုၾကည့္ရန္ ပံုကိုႏွိပ္ပါ

အဆိုပါ video ကိုေတာ့ မိန္းကေလးနဲ႔ အတူလာေရာက္စားေသာက္သူက social media ေပၚမွာ ေဝမ်ွခ်င္လို႔ ေဖ်ာ္ေျဖတင္ဆက္မႈကို႐ိုက္ယူထားရင္း ကေနမွတ္တမ္းရယူႏိုင္ခဲ့တာျဖစ္ၿပီး video ကိုျပန္လည္ေဝမ်ွသူ အမ်ားအျပား႐ွိခဲ့တဲ့အတြက္ မိန္းကေလးဟာ လက္တေလာမွာေတာ့ social media ေပၚမွာအေတာ္ေလးနာမည္ႀကီးၿပီး လူသိမ်ားေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Haidilao ဆိုတဲ့ hotpot ဆိုင်ကြီးတွေဟာဆိုရင် ကမ္ဘာပေါ်မှာအတော်လေးနာမည်ကြီးတဲ့ hotpot ဆိုင်ဖြစ်ပြီး hotpot စားချင်သူတိုင်း သတိရတတ်ကြတဲ့ဆိုင်ဖြစ်တဲ့အပြင် အဆိုပါဆိုင်ဟာလည်း ခေါက်ဆွဲတွေနဲ့ ကပြဖျော်ဖြေတဲ့အစီအစဉ်ကြောင့် လူအများကိုပိုပြီး ဆွဲဆောင်နိုင်ခဲ့တာပါ ။ အဆိုပါ ခေါက်ဆွဲနှင့်ကပြဖျော်ဖြေတဲ့ အစီအစဉ်ဟာအတော်လေး နာမည်ကြီးပြီး လာရောက်စားသောက်ကြသူတွေလည်း ဖုန်းတွေနှင့်မှတ်တမ်းတင်ရိုက်ကူးလေ့ရှိပြီးနောက် social media ပေါ်မှာဝေမျှလေ့ရှိကြပါတယ် ။ ကပြဖျော်ဖြေနေရင်း မတော်တဆဖြစ်ပျက်ခဲ့တဲ့ video များဟာလည်း social media ပေါ်မှာ အတော်လေးရေပန်းစားလေ့ရှိပါတယ် ။

ဒီ video မှာ ဖော်ပြထားတဲ့ မိန်းကလေးကတော့ သူမအဆိုပါ hotpot ဆိုင်မှာ စားသောက်နေရင်း မတော်တဆဖြစ်ပျက်ခဲ့တာပါ ။ ဖြစ်စဉ်ကတော့ အဆိုပါမိန်းကလေးရဲ့ ဘေးမှာ ဆိုင်ဝန်ထမ်းကောင်လေးတစ်ယောက်က ခေါက်ဆွဲအကနဲ့ အားရပါးရဖျော်ဖြေနေရင်း အဆုံးသတ်လိုက်ချိန်မှာတော့ သူမကိုခေါက်ဆွဲနဲ့ မျက်နှာတည့်တည့်ရိုက်မိခဲ့တာပါ ။ ခေါက်ဆွဲ နဲ့တင်မကဘဲ သူ၏လက်နဲ့ပါ မိန်းကလေးရဲ့မျက်နှာကိုရိုက်မိခဲ့တာပါ ။ မိန်းကလေးလည်း အတော်လေးထိတ်လန့်သွားပုံရပြီး လက်ထဲမှာကိုင်ထားတဲ့ ခွက်ကိုပါ လွတ်ချခဲ့မိတာပါ ။

အဆိုပါ video ကိုတော့ မိန်းကလေးနဲ့ အတူလာရောက်စားသောက်သူက social media ပေါ်မှာ ဝေမျှချင်လို့ ဖျော်ဖြေတင်ဆက်မှုကိုရိုက်ယူထားရင်း ကနေမှတ်တမ်းရယူနိုင်ခဲ့တာဖြစ်ပြီး video ကိုပြန်လည်ဝေမျှသူ အများအပြားရှိခဲ့တဲ့အတွက် မိန်းကလေးဟာ လက်တလောမှာတော့ social media ပေါ်မှာအတော်လေးနာမည်ကြီးပြီး လူသိများနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment