လင္မယားခ်င္းရန္ျဖစ္ရင္း ကေလးကိုေခၚၿပီးတိုက္ေပၚကခုန္ခ်ဖို႔စီစဥ္ခဲ့တဲ့မိခင္ေၾကာင့္ ကံဆိုးခဲ့ရတဲ့ကေလးငယ္အျဖစ္(႐ုပ္သံ)

လင္မယားခ်င္းရန္ျဖစ္စကားမ်ားၾကတာကေတာ့ သာမွန္ျဖစ္ေနက်ကိစၥရပ္ျဖစ္ဆိုေပမဲ့လည္း စိတ္ထိခိုက္မႈအမ်ားဆံုးျဖစ္ၾကရတာကေတာ့ ၾကားမွာ႐ွိေနတဲ့ ကေလးငယ္ေတြပါဘဲ ။ ဒီတစ္ေခါက္မွာလည္း 4ႏွစ္အရြယ္ေကာင္ေလးဟာ မိဘေတြခ်င္းစကားမ်ားရန္ျဖစ္ၾကရင္းနဲ႔ ကံဆိုးစြာနဲ႔ တိုက္ရဲ႕ 14လႊာကေနျပဳတ္က်ခဲ့ရတဲ့ အျဖစ္မ်ိဳးနဲ႔ၾကံဳေတြ႔ခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ တ႐ုတ္ႏိုင္ငံ Anhui ျပည္နယ္မွာေနထိုင္တဲ့ စံုတြဲဟာ ၿပီးခဲ့တဲ့ December 30 ရက္ေန႔ ညေနခင္း 4နာရီ အခ်ိန္ခန္႔မွာ ရန္ျဖစ္စကားမ်ားခဲ့ၾကပါတယ္ ။

လင္မယားခ်င္းရန္ျဖစ္စကားမ်ားၾကရင္း စိတ္ဆိုးေဒါသထြက္ခဲ့ၾကကာ ဇနီးျဖစ္သူက 4ႏွစ္အရြယ္သားေလးရဲ႕ လက္ကိုကိုင္ဆြဲၿပီး 14လႊာမွာ႐ွိတဲ့ တိုက္ခန္းရဲ႕ပုတင္းေပါက္ကေန ခုန္ခ်ဖို႔ႀကိဳးစားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ခင္ပြန္းျဖစ္သူက ဇနီးသည္ရဲ႕လက္ေမာင္းကိုလွမ္းဆြဲၿပီး သူမကိုတိုက္ခန္းထဲသို႔ျပန္ဆြဲေခၚႏိုင္ခဲ့ေပမဲ့လည္း ဇနီးသည္ဟာ ႐ုတ္တရက္သားေလးရဲ႕လက္ကို လြတ္မိသြားခဲ့လို႔ ကံဆိုးစြာနဲ႔ ကေလးငယ္ဟာ ေအာက္ဖက္ေျမျပင္ေပၚအထိျပဳတ္က်သြားခဲ့ရပါတယ္ ။

လူနာတင္ကားမ်ား ႏွင့္ ေဆးအကူအဖြဲ႔မ်ားက အခင္းျဖစ္ပြားရာေနရာသို႔ အလ်င္အျမန္လာေရာက္ခဲ့ၾကေပမဲ့လည္း ကံဆိုးစြာနဲ႔ပဲ ကေလးငယ္ဟာ အသက္ေသဆံုးနင့္သြားၿပီျဖစ္တဲ့အတြက္ ကေလးရဲ႕အသက္ကို မကယ္တင္ႏိုင္ခဲ့ပါဘူး ။ အဆိုပါလင္မယားစံုတြဲဟာ အသက္ 30 အရြယ္႐ွိၾကၿပီး ၊ ကေလးငယ္ကို ပိတ္ရက္ေတြမွာဆိုရင္ အဘြားျဖစ္သူကအျမဲထိန္းေက်ာင္းေပးေလ့႐ွိေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လင်မယားချင်းရန်ဖြစ်စကားများကြတာကတော့ သာမှန်ဖြစ်နေကျကိစ္စရပ်ဖြစ်ဆိုပေမဲ့လည်း စိတ်ထိခိုက်မှုအများဆုံးဖြစ်ကြရတာကတော့ ကြားမှာရှိနေတဲ့ ကလေးငယ်တွေပါဘဲ ။ ဒီတစ်ခေါက်မှာလည်း 4နှစ်အရွယ်ကောင်လေးဟာ မိဘတွေချင်းစကားများရန်ဖြစ်ကြရင်းနဲ့ ကံဆိုးစွာနဲ့ တိုက်ရဲ့ 14လွှာကနေပြုတ်ကျခဲ့ရတဲ့ အဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ တရုတ်နိုင်ငံ Anhui ပြည်နယ်မှာနေထိုင်တဲ့ စုံတွဲဟာ ပြီးခဲ့တဲ့ December 30 ရက်နေ့ ညနေခင်း 4နာရီ အချိန်ခန့်မှာ ရန်ဖြစ်စကားများခဲ့ကြပါတယ် ။

လင်မယားချင်းရန်ဖြစ်စကားများကြရင်း စိတ်ဆိုးဒေါသထွက်ခဲ့ကြကာ ဇနီးဖြစ်သူက 4နှစ်အရွယ်သားလေးရဲ့ လက်ကိုကိုင်ဆွဲပြီး 14လွှာမှာရှိတဲ့ တိုက်ခန်းရဲ့ပုတင်းပေါက်ကနေ ခုန်ချဖို့ကြိုးစားခဲ့ပါတယ် ။ သို့ပေမဲ့လည်း ခင်ပွန်းဖြစ်သူက ဇနီးသည်ရဲ့လက်မောင်းကိုလှမ်းဆွဲပြီး သူမကိုတိုက်ခန်းထဲသို့ပြန်ဆွဲခေါ်နိုင်ခဲ့ပေမဲ့လည်း ဇနီးသည်ဟာ ရုတ်တရက်သားလေးရဲ့လက်ကို လွတ်မိသွားခဲ့လို့ ကံဆိုးစွာနဲ့ ကလေးငယ်ဟာ အောက်ဖက်မြေပြင်ပေါ်အထိပြုတ်ကျသွားခဲ့ရပါတယ် ။

လူနာတင်ကားများ နှင့် ဆေးအကူအဖွဲ့များက အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်လာရောက်ခဲ့ကြပေမဲ့လည်း ကံဆိုးစွာနဲ့ပဲ ကလေးငယ်ဟာ အသက်သေဆုံးနင့်သွားပြီဖြစ်တဲ့အတွက် ကလေးရဲ့အသက်ကို မကယ်တင်နိုင်ခဲ့ပါဘူး ။ အဆိုပါလင်မယားစုံတွဲဟာ အသက် 30 အရွယ်ရှိကြပြီး ၊ ကလေးငယ်ကို ပိတ်ရက်တွေမှာဆိုရင် အဘွားဖြစ်သူကအမြဲထိန်းကျောင်းပေးလေ့ရှိကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment