ရိုးရိုးသားသားပြောရမယ်ဆိုရင် လူတွေအားလုံးဟာ အထူးသဖြင့် ၎င်းတို့ ချစ်ရသူ ၊ ၎င်းတို့ ယုံကြည်လေးစားရတဲ့ တကယ့်ထူးခြားသူတစ်ယောက်ရဲ့လှည့်စားခြင်းကို မလိုချင်ကြပါဘူး။ သို့ပေမဲ့ ခွင့်လွှတ်ခြင်းကလည်း ၎င်းတို့အတွက် ရှောင်လွှဲလို့မရပြန်ပါဘူး။ တောင်ကိုးရီးယားနိုင်ငံရှိ အသက် ၃၈ နှစ်အရွယ် Bozai အမည်ရှိ နာမည်ကြီး YouTuber အမျိုးသားတစ်ဦးဟာ သူ့ရဲ့အသက် ၆၅ နှစ်အရွယ် ချစ်သူရည်းစားအကြောင်းကို ၎င်းရဲ့ YouTube ချန်နယ် “ A Loving Couple ” မှာ မျှဝေခဲ့ပါတယ်။ ၎င်းတို့စုံတွဲဟာ စေတနာ့ဝန်ထမ်း လှုပ်ရှားမှုတစ်ခုမှာ တွေ့ဆုံခဲ့ကြတာပါ။ Bozai က သူ့ရဲ့ချစ်သူကို ပထမဆုံးအကြိမ်တွေ့ခဲ့တဲ့အချိန်ကတည်းက သူမကိုအတူတူ ပေါင်းသင်းသွားရတဲ့အထိကို ရည်မှန်းထားခဲ့ကြောင်း ဆိုပါတယ်။
နောက်ပိုင်း Bozai ဟာ သူမကို အချိန်အတော်ကြာ လိုက်ရှာခဲ့ပြီးနောက်မှာတော့ ၎င်းတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရှိလာခဲ့ကြပါတယ်။ လွန်ခဲ့တဲ့သုံးလလောက်က ၎င်းတို့နှစ်ဦးအတူတူထားပါဝင်တဲ့ ပထမဆုံးဗီဒီယိုကို Bozai ရဲ့ YouTube ချန်နယ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး ထိုဗီဒီယိုက Likes 56,000 အထိရရှိခဲ့တဲ့အပြင် သူ့ရဲ့ YouTube followers လည်း အများအပြားတိုးလာခဲ့ပါတယ်။ တစ်ချို့သောလူတွေက ၎င်းတို့ရဲ့အသက်အရွယ်ကွာခြားမှုကြောင့် ၎င်းတို့ရဲ့အချစ်ရေးကို ကန့်ကွက်ဝေဖန်ခဲ့ကြပေမယ့်လည်း ၎င်းတို့နှစ်ဦးစလုံးက ကြုံတွေ့လာရတဲ့အခက်အခဲအားလုံးကို ခံနိုင်ရည်ရှိနေခဲ့ကြပါတယ်။
၎င်းတို့စုံတွဲဟာ ၈ နှစ်ကြာလက်တွဲလာခဲ့ပေမယ့် Bozai ရဲ့ချစ်သူဖြစ်သူရဲ့ညီမကတော့ ၎င်းတို့လက်ထပ်မယ့်အစီအစဉ်ကို အမြဲကန့်ကွက်နေခဲ့ပါတယ်။ သို့ပေမဲ့ ၎င်းတို့ဟာ နောက်ဆုံး အဆင်ပြေပြေနဲ့လက်ထပ်သွားနိုင်ခဲ့ပေမဲ့ Bozai က မင်္ဂလာပွဲအပြီးမှာ နောက်ထပ်ပြဿနာတစ်ခုကို မမျှော်လင့်ဘဲ ရင်ဆိုင်ခဲ့ရပါတယ်။
အကြောင်းက မင်္ဂလာဦးညမှာ ဇနီးသည်ရဲ့ခန္ဓာကိုယ်ကိုထိတွေ့တဲ့အခါ အသက် ၆၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးလို ” မခံစား” ရတာကြောင့် Bozai က မတုံ့ဆိုင်းဘဲ ၎င်းကိစ္စနဲ့ပတ်သက်ပြီး သူ့ဇနီးကို ချက်ချင်း မေးခွန်းထုတ်ခဲ့ပါတယ်။ သူမကလည်း Bozai မချစ်နိုင်တော့မှာကို စိုးရိမ်တာကြောင့် ချက်ချင်း သူမအမှားကို ဝန်ခံခဲ့ပါတယ်။
တကယ်တော့ သူမဟာ အသက် ၆၅ နှစ် မဟုတ်ဘဲ ဒီနှစ်မှာတော့ ၇၃ နှစ်ရှိနေပြီလို့ပြောလိုက်ပြီးနောက်မှာတော့ ၎င်းတို့ရဲ့အသက်ကွာခြားမှုက ၂၇ နှစ်ကနေ ၃၅ နှစ်အထိ ချက်ချင်း ကွာဟပြောင်းသွားခဲ့ပါတယ်။ ဇနီးဖြစ်သူက သူမရဲ့မွေးရက်ကို 10 နှစ်နီးပါးကွာတဲ့အထိ လှည့်စားထားခဲ့ပေမဲ့လည်း သူမရဲ့ရှင်းလင်းချက်အပေါ် Bozai ရဲ့တုံ့ပြန်မှုက ၎င်းတို့ရဲ့စစ်မှန်တဲ့အချစ်ကို ဖော်ပြခဲ့ပါတယ်။
အမှန်တရားကိုသိလိုက်ပြီးနောက် Bozai ဟာ ၎င်းရဲ့ YouTube ချန်နယ်မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ၎င်းရဲ့ဇနီးက သူမရဲ့အသက်အစစ်အမှန်ကို ဖုံးကွယ်ထားခဲ့တဲ့အတွက် ၎င်းတို့ရဲ့ပရိသတ်များအား တောင်းပန်ခဲ့ပါတယ်။
နောက်ဆုံး Bozai က သူမရဲ့အသက်အရွယ်နဲ့ ပတ်သက်ပြီး သူမလိမ်ညာခဲ့ပေမဲ့လည်း ဇနီးဖြစ်သူကို အရမ်းချစ်နေသေးတယ်ဆိုတဲ့အချက်ကို ပြောင်းလဲသွားခြင်းမရှိပါဘူးလို့လည်း ပရိသတ်များကို ပြောပြခဲ့ပါတယ်။ ဒါတင်မက အမှန်တရားက အခုမှ ပေါ်လာတာကြောင့် Bozai က ပရိသတ်များရှေ့မှာ သူ့ဇနီးကို ” မ က အသက် 65 နှစ် ဒါမှမဟုတ် 73 နှစ်ပဲ ဖြစ်ဖြစ်၊ မ က အမြဲတမ်း ကျွန်တော့်ရဲ့အလှပဆုံး သတို့သမီးဘဲဖြစ်နေမှာပါ!” လို့လည်း ပြောကြားခဲ့ပါတယ်။
Be the first to comment on "အသက် ၆၅ နှစ်အရွယ်ချစ်သူကို ချစ်လို့လက်ထပ်ခဲ့ပေမဲ့ မင်္ဂလာဦးညမှာ ၇၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဇနီးဖြစ်သူရဲ့ အသက်အမှန်ကို သိလိုက်ရပြန်တဲ့ အမျိုးသား"