နှစ်ဦးသား လက်ထပ်လိုက်ပြီးနောက် အသားအရောင်နှင့်အရပ်အမောင်းက ကွာခြားလွန်းနေတာကြောင့် လူအများထံမှအထူးတလည်အာရုံစိုက်ခံနေရတဲ့ စုံတွဲ

တစ်ခါတလေ ဘဝမှာ မင်းကို သဘောကျဖို့ ချိန်းတွေ့နေတဲ့လူအတွက် မင်းက ချောမောလှပနေဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ရဲ့ဖြူစင်တဲ့စိတ်ဆန္ဒကိုသာ ကြည့်ပြီး အဲ့ဒီလူရဲ့အသွင်အပြင်ကို တကယ်မကြည့်တဲ့သူတွေရှိနေခြင်းကြောင့်ပါဘဲ။ ရုပ်ရည်၊ ပုံသဏ္ဍာန်၊ အရပ်အမြင့်၊ ယဉ်ကျေးမှု သို့မဟုတ် အသားအရောင်တို့ဟာ နှစ်ကိုယ်ကြား ချစ်ခြင်းမေတ္တာတည်ဆောက်နေကြတဲ့လူနှစ်ဦးအတွက် အရေးမကြီးပါဘူး။ ဖိလစ်ပိုင် ပရော်ဖက်ရှင်နယ် ရေလွှာလျှောစီးသမားဖြစ်တဲ့ John Mark Tokong ဟာ လှပတဲ့ နိုင်ငံခြားသူဖြစ်တဲ့ Danni Hughes နှင့် လက်ထပ်ပြီးနောက်မှာ လူမှုကွန်ရက်ပေါ်မှာ လူသိများ ပျံ့နှံ့သွားခဲ့ပါတယ်။

၎င်းတို့ရဲ့ Instagram အကောင့်မှာ တင်ထားတဲ့ ပို့စ်တစ်ခုမှာတော့ သူတို့နှစ်ဦးရဲ့ ကြိုတင်ဖန်တီးထားတဲ့ အလွန်ကဗျာဆန်သော ဥယျာဉ်တစ်ခုဖြစ်တဲ့ မင်္ဂလာပွဲကျင်းပမယ့်နေရာကို မျှဝေထားခဲ့ပါတယ်။

အသားအရောင် ကွဲပြားတဲ့အပြင် သူတို့ရဲ့ အရပ်အမောင်းကလည်း ကွာခြားလွန်းနေတာကြောင့် လူတော်တော်များများက John Mark နဲ့ Danni တို့ရဲ့ဆက်ဆံရေးကို အံ့အားသင့်နေခဲ့ကြပါတယ်။

၎င်းတို့ရဲ့မျှဝေထားတဲ့ ဓာတ်ပုံတွေထဲမှာတော့ ချစ်ဖို့ကောင်းပြီး ၎င်းတို့ချစ်သူနှစ်ဦးတို့ရဲ့မျက်နှာကို ပေါင်းစပ်ထားသလိုဖြစ်နေတဲ့ ၎င်းတို့ရဲ့သမီးလေး Olive ကိုလည်းတွေ့မြင်နိုင်ပါတယ်။ ယမန်နှစ်မှာ John Mark ဟာ Siargao Cloud 9 International Surfing Cup ဟုခေါ်သော 25 ကြိမ်မြောက်ပြိုင်ပွဲတွင် သူ့ရဲ့လှိုင်းစီးခြင်းစွမ်းရည်ကို အကောင်းဆုံး သက်သေပြခဲ့ပါသေးတယ်။

သူနှင့်သူ့မိသားစုတို့ရဲ့ လှိုင်းစီးခြင်းကို နှစ်သက်ကြောင်း တက်ကြွစွာပြသမှုကြောင့် လူအများအပြားဟာလည်း ဆိုရှယ်မီဒီယာပေါ်၌ John Mark ၏ပရိသတ်များဖြစ်လာခဲ့ကြပါတယ်။

ဤချစ်သူနှစ်ဦးပြသသွားခဲ့သည့်အရာမှ ရှင်းလင်းသိသာထင်ရှားနေတဲ့တစ်ခုတည်းသောအချက်ကတော့ အရေးကြီးဆုံးက သင့်နှလုံးသားရဲ့လက်တွဲဖော်က သင့်မှာ ရှိနေတဲ့လူဘဲဖြစ်တာကြောင့် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင် ပုံစံအသွင်အပြင်တွေက အဓိကမဟုတ်ဘူးဆိုတဲ့အချက်ဘဲဖြစ်ပါတယ်။

ဒါ့ကြောင့် မင်းအတွက် မင်းရဲ့ဖူးစာရှင်က ရှိနေပြီးသားဖြစ်တာကြောင့် မင်းမှာရှိတဲ့အရာအားလုံးနဲ့ မင်းရဲ့ဖြစ်တည်မှုတစ်ခုလုံးကို ကျေကျေနပ်နပ်ကြီး လက်ခံထားလိုက်ပါဗျာ။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "နှစ်ဦးသား လက်ထပ်လိုက်ပြီးနောက် အသားအရောင်နှင့်အရပ်အမောင်းက ကွာခြားလွန်းနေတာကြောင့် လူအများထံမှအထူးတလည်အာရုံစိုက်ခံနေရတဲ့ စုံတွဲ"

Leave a comment

Your email address will not be published.


*