JRose (Mckzone daily)
Reference : yan
Unicode
မကြာသေးမီးက လူငယ်တစ်ယောက်ဟာ မှတ်စုစာအုပ်နဲ့ သူ့ရည်စားအိမ်ကို ပိုက်ဆံတောင်းဖို့လာခဲ့ပါတယ် ။ သူတို့စုံတွဲနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲခဲ့တာ ရက်ပိုင်းပဲရှိပါသေးတယ် ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကောင်လေးက အကြွေးတွေကို ပြန်တောင်းဖို့ သူ့ရည်းစားဟောင်းရဲ့ အိမ်ကို မှတ်စုစာအုပ်နဲ့ လာယူဖို့ ဆုံးဖြတ်လိုက်တာပါ ။ ဗီဒီယိုဖိုင်မှာ မျှဝေထားတာ ကောင်လေးဟာ ကောင်မလေးနဲ့ တွေ့ဆုံရန်အတွက် တံခါးဝမှာ ရပ်ပြီး ကောင်မလေး လာမတွေ့မချင်း နေ့တိုင်းလာစောင့်ခဲ့ပုံရပါတယ် ။
ကောင်လေးက ချစ်သူဟောင်းနဲ့ စကားများရန်ဖြစ်နေစဉ် ကျောပိုးအိတ်မှ မှတ်စုစာအုပ်တစ်အုပ်ကို အလျင်အမြန်ထုတ်ခဲ့ပါတယ် ။ ကောင်လေးရဲ့ စာရင်းအရ “မတ်လ ၈ ရက်နေ့က အင်္ကျီကုန်ကျစရိတ်မှာ ၂၈၆ဝဝဝ ကျပ်ဖြစ်တယ် ။ ဇွန်လ ၁၆ ရက်မှာ မုန့်ဖိုးက နို့လက်ဖက်ရည် ဗီယက်နမ်ငွေ ၂၁၀၀၀ ။ ဟိုးတစ်နေ့က ၂၇၀၀၀ VND ပါ။ တည်းခိုခက မရေတွက်ရသေးပေမယ့် ဘတ်ငွေ ၂ သိန်းကနေ ၃ သိန်းကြား ရှိတယ် ” လို့ ဆိုပြီး ဒါဟာ ရည်းစားဟောင်းက ပြန်ပေးရမှာ အခကြေးငွေဘဲဖြစ်ပါတယ် ။
နေ့စဉ် ၀င်ငွေနဲ့ အသုံးစရိတ်တိုင်းကို ယောက်ျားလေးတစ်ယောက်က ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားတယ်၊ မုန့်ဖိုးကအစ တစ်ခုမကျန့် မှတ်ထားခဲ့တာပါ ။ နောက်ဆုံးမှာ ကောင်လေးကို ပေးဆောင်ရမဲ့ စုစုပေါင်းကုန်ကျစရိတ်မှာ VND 8 သန်းအထိ ရှိပါတယ် ။ Post တင်ပြီးပြီးချင်းမှာပဲ ဒီဗီဒီယိုဟာ အင်တာနက်အသုံးပြုသူတွေရဲ့ မှတ်ချက်တွေ ဆက်တိုက်ရရှိခဲ့ပါတယ်။ ဗီဒီယိုဖိုင်ထဲက လူငယ်လေးရဲ့ အပြုအမူကြောင့် မိန်းကလေးငယ်အတွက် လူအများစုက အလွန်စိတ်မကောင်းဖြစ်နေကြပါတယ် ။
JRose (Mckzone daily)
Be the first to comment on "လမ်းခွဲပြီးရက်ပိုင်းလောက်မှာ မှတ်စုစာအုပ်နဲ့ ရည်းစားဟောင်းအိမ်ကိုလာပြီး မုန့်ဖိုးနဲ့ မိုတယ်ခအတွက် ကုန်ကျစရိတ်တွေကို လာတောင်းခဲ့တဲ့ ကောင်လေး"