မင်္ဂလာခန်းမထဲမှာ သတို့သားရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကြွက်သားတွေကြောင့် အခမ်းအနားအတွင်းသို့ လူများစွာ စုပြုံရောက်ရှိလာကြတဲ့အဖြစ်



.

.

.

.

.

.

JRose (Mckzone daily)

Reference : khaosod

Unicode

မကြာသေးမီက အင်ဒိုနီးရှားမှ သတို့သားတစ်ဦးဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါတယ် ။ သူ့ရဲ့ မင်္ဂလာပွဲ အငွေ့အသက်တွေကို မျှဝေပြီးနောက် အင်တာနက်သုံးစွဲသူတွေကို အံ့အားသင့်စေတာကတော့ ဒီပွဲလေးမှာ သတို့သားက အဝတ်မဝတ်ထားဘဲ သူ့ရဲ့ ရင်သပ်ရှုမောဖွယ်ရာ ကြွက်သားတွေကို အတွဲလိုက် ပြသခဲ့ပါတယ် ။ အဆိုပါဗီဒီယိုကို Tiktok အသုံးပြုသူ @farezafeb မှ တင်ထားခဲ့ပြီး ရှပ်အင်္ကျီကို ချွတ်က အခမ်းအနားထဲမှာ သတိုါသားက သူ့ရဲ့ကြွက်သားတွေ ပြသထားတာကို မြင်တွေ့နိုင်ပါတယ် ။ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ဆိုတဲ့ အတွင်းအပြင်ကို သန့်စင်ရမှာဖြစ်တဲ့အတွက် သတို့သားကို အင်္ကျီကို ချွတ်ခိုင်းတာပါ ။

လတ်တလောမှာတော့ သတို့သားရဲ့ ဗီဒီယိုဖိုင်ဟာ အင်တာနက်အသုံးပြုသူ အများအပြားကို ဖမ်းစားနိုင်ခဲ့ပါတယ် ။ ကြည့်ရှုသူ 10 သန်းကျော်နဲ့ အင်တာနက်သုံးစွဲသူတွေက သူ့ရဲ့ကြွက်သားအကြောင်း ပြောဆိုနေကြပါတယ် ။ ဟုတ်ပါတယ်၊ သူက ဒီလို ကြွက်သားတောင့်တင်းတဲ့ အသွင်ကို ဆောင်နိုင်ခဲ့တာက သတို့သားဟာ ကာယဗလသမားဖြစ်ပြီး အဆင့်များစွာမှာ ယှဉ်ပြိုင်ဖူးသူဖြစ်တာကြောင့် လေ့ကျင့်ရေးဆရာတစ်ယောက်လည်း ဖြစ်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "မင်္ဂလာခန်းမထဲမှာ သတို့သားရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကြွက်သားတွေကြောင့် အခမ်းအနားအတွင်းသို့ လူများစွာ စုပြုံရောက်ရှိလာကြတဲ့အဖြစ်"

Leave a comment

Your email address will not be published.


*