လှချင်လွန်းလို့ မျက်တောင်တုသွားဆက်ခဲ့ပေမဲ့ ဓာတ်မတည့်မှုကြောင့် မျက်လုံးများယောင်ကိုင်းလာပြီး ဆေးရုံရောက်သွားခဲ့ရတဲ့ မိန်းကလေးတစ်ဦး

မကြာသေးမီက အလှအပကြိုက်တဲ့ပရိသတ်တော်တော်များများဟာ အမျိုးသမီးတစ်ဦးရဲ့ဓါတ်မတည့်ခြင်းရဲ့တုံ့ပြန်မှုကို တွေ့လိုက်ရပြီးနောက် တထိတ်တလန့်နဲ့ ၎င်းတို့ရဲ့မျက်တောင်မွေးဆက်မယ့် ချိန်းရက်များကို ဖျက်သိမ်းခဲ့ကြပါတယ်။ အကြောင်းက Cicely လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ မျက်တောင်ဆက်ပြီးရလာတဲ့ရလဒ်အတွက် စိတ်လှုပ်ရှားနေရမဲ့အစား ဆေးရုံကုတင်ပေါ်ရောက်သွားခဲ့ရတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ဗီဒီယိုများဖြစ်တဲ့ သူမရဲ့မျက်တောင်ဆက်ခြင်းခရီးစဉ်ကို မှတ်တမ်းတင်သည့် ဗီဒီယိုဖိုင်ကို TikTok တွင် မျှဝေခဲ့ခြင်းကြောင့်ဘဲဖြစ်ပါတယ်။ ” မနေ့က ကျွန်မမှာ ဓာတ်မတည့်မှုအသစ်ရှိမှန်း သိလိုက်ရတယ် ” လို့ Cicely က ဗီဒီယိုထဲမှာရေးခဲ့ပြီး ၊မယုံနိုင်စရာကောင်းလောက်အောင် ရောင်နေတဲ့ မျက်လုံးတွေနဲ့ဗီဒီယိုကို ထပ်မတင်ပေးခင်မှာ သူမဟာ ၎င်းအဖြစ်အပျက်က သူမ ပထမဆုံး မျက်တောင်ဆက်ပြီး 10 နာရီအကြာမှာ ဖြစ်ပျက်ခဲ့တာလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Cicely ရဲ့ဗီဒီယိုဟာ လူအများအပြားအား ၎င်းတို့လည်း အလားတူ ဓါတ်မတည့်သည့် တုံ့ပြန်မှုများရှိကြောင်းဝန်ခံရန် လှုံ့ဆော်ခဲ့သလို အခြားသူများကတော့ သူမရဲ့အဖြစ်ကြောင့် ၎င်းတို့ရဲ့ မျက်တောင်ဆက်မဲ့ရက်ချိန်းတွေကို တစ်ခါပြန်စဉ်းစားခဲ့ရကြောင်း ဝန်ခံခဲ့ကြပါတယ်။

ထို့ပြင် အချို့သောသူများက ယခင်က သက်တမ်းတိုးရန် ချိန်းဆိုမှုများ အများအပြား ပြုလုပ်ပြီးနောက် ၎င်းတို့ရဲ့ ဓါတ်မတည့်မှု တုံ့ပြန်မှုအမျိုးမျိုး ဖြစ်ပွါးခဲ့ကြောင်းကိုလည်း ဖော်ပြခဲ့ကြပါတယ်။

“ ၃နှစ်လုံးလုံး အဲ့လို မျက်တောင်ဆက်ခဲ့ပြီးနောက်မှာ ငါလည်း အလားတူဖြစ်ရပ်မျိုး ကြုံခဲ့ရတယ် ” ၊ “ ကျွန်မ အဲဒါတွေကို နှစ်အတော်ကြာ လုပ်ခဲ့ပြီးတော့ ရုတ်တရက် ပြင်းပြင်းထန်ထန် ဓာတ်မတည့်မှုဖြစ်လာခဲ့တယ်၊ ကျွန်မတုန်းကလည်း ရှင့်လို တစ်ပုံစံတည်းဘဲ ” နှင့် “ ငါ့တုန်းကလည်း ဒေါ်လာ ၁၈၀ ပေးလုပ်ခဲ့ရတာ ၊ ဓာတ်မတည့်တော့ အဲ့တာတွေအားလုံးကို ပြန်ခွါခဲ့ရတယ် ” ဟုလည်း မှတ်ချက်ပေးခဲ့ကြပါတယ်။

Cicely ဟာ မျက်တောင်တုတွေနှင့် ဓါတ်မတည့်တာလား ဒါမှမဟုတ် ၎င်းတို့ကို ကပ်ဖို့သုံးတဲ့ ကော်နဲ့ ဓာတ်မနည့်တာလားဆိုတာကိုတော့ သေချာမသိခဲ့ရပါဘူး။ သို့ပေမဲ့လည်း အခြားဗီဒီယိုတစ်ခုမှာ သူမက တစ်စုံတစ်ဦးအား ကနဦးအစပိုင်းတော့ မနာပေမဲ့ နောက်ပိုင်းမှာ သူမရဲ့မျက်တောင်တွေက နာကျင်လာကြောင်း ပြန်ဖြေပေးခဲ့ပါတယ်။

၎င်းဓာတ်မထည့်မှုနှင့်ပတ်သက်ပြီး သူမက “ ကျွန်မ မျက်လုံးတွေ ရောင်ရမ်းလာပြီး လည်ချောင်းတွေလည်း ရောင်ရမ်းလာသလို အင်ပျဉ်တွေ ဖုံးလွှမ်းသွားပြီး အသက်ရှူရ အရမ်းခက်လာခဲ့တယ် ၊ တကယ့်ကို နာကျင်ရဆုံးအပိုင်းကတော့ မျက်တောင်တုတွေကို ဖယ်ရှားလိုက်တဲ့အချိန်ဘဲ၊ သုံးလေးနာရီအတွင်းမှာပဲ ကျွန်မ မျက်လုံးပြန်မြင်လာရတယ်။ အားလုံး ခြုံပြီးပြောရရင်တော့ မဆိုးပါဘူး ” ဟု ပြောကြားခဲ့ပါသေးတယ်။

သို့ပေမဲ့ Cicely ဟာ သူမရဲ့ဓာတ်မတည့်မှုရဲ့ရလဒ်အစား သူမဟာ မျက်တောင်ရှည်ရှည်ကော့ကောလေးတွေကို သဘောကျတဲ့သူတစ်ယောက်ဖြစ်တာကြောင့် သူမအနေနဲ့ အခြားသူတွေကို မလုပ်ဖို့ ဘယ်သောအခါမှ ပြောမှာမဟုတ်ဘူးလို့လည်း ထပ်မံ ပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : nypost

Be the first to comment on "လှချင်လွန်းလို့ မျက်တောင်တုသွားဆက်ခဲ့ပေမဲ့ ဓာတ်မတည့်မှုကြောင့် မျက်လုံးများယောင်ကိုင်းလာပြီး ဆေးရုံရောက်သွားခဲ့ရတဲ့ မိန်းကလေးတစ်ဦး"

Leave a comment

Your email address will not be published.


*