သစ္ပင္ေတြကို ခုတ္ျဖတ္ခံရျခင္းမွ ကာကြယ္ရန္အတြက္ သူမရဲ႕ မ်ိဳး႐ိုးအမည္ကို ေျပာင္းၿပီး သစ္ပင္နဲ႔ လက္ထပ္ခဲ့တဲ့ အမ်ိဳးသမီးငယ္

Merseyside မွာ အဂၤလိပ္အမ်ိဳးသမီးတစ္ဦးက သူမေနထိုင္တဲ့ ႐ြာရွိ သစ္ပင္အိုႀကီးတစ္ပင္နဲ႔ လက္ထပ္ၿပီးေနာက္ ၎ရဲ႕မ်ိဳး႐ိုးအမည္ကို ‘Elder’ လို႔ ေျပာင္းလဲခဲ့ပါတယ္ ။ ေနာက္ပိုင္းမွာ အဆိုပါအျဖစ္အပ်က္ဟာ ၿဗိတိသွ်ကြၽန္းစုမ်ားမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္ ။ အသက္ ၃၇ ႏွစ္အ႐ြယ္ Kate Cunningham အမည္ရွိ အမ်ိဳးသမီးက အိမ္ေထာင္က်ၿပီးေနာက္ ၎ရဲ႕မ်ိဳး႐ိုးအမည္ကို “Elder” အျဖစ္ေျပာင္းၿပီး ၃ႏွစ္ၾကာေအာင္ သစ္ပင္နဲ႔အတူေနထိုင္ႏိုင္ရန္ 2013 ခုႏွစ္မွာ သစ္ပင္ကို လက္ထပ္ခဲ့ပါတယ္ ။

Kate က သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးသမားျဖစ္တာေၾကာင့္ Autism ရွိတဲ့ သားျဖစ္သူကိုလည္း ျပဳစုေစာင့္ေရွာက္ခဲ့ရပါတယ္ ။ ယခင္က သစ္ပင္ခုတ္လွဲျခင္းကို ဆန႔္က်င္တဲ့အေနျဖင့္ သူမက အဆိုပါသစ္ပင္တည္ရွိရာ ေဒသပန္းၿခံကိုျဖတ္ၿပီး လမ္းေဖာက္ရန္ လမ္းေဖာက္လုပ္ခဲ့ဖူးပါတယ္ ။ Kate က သစ္႐ြက္မ်ားနဲ႔ ပန္းမ်ားျဖင့္ ျပဳလုပ္ထားတဲ့ မဂၤလာဝတ္စုံကို ၀တ္ဆင္ထားၿပီး တီးဝိုင္းနဲ႔ ဘုန္းေတာ္ႀကီးတစ္ပါးက အခမ္းအနားကို အေလးအနက္က်င္းပေပးခဲ့ပါတယ္ ။ Kate က သူ႔ခင္ပြန္းျဖစ္တဲ့ သစ္ပင္အိုႀကီးဆီကို တစ္ပတ္လွ်င္ ၅ ႀကိမ္ လာလည္ေလ့ရွိၿပီး အခုတတိယအႀကိမ္ေျမာက္ ခရစၥမတ္ကို အတူက်င္းပကာ သစ္ပင္အိုႀကီးကို လွလွပပ အလွဆင္ေပးထားပါတယ္ ။

ဒါေပမယ့္ သူမရဲ႕ တကယ့္လူခင္ပြန္း အပါအဝင္ Kate ရဲ႕ မိသားစုက သူမရဲ႕ ဆုံးျဖတ္ခ်က္ကို အျပည့္အဝ ေထာက္ခံခဲ့ပါတယ္ ။ Kate က သူ႔အတြက္ သစ္ပင္တိုင္းဟာ လူသားျဖစ္ေၾကာင္း သူမခံယူထားပါတယ္ ။ သစ္ပင္တို႔မွာ အရာဝတၳဳမ်ားနဲ႔ ခ်ည္ေႏွာင္ထားႏိုင္တဲ့ အသက္နဲ႔ စြမ္းအင္မ်ားရွိတယ္လို႔လည္း Kate က ဆိုပါတယ္ ။ “လူေတြက ကြၽန္မကို သစ္ပင္တစ္ပင္နဲ႔ ဘာေၾကာင့္လက္ထပ္ရသလဲလို႔ ေမးၾကပါတယ္။ ကြၽန္မျပန္ေျဖႏိုင္တာက ဒီသစ္ပင္ကို ခ်စ္တယ္၊ ဒါေၾကာင့္ ကြၽန္မ သစ္ပင္နဲ႔လက္ထပ္တယ္” လို႔ Kate က ေျပာၾကားခဲ့ပါတယ္ ။

JRose (Mckzone daily)

Reference : khaosod

Unicode

Merseyside မှာ အင်္ဂလိပ်အမျိုးသမီးတစ်ဦးက သူမနေထိုင်တဲ့ ရွာရှိ သစ်ပင်အိုကြီးတစ်ပင်နဲ့ လက်ထပ်ပြီးနောက် ၎င်းရဲ့မျိုးရိုးအမည်ကို ‘Elder’ လို့ ပြောင်းလဲခဲ့ပါတယ် ။ နောက်ပိုင်းမှာ အဆိုပါအဖြစ်အပျက်ဟာ ဗြိတိသျှကျွန်းစုများမှာ ပျံ့နှံ့သွားခဲ့ပါတယ် ။ အသက် ၃၇ နှစ်အရွယ် Kate Cunningham အမည်ရှိ အမျိုးသမီးက အိမ်ထောင်ကျပြီးနောက် ၎င်းရဲ့မျိုးရိုးအမည်ကို “Elder” အဖြစ်ပြောင်းပြီး ၃နှစ်ကြာအောင် သစ်ပင်နဲ့အတူနေထိုင်နိုင်ရန် 2013 ခုနှစ်မှာ သစ်ပင်ကို လက်ထပ်ခဲ့ပါတယ် ။

Kate က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားဖြစ်တာကြောင့် Autism ရှိတဲ့ သားဖြစ်သူကိုလည်း ပြုစုစောင့်ရှောက်ခဲ့ရပါတယ် ။ ယခင်က သစ်ပင်ခုတ်လှဲခြင်းကို ဆန့်ကျင်တဲ့အနေဖြင့် သူမက အဆိုပါသစ်ပင်တည်ရှိရာ ဒေသပန်းခြံကိုဖြတ်ပြီး လမ်းဖောက်ရန် လမ်းဖောက်လုပ်ခဲ့ဖူးပါတယ် ။ Kate က သစ်ရွက်များနဲ့ ပန်းများဖြင့် ပြုလုပ်ထားတဲ့ မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားပြီး တီးဝိုင်းနဲ့ ဘုန်းတော်ကြီးတစ်ပါးက အခမ်းအနားကို အလေးအနက်ကျင်းပပေးခဲ့ပါတယ် ။ Kate က သူ့ခင်ပွန်းဖြစ်တဲ့ သစ်ပင်အိုကြီးဆီကို တစ်ပတ်လျှင် ၅ ကြိမ် လာလည်လေ့ရှိပြီး အခုတတိယအကြိမ်မြောက် ခရစ္စမတ်ကို အတူကျင်းပကာ သစ်ပင်အိုကြီးကို လှလှပပ အလှဆင်ပေးထားပါတယ် ။

ဒါပေမယ့် သူမရဲ့ တကယ့်လူခင်ပွန်း အပါအဝင် Kate ရဲ့ မိသားစုက သူမရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံခဲ့ပါတယ် ။ Kate က သူ့အတွက် သစ်ပင်တိုင်းဟာ လူသားဖြစ်ကြောင်း သူမခံယူထားပါတယ် ။ သစ်ပင်တို့မှာ အရာဝတ္ထုများနဲ့ ချည်နှောင်ထားနိုင်တဲ့ အသက်နဲ့ စွမ်းအင်များရှိတယ်လို့လည်း Kate က ဆိုပါတယ် ။ “လူတွေက ကျွန်မကို သစ်ပင်တစ်ပင်နဲ့ ဘာကြောင့်လက်ထပ်ရသလဲလို့ မေးကြပါတယ်။ ကျွန်မပြန်ဖြေနိုင်တာက ဒီသစ်ပင်ကို ချစ်တယ်၊ ဒါကြောင့် ကျွန်မ သစ်ပင်နဲ့လက်ထပ်တယ်” လို့ Kate က ပြောကြားခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "သစ္ပင္ေတြကို ခုတ္ျဖတ္ခံရျခင္းမွ ကာကြယ္ရန္အတြက္ သူမရဲ႕ မ်ိဳး႐ိုးအမည္ကို ေျပာင္းၿပီး သစ္ပင္နဲ႔ လက္ထပ္ခဲ့တဲ့ အမ်ိဳးသမီးငယ္"

Leave a comment

Your email address will not be published.


*