JRose (Mckzone daily)
Reference : khaosod
Unicode
ဒီဇင်ဘာလအစောပိုင်းမှာ Ululu McCarthy လို့ခေါ်တဲ့ အမျိုးသားက သူ့ရဲ့ အံ့သြဖွယ် အသွင်ပြောင်းမှုကို Tik Tok မှာ ဗီဒီယိုဖိုင်နဲ့ တင်ခဲ့ပြီး အင်တာနက်သုံးစွဲသူများကို အံ့အားသင့်စေခဲ့ပါတယ် ။ ကလစ်ရဲ့အစမှာ ကိုယ်လုံးကြီးကြီးနဲ့ အပြာရောင်ရှပ်အင်္ကျီဝတ်ပြီး လွယ်အိတ်ကို ကိုင်ဆောင်ထားတဲ့ လူတစ်ဦးကို မြင်တွေ့နိုင်ပြီး နောက် ကလစ်က လူတိုင်းသဘောကျတဲ့ ခန္ဓာကိုယ်နဲ့ ချောမောတဲ့မျက်နှာနဲ့ လူငယ်တစ်ဦးကို ပြထားပါတယ် ။
၎င်းဟာ McCarthy က သူ့ရဲ့ကိုယ်ပိုင်ပြောင်းလဲမှုဖြစ်ကြောင်း ထုတ်ဖော်ပြခဲ့တာပါ ။
ယခင်အလေးချိန် 140 ကီလိုဂရမ်မှ ယနေ့ 82 ကီလိုဂရမ်ဖြစ်ပြီး 58 ကီလိုဂရမ်လောက် McCarthy က လျော့ချပေးနိုင်ခဲ့တာပါ ။ McCarthy က ယခင်ဟာ သူ့ရဲ့ပုံသဏ္ဌာန်ကြောင့် မျက်ငယ်ရတဲ့အဖြစ်တဲ့ မကြာခဏရင်ဆိုင်ခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။ သူရဲ့ ကိုယ်အလေးချိန် အလွန်အကျွံကြောင့် မိန်းကလေးများနဲ့ စကားစမြည်ပြောတဲ့အခါမှာ “Sorry, you are not my type” ဆိုပြီး အပြောခံခဲ့ရတယ်လို့ McCarthy က ဆိုပါတယ် ။
ကိုယ်အလေးချိန် အလွန်အမင်း လျှော့ချပြီးနောက်မှာ McCarthy ရဲ့ ကြိုးစားအားထုတ်မှုများက နောက်ဆုံး သူကြိုးစားရကျိုးနပ်ခဲ့ပါတယ် ။ သူ့မျက်နှာပုံစံက ပိုကြည်လင်လာပြီး ကြည့်ကောင်းတဲ့ ယောက်ျားအဖြစ်နဲ့ သူ့ကိုယ်သူ ယုံကြည်မှုရှိစေခဲ့ပါတယ် ။ အဆိုပါပြုပြင်မွမ်းမံမှုအပိုင်းကို တင်ပြီးတဲ့နောက် ကြည့်ရှုသူအများအပြားက McCarthy ရဲ့ အသွင်ပြောင်းမှုကို အံ့အားသင့်ခဲ့ကြပါတယ် ။
JRose (Mckzone daily)
Be the first to comment on "စိတ်ပျက်စရာကောင်းတဲ့ ခန္ဓာကိုယ်ကနေ ကြည့်ကောင်းပြီး ချောမောတဲ့ လူငယ်တစ်ဦးအဖြစ် အသွင်ပြောင်းနိုင်ခဲ့တဲ့အတွက် လူအများ အံ့သြနေကြတဲ့ အမျိုးသား"