JRose (Mckzone daily)
Reference : khaosod
Unicode
အသက် 25 နှစ်အရွယ် Idol အဖွဲ့ဟောင်းဖြစ်တဲ့ Michela Wako Sato အမည်ရှိ မိန်းကလေးဟာ ၉.၉ စင်တီမီတာရှည်တဲ့ အလွန်ထူးခြားသောလျှာကို ပြသပြီးနောက် အင်တာနက်ပေါ်မှာ တစ်ဖန်ပြန်လည်ရောက်ရှိနေပြီ နာမည်ကြီးနေခဲ့ပါတယ် ။ Michaela ရဲ့လျှာဟာ 9.9 စင်တီမီတာရှည်ပြီး၊ သူမက US အမျိုးသား Nit Stobel ထက် 0.1 စင်တီမီတာသာ ပိုတိုပါတယ် ။ ဒါပေမဲ့လည်း Michaela က ဂျပန်နိုင်ငံမှာ လျှာအရှည်ဆုံးဆုကို ရရှိထားတာပါ ။
နောက်ပြီး Michaela ဟာ သူမရဲ့ လျှာကို ပုံဏ္ဍာန်အမျိုးမျိုးဖြင့် ခေါက်ပြလှိမ့်ပြနိုင်ခဲ့တာကြောင့် YouTube မှာ ဗီဒီယိုတွေတင်ပြီးနောက် အလွန်ရေပန်းစားလာခဲ့ပါတယ် ။ အင်တာနက်အသုံးပြုသူများကတော့ “ဒါဟာ ထမင်းစားတဲ့အခါ ခက်ခဲမယ်ထင်ပါတယ်။”လို့ မှတ်ချက်များပေးလာကြပါတယ် ။
JRose (Mckzone daily)
Be the first to comment on "လျှာအရှည် 10 စင်တီမီတာနီးပါးရှိတဲ့အတွက် ကမ္ဘာပေါ်မှာ လျှာအရှည်ဆုံးအမျိုးသမီး ဖြစ်လာခဲ့တဲ့ အသက် 25 နှစ်အရွယ်မိန်းကလေး(ရုပ်သံ)"