မိခင်ဆီကနေ အဆူခံလိုက်ရလို့ဆိုပြီး စိတ်တိုတိုနဲ့ သူမရဲ့လွယ်အိတ်ကိုထုပ်ပိုးပြီး အိမ်ပေါ်ကနေဆင်းဖို့ ကြိုးစားခဲ့တဲ့ ကလေးမလေးရဲ့ ရယ်စရာမြင်ကွင်း



Mia (Mckzone daily)

Reference : yabaleftonline

Unicode

ကလေးမလေးတစ်ယောက်က မိခင်ဖြစ်သူထံမှ အနည်းငယ် အရိုက်ခံရပြီး ဆူပူခံလိုက်ရပြီးနောက် စိတ်တိုတိုနဲ့ အိမ်ပေါ်ကနေ ဆင်းဖို့ ဆုံးဖြတ်လိုက်တဲ့ အခိုက်အတန့်မြင်ကွင်းဟာ လတ်တလော လူမှုကွန်ရက်များပေါ်မှာ ပျံ့နှံနေပြီး လူအများအတွက် ရယ်မောစရာတစ်ခု ဖြစ်နေခဲ့ပါတယ်။ သူမရဲ့အသက်ကြီးတဲ့ ဆွေမျိုးတစ်ဦးမှ မျှဝေထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ ကလေးမလေးဟာ သူမရဲ့ကျောင်းလွယ်အိတ်ကို ထုပ်ပိုးပြီး အိမ်ကနေ ထွက်ခွါဖို့ လုပ်ဆောင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ထို့ပြင် မိခင်ဖြစ်သူက သူမကို အိမ်ပြင်ထွက်မသွားဖို့ တောင်းပန်ကာ တားနေချိန်မှာတောင် သူမဟာ အိမ်ထဲကနေထွက်ဖို့ လမ်းလျှောက်ရင်း “ သမီးကိုလွှတ် ၊ သမီးအိတ်ကို ပြန်ပေး ” လို့ စိတ်တိုတိုနဲ့ ပြောနေခဲ့ပါသေးတယ်။

၎င်း အမိအရရိုက်ကူးထားနိုင်ခဲ့တဲ့ ရယ်စရာဗီဒီယိုကို “ လမ်းလျှောက်တတ်စ ကလေးငယ်ဟာ စိတ်ကြီးပြီး ဒေါသထွက်တတ်မှန်း သိသာထင်ရှားစွာ အရိပ်အမြွက်ပြကာ အိမ်ပေါ်ကနေ ဆင်းဖို့ စိတ်ဆုံးဖြတ်နေတယ် ” လို့ caption တပ်ထားပါသေးတယ်။ ဒေါသကြီးတဲ့ ကလေးမလေးရဲ့အပြုအမူက ရယ်စရာကောင်းနေသလို ချစ်စရာလည်းကောင်းနေတာကြောင့် လက်တလောမှာ အင်တာနက်သုံးစွဲသူများစွာက သူမကို အတော်လေး အသည်းယားနေကြပြီး သူမရဲ့အိမ်ပေါ်ဆင်းတဲ့နောက်ဆက်တွဲဗီဒီယိုကိုလည်း စိတ်ဝင်တစားနဲ့ စောင့်မျှော်နေလျက်ရှိနေကြပါတယ်။

Mia (Mckzone daily)

Be the first to comment on "မိခင်ဆီကနေ အဆူခံလိုက်ရလို့ဆိုပြီး စိတ်တိုတိုနဲ့ သူမရဲ့လွယ်အိတ်ကိုထုပ်ပိုးပြီး အိမ်ပေါ်ကနေဆင်းဖို့ ကြိုးစားခဲ့တဲ့ ကလေးမလေးရဲ့ ရယ်စရာမြင်ကွင်း"

Leave a comment

Your email address will not be published.


*