သာမန်လူကြီးဘဝနဲ့ ရှင်သန်နေထိုင်ဖို့ ရုန်းကန်နေရကြောင်းကိုရှင်းပြခဲ့တဲ့ အရပ် ၃ ပေ၊ ၁၀ လက်မရှိ အသက် 22 နှစ်အရွယ် အမျိုးသမီးတစ်ဦး

ဒီလာမဲ့ ဇန်နဝါရီလ 11 ရက်နေ့မှာ စတင်ပြသမည့် TLC ဖြစ်ရပ်မှန်စီးရီးသစ် ‘I Am Shauna Rae’ ဇာတ်ကားဟာ မွေးကင်းကလေးကတည်းက ဦးနှောက်ကင်ဆာရဲ့ဘေးထွက်ဆိုးကျိုးကြောင့် ကြီးထွားမှုနှုန်းနှေးကွေးတဲ့ အသက် 22 နှစ်အရွယ် Shauna Rae အမည်ရှိမိန်းကလေးတစ်ဦးရဲ့ဘဝဇာတ်လမ်းကို မှတ်တမ်းတင်ထားတာဘဲဖြစ်ပါတယ်။ ” ကျွန်မက မွေးကတည်းက ရှားပါးတဲ့ ဦးနှောက်ကင်ဆာတစ်မျိုးကိုတွေ့ရှိခဲ့တယ်၊ အဲ့ရောဂါဓာတုကုထုံးကိုခံယူတဲ့အချိန်မှာ ကျွန်မ ခြောက်လသမီးအရွယ်သာ ရှိပါသေးတယ်။ ကျွန်မရဲ့အခုလို ပုပြီးသေးနေရတာက မွေးကင်းစကလေးဘဝက ဦးနှောက်ကင်ဆာရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုကြောင့်ပါ၊ ကျွန်မအရပ်က ရှစ်နှစ်သားပျမ်းမျှအရပ်အမြင့်ဖြစ်တဲ့ အရပ် ၃ ပေ၊ ၁၀ လက်မ ဘဲရှိလို့ မကြာခဏ ကလေးလို့ အထင်မှားခံရလေ့ရှိတယ်။ မင်း ငါ့ကိုကြည့်မယ်ဆိုရင် ငါက သာမန်မိန်းကလေးတစ်ယောက်ပဲလို့ မင်းထင်ကောင်းထင်လိမ့်မယ်။

.

.

ဒါပေမယ့် အမှန်က ကျွန်မက အသက် 8 နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ နစ်မြုပ်နေတဲ့ အသက် 22 နှစ်အရွယ် အမျိုးသမီးတစ်ယောက်ပါ။ ” လို့ Shauna Rae က ဇန်နဝါရီလ 11 ရက်နေ့မှာပြသမယ့် သူမရဲ့ရှိုးအသစ်အတွက် review မှာ ပြောခဲ့ပါတယ်။ Shauna ဟာ သူမရဲ့မိခင်ဖြစ်သူက သူမရဲ့ရုပ်ရည်သွင်ပြင်ကြောင့် သူမကိုယ်သူမ ‘ အပြစ်ရှိတယ်လို့ ‘ ခံစားခဲ့ရတာကိုလည်း Shauna က မျက်ရည်စက်များနှင့်ဝန်ခံခဲ့ပါတယ်။ Shauna ဟာ သူမရဲ့အသွင်ပြင်က သူမကို မလွတ်လပ်စေသလိုခံစားရစေပြီး မိဘများက သူမကို ဘယ်သွားသွား ကလေးတစ်ယောက်လို အလွန်ဂရုစိုက်ကြတာကြောင့် သူမလည်း အခြား ၂၀ ကျော်အရွယ်တွေရဲ့လွတ်လပ်မှုမျိုးကို အခိုင်အမာရရှိရန် ကြိုးစားနေကြောင်း ၊

.

.

ထို့ပြင် သူမရဲ့ငယ်ရွယ်နုပျိုတဲ့အသွင်အပြင်က ချိန်းတွေ့ဖို့ ခက်ခဲလွန်းတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ‘ ကျွန်မရဲ့လက်ရှိအချစ်ရေးအခြေအနေကတော့ Single ပါဘဲ ‘ လို့ သူမက ဆိုပါတယ်။ Shauna ဟာ သူမ blind date သွားတဲ့အခါ သူမကိုယ်သူမမိတ်ဆက်တဲ့အခါ ယောက်ျားလေးဖက်က သူမအား ‘ အရွယ်မရောက်သေးတဲ့ကလေးမလေး’ လို့သာ ယောက်တိုင်းထင်ခဲ့ကြကြောင်း ဝန်ခံခဲ့ပါတယ်။ Shauna က သူမဟာ မိသားစုဆီကနေခွင့်ပြုချက်မရဘဲ ဘယ်မှ မသွားနိုင်တဲ့အတွက် အဓိကကတော့ အရင်ဆုံး မိသားစုဆီကနေ လွတ်လပ်ရေးကို ပိုလိုချင်ကြောင်းဆိုခဲ့ပါတယ်။

.

သို့ပေမဲ့ သူမရဲ့အကြောင်းကို အဓိကရိုက်ကူးထားတဲ့စီးရီးရဲ့ Trailer တစ်လျှောက်မှာတော့ Shauna ဟာ သူမနဲ့အသက်အရွယ်တူတဲ့ အခြားအမျိုးသမီးများကဲ့သို့ တက်တူးထိုးခြင်း၊ ရှန်ပိန် ၊ ကော့တေးအချို့နှင့် ဆေးလိပ်တို့ကို နှစ်သက်စွာ သောက်သုံးနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ထို Trailer ကိုကြည့်ပြီးနောက်မှာတော့ မိခင်ဖြစ်သူက ‘ သူ့ကို လွှတ်ပေးလိုက်ဖို့ အဆင်သင့်ဖြစ်ပြီလား ၊ မဖြစ်လားဆိုတာမသိပေမယ့် လွှတ်ထားပေးလိုက်ဖို့တော့ လိုအပ်နေပြီထင်တယ် ‘ လို့ ပြောကြားခဲ့ပါတယ်။ ထို့ပြင် Shauna က ‘ ဒီနှစ်တော့ ကျွန်မအတွက်ဘဲ ၊ ဒီနှစ်ရဲ့ကျွန်မကို အတောက်ပဆုံးဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်’ လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : dailymail

Be the first to comment on "သာမန်လူကြီးဘဝနဲ့ ရှင်သန်နေထိုင်ဖို့ ရုန်းကန်နေရကြောင်းကိုရှင်းပြခဲ့တဲ့ အရပ် ၃ ပေ၊ ၁၀ လက်မရှိ အသက် 22 နှစ်အရွယ် အမျိုးသမီးတစ်ဦး"

Leave a comment

Your email address will not be published.


*