ကလေး ၂ ယောက်ကို တစ်ကိုယ်တည်း ပြုစုပျိုးထောင်ခဲ့ရပြီး ပင်ပန်းနေပေမဲ့ အလုပ်မနားဝံ့တာကြောင့် အလုပ်လုပ်ချိန်မှာ အိပ်ငိုက်နေခဲ့တဲ့ အမျိုးသမီး



Mia (Mckzone daily)

Reference : yan

Unicode

မိဘများက မိမိတို့ရဲ့ သားသမီးများကို ခြွင်းချက်မရှိ အမြဲချစ်တတ်သူများဖြစ်ပါတယ် ။ ဒါကြောင့် သူတို့က အရာရာကို အနစ်နာခံလိုစိတ်ရှိပြီး သားသမီးများ ပြီးပြည်စုံတဲ့ဘဝကို အပြည့်အဝရရှိရန် မျှော်လင့်ကာ နောက်ပြီး သူငယ်ချင်းများနဲ့ တန်းတူစာသင်ကြားရန် ဆန္ဒရှိကြပါတယ် ။ ယခုတစ်ခါဖော်ပြပေးမဲ့ မိခင်လိုဘဲ သားသမီးအတွက် ရုန်းကန်ရင်း အလုပ်ချိန်မှာတောင် အိပ်ငိုက်နေခဲ့ပါတယ် ။ အဆိုပါမိခင်ဟာ နေသာသည်ဖြစ်စေ မိုးရွာသည်ဖြစ်စေ တစ်ယောက်တည်း အလုပ်သွားရန် စောစောထကာ ကလေး ၂ ယောက်ကို စာကျက်ရန် ထိန်းကျောင်းပေးနေရပါတယ် ။ လူတိုင်းရဲ့အာရုံကိုဖမ်းစားနိုင်တာက သူမအလုပ်လုပ်နေရင်း အိပ်ငိုက်ပြီး သူမရဲ့မျက်နှာက မောပန်းနွမ်းနယ်နေပုံရပါတယ် ။

သူမရဲ့ သူဌေးက သူမအိပ်ငိုက်နေပုံကို ဗီဒီယိုနဲ့ရိုက်ထားမှန်း သတိထားမိပြီး အဆိုပါမိခင်က အမှားလုပ်မိသွားသလို ရှုပ်ရှက်ခတ်ကာ ပြုံးလိုက်ပါတယ် ။ ဒီအမျိုးသမီး ဘယ်လောက်တောင် ပင်ပန်းနေလဲဆိုတာကို ကျွန်တော်တို့ ကိုယ်ချင်းစာမိပါတယ် ။ သူမက စားနပ်ရိက္ခာ၊ ငွေနဲ့အရွယ်ရောက်ပြီးတဲ့ ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ရန် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာကြောင့် ပင်ပန်းလာတဲ့အခါမှာ သူမက အလုပ်သွားရန် ကြိုးစားဆဲဖြစ်ပြီး အားလပ်ရက်လေးတောင် မတောင်းဝံ့ပါဘူး ။ လောကမှာ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ် ထားတဲ့ချစ်ခြင်းမေတ္တာနဲ့ ယှဉ်နိုင်တာ ဘယ်အရာမှ မရှိတာကို ကျွန်ုပ်တို့ သိရှိနားလည်စေပါတယ် ။ မိဘများက သားသမီးအတွက်ဆို အရာရာကို လုပ်ဆောင်ပေးဖို့ တွန့်ဆုတ်မနေဘဲ စတေးရန် အမြဲအသင့်ရှိကြတာပါ ။

Mia (Mckzone daily)

Be the first to comment on "ကလေး ၂ ယောက်ကို တစ်ကိုယ်တည်း ပြုစုပျိုးထောင်ခဲ့ရပြီး ပင်ပန်းနေပေမဲ့ အလုပ်မနားဝံ့တာကြောင့် အလုပ်လုပ်ချိန်မှာ အိပ်ငိုက်နေခဲ့တဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*