New Year ညမွာ လူေတြရဲ႕အေပ်ာ္လြန္ကဲမႈေၾကာင့္ မီးေလာင္ကြၽမ္းၿပီးေသဆံုးခဲ့ရတဲ့ တိရစာၦန္ရံုက တိရစာၦန္အေကာင္ 30 ရဲ႕အျဖစ္

New Year ညမွာဆိုရင္ ဘယ္လူမ်ိဳး ၊ ဘယ္ဘာသာဝင္ေတြမဆို ႏွစ္သစ္ႀကိဳဆိုတဲ့အေနနဲ႔ တစ္ကမာၻလံုးေပ်ာ္ပြဲရႊင္ပြဲ က်င္းပၾကပါတယ္ ။ ထို႔အျပင္ မီး႐ွဴ းမီးပန္းေလးေတြ ၊ မီးပံုးပ်ံေလးေတြကို လြတ္ၾကၿပီး တစ္ညလံုး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းေလ့႐ွိၾကပါတယ္ ။ သို႔ေပမဲ့လည္း ကံဆိုးစြာနဲ႔ပဲ ဂ်ာမနီႏိုင္ငံမွာ႐ွိတဲ့ တိရစာၦန္ရံုတစ္ခုဟာ New Year ညမွာလြတ္တင္ခဲ့တဲ့ မီးပံုးအေသးေလးေၾကာင့္ အႀကီးအက်ယ္မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ရပါတယ္ ။ သတင္းအရင္းအျမစ္အရ Krefeld တိရစာၦန္ရံုမွာ႐ွိ 21500ေပ ပတ္လည္႐ွိတဲ့ ေမ်ာက္ေလွာင္အိမ္ႀကီးဟာ မီးေလာင္ကြၽမ္းမႈေၾကာင့္ ေမ်ာက္အေကာင္ေရ 30 ခန္႔ေသဆံုးသြားခဲ့ရပါတယ္ ။ ခ်င္ပင္ဇီေမ်ာက္ ႏွစ္ေကာင္ကိုသာ ကယ္တင္ႏိုင္ခဲ့ပါတယ္ ။ ေသဆံုးသြားၾကတဲ့ ေမ်ာက္ေတြထဲမွာဆိုရင္ ႐ွားပါးေအာ္ရန္အူတန္လူဝံမ်ား ၊ ခ်င္ပင္ဇီမ်ား ႏွင့္ marmoset ေမ်ာက္ငယ္ေလးမ်ား ပါဝင္ေၾကာင္း သိ႐ွိရပါတယ္ ။

ရဲအရာ႐ွိေတြရဲ႕ သတင္းထုတ္ျပန္ခ်က္အရ မီးေလာင္ကြၽမ္းမႈဟာ တိရစာၦန္ရံုအနီးဝန္က်င္မွာ လြတ္တင္ခဲ့တဲ့ တ႐ုတ္မီးပံုးပ်ံေလးဟာ အႏွိမ့္ဖက္ပ်ံသန္းသြားရင္းနဲ႔ ေမ်ာက္ေလွာင္အိမ္ေပၚသို႔ျပဳတ္က်ခဲ့ၿပီးေနာက္ မီးေလာင္ကြၽမ္းမႈျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္ ။ ထို႔ေၾကာင့္ မီးပံုးပ်ံလြတ္တင္ခဲ့သူမ်ားကို ႐ွာေဖြေဖာ္ထုတ္စစ္ေဆးသြားမည္ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

အဆိုပါ မီးပံုးပ်ံေတြဟာ ဂ်ာမနီႏိုင္ငံမွာ မၾကာခဏမီးေလာင္ကြၽမ္းမႈျဖစ္ေစခဲ့တဲ့အတြက္ မီးပံုးပ်ံကို မီးေဘးအႏၱရာယ္တစ္ခုအေနနဲ႔ သတ္မွတ္ထားၿပီး ၊ အဆိုပါျဖစ္စဥ္ေၾကာင့္ အျပစ္မဲ့တဲ့ တိရစာၦန္ေလးေတြ ေသဆံုးခဲ့ရတာျဖစ္ပါတယ္ ။ New Year ေန႔မွာ တိရစာၦန္ရံုကိုပိတ္ခဲ့တာျဖစ္တဲ့အတြက္ ေနာက္ဆံုးအခ်ိန္မွာ တိရစာၦန္ေလးေတြနဲ႔ အတူမ႐ွိခဲ့တဲ့အတြက္ ေနာင္တရမိေၾကာင္း တိရစာၦန္ရံုဝန္ထမ္းမ်ားက ေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

New Year ညမှာဆိုရင် ဘယ်လူမျိုး ၊ ဘယ်ဘာသာဝင်တွေမဆို နှစ်သစ်ကြိုဆိုတဲ့အနေနဲ့ တစ်ကမ္ဘာလုံးပျော်ပွဲရွှင်ပွဲ ကျင်းပကြပါတယ် ။ ထို့အပြင် မီးရှူ းမီးပန်းလေးတွေ ၊ မီးပုံးပျံလေးတွေကို လွတ်ကြပြီး တစ်ညလုံး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း ကံဆိုးစွာနဲ့ပဲ ဂျာမနီနိုင်ငံမှာရှိတဲ့ တိရစ္ဆာန်ရုံတစ်ခုဟာ New Year ညမှာလွတ်တင်ခဲ့တဲ့ မီးပုံးအသေးလေးကြောင့် အကြီးအကျယ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရပါတယ် ။ သတင်းအရင်းအမြစ်အရ Krefeld တိရစ္ဆာန်ရုံမှာရှိ 21500ပေ ပတ်လည်ရှိတဲ့ မျောက်လှောင်အိမ်ကြီးဟာ မီးလောင်ကျွမ်းမှုကြောင့် မျောက်အကောင်ရေ 30 ခန့်သေဆုံးသွားခဲ့ရပါတယ် ။ ချင်ပင်ဇီမျောက် နှစ်ကောင်ကိုသာ ကယ်တင်နိုင်ခဲ့ပါတယ် ။ သေဆုံးသွားကြတဲ့ မျောက်တွေထဲမှာဆိုရင် ရှားပါးအော်ရန်အူတန်လူဝံများ ၊ ချင်ပင်ဇီများ နှင့် marmoset မျောက်ငယ်လေးများ ပါဝင်ကြောင်း သိရှိရပါတယ် ။

ရဲအရာရှိတွေရဲ့ သတင်းထုတ်ပြန်ချက်အရ မီးလောင်ကျွမ်းမှုဟာ တိရစ္ဆာန်ရုံအနီးဝန်ကျင်မှာ လွတ်တင်ခဲ့တဲ့ တရုတ်မီးပုံးပျံလေးဟာ အနှိမ့်ဖက်ပျံသန်းသွားရင်းနဲ့ မျောက်လှောင်အိမ်ပေါ်သို့ပြုတ်ကျခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ ထို့ကြောင့် မီးပုံးပျံလွတ်တင်ခဲ့သူများကို ရှာဖွေဖော်ထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

အဆိုပါ မီးပုံးပျံတွေဟာ ဂျာမနီနိုင်ငံမှာ မကြာခဏမီးလောင်ကျွမ်းမှုဖြစ်စေခဲ့တဲ့အတွက် မီးပုံးပျံကို မီးဘေးအန္တရာယ်တစ်ခုအနေနဲ့ သတ်မှတ်ထားပြီး ၊ အဆိုပါဖြစ်စဉ်ကြောင့် အပြစ်မဲ့တဲ့ တိရစ္ဆာန်လေးတွေ သေဆုံးခဲ့ရတာဖြစ်ပါတယ် ။ New Year နေ့မှာ တိရစ္ဆာန်ရုံကိုပိတ်ခဲ့တာဖြစ်တဲ့အတွက် နောက်ဆုံးအချိန်မှာ တိရစ္ဆာန်လေးတွေနဲ့ အတူမရှိခဲ့တဲ့အတွက် နောင်တရမိကြောင်း တိရစ္ဆာန်ရုံဝန်ထမ်းများက ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment