တရုတ်နိုင်ငံမှာလို့ထင်ရတဲ့ McDonald’s စားသောက်ဆိုင်မှာ ဖောက်သည်များအတွက် Big Mac ကိုစားသုံးနေစဉ် ကယ်လိုရီအနည်းငယ်လောင်ကျွမ်းစေမည့် လေ့ကျင့်ခန်းစက်ဘီးများကို ထိုင်ခုံအဖြစ် တပ်ဆင်ထားခဲ့ကြောင်းကို ရေပန်းစားနေတဲ့ဗီဒီယိုအရ တွေ့ရှိခဲ့ရပါတယ်။ TikTok ဗီဒီယိုတစ်ခုမှာ အမျိုးသမီးတစ်ဦးဟာ ဆိုင်ထဲက သမာရိုးကျထိုင်ခုံပေါ်မှာ မထိုင်ဘဲ အမှတ်တံဆိပ်အမှတ်အသားပါ လေ့ကျင့်ခန်းစက်ဘီးပေါ်ထိုင်နေတာကို တွေ့ရမှာပါ။ သူမဟာ သူမရဲ့ဘာဂါကို စားနေရင်း ၊ coke သောက်ရင်းနဲ့ ၎င်းထိုင်ခုံမှာပါတဲ့ စက်ဘီးခြေနင်းကို နင်းနေခဲ့ပါတယ်။ ထို့ပြင် သူမရဲ့ဘေးက အမျိုးသားတစ်ဦးကလည်း ဖုန်းသုံးရင်း သူမလို အလားတူ စက်ဘီးနင်းနေခဲ့ပါတယ်။
၎င်းဟာ အားကစားရုံထဲက မြင်ကွင်းတစ်ခုလိုဖြစ်နေပြီး လေ့ကျင့်ခန်းအဝတ်အစားမလိုတဲ့အပြင် McDonald’s ရဲ့ ‘M’ ဆိုတဲ့အမှန်အသားနဲ့စက်ဘီးပေါ်က ၎င်းတို့နှစ်ဦးဟာ အမြန်စားစရာတွေစားရင်း စားသမျှကယ်လိုရီကို လောင်ကျွမ်းသွားအောင် ကြိုးစားနေခဲ့ကြပါတယ်။ ၎င်းကလစ်ဗီဒီယိုကို ဘယ်နေရာမှာ မှတ်တမ်းတင်ထားတာကို အတိအကျမသိရသေးပေမဲ့လည်း အဆိုပါဗီဒီယိုဖိုင်ကို တင်ထားသည့် TikTok အသုံးပြုသူ @cris13_u က ၎င်းဟာ တရုတ်နိုင်ငံရှိ တစ်နေရာရာမှာဖြစ်ကြောင်း အကြံပြုထားပါတယ်။ ဒီဗီဒီယိုဟာ ကြည့်ရှုသူ 32 သန်းနဲ့ Like 2.2 သန်းအထိ ရှိပြီး မှတ်ချက်ပေါင်း ထောင်ချီလည်းရှိခဲ့ပါတယ်။
၎င်းက အခြားဆိုရှယ်မီဒီယာအသုံးပြုသူအများအပြားကို Charlie Brooker ရဲ့ dystopian sci-fi စီးရီး Black Mirror ကိုသတိရစေပေမဲ့လည်း အချို့က ၎င်း ‘အံ့သြဖွယ်’ စိတ်ကူးကို သဘောကျခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
ထ်ု့ပြင် အင်တာနက်သုံးစွဲသူများစွာက “McFitness” ၊ “ ဒီအယူအဆက အံ့ဩစရာဘဲ။ ” ၊ “ ဒါက အားသွင်းရင်း ဖုန်းကြည့်နေတာနဲ့တူတယ် ” ၊ “ အဲ့တာက Black Mirror ကို သတိရစေတာဘဲ ” ဟုတဲ့မှတ်ချက်များဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။
သို့ပေမဲ့ အခြားတစ်ယောက်ယောက်က ဒါဟာ အစာချေဖို့အတွက် အယူအဆကောင်းမဟုတ်ကြောင်းကို “ ဒါက မင်းရဲ့ အစာခြေစနစ်အတွက် မကောင်းဘူးဟ ၊ အစာစားနေတုန်း ကိုယ်လက်လှုပ်ရှားမှုတွေ မလုပ်ပါနဲ့ ၊
အစာစားခြင်းက စိတ်အေးလက်အေးရှိဖို့ လိုအပ်လို့ အဲ့တာမှ GI လမ်းကြောင်းက ကောင်းမွန်စွာ အစာချေဖျက်နိုင်မှာ ” ဟုလည်း မှတ်ချက်ပေးခဲ့ပါတယ်။ ဟားဗတ်ဆေးကျောင်းမှ Harvard Health Publishing ၏အဆိုအရ စက်ဘီးဟာ လေ့ကျင့်ခန်း နာရီဝက်အတွက် ပျမ်းမျှ 252 ကယ်လိုရီ 155lb လောင်ကျွမ်းစေမှာဖြစ်ပါတယ်။
Big Mac မှာ ကယ်လိုရီ 550 ပါဝင်တာကြောင့် ၎င်းကို ချေဖျက်လိုပါက အချိန်အနည်းငယ်ကြာအောင် နင်းရန် လိုအပ်ပါတယ်။ သို့ပေမဲ့ McDonald’s ဟမ်ဘာဂါတစ်လုံးမှာ ကယ်လိုရီ 250 သာ ပါဝင်တာကြောင့် နာရီဝက်အတွင်း စက်ဘီးပေါ်မှ ဆင်းသွားရမှာဖြစ်ကြောင်း ကျွမ်းကျင်သူများကလည်း ၎င်းစက်ဘီးနင်းပြီး အစားစားတဲ့ကိစ္စနှင့်ပတ်သက်ပြီး ထိုကဲ့သို့ ထောက်ပြပေးခဲ့ကြပါတယ်။
Mia (Mckzone daily)
Reference : ladbible
Be the first to comment on "စားသမျှကယ်လိုရီတွေပါ ချက်ချင်းလောင်ကျွမ်းသွားနိုင်အောင် ဆိုင်အတွင်း လေ့ကျင့်ခန်းနင်းစက်ဘီးထိုင်ခုံတွေကိုပါ တပ်ဆင်ပေးထားတဲ့ McDonald စားသောက်ဆိုင်"