Tyler အမည္ရွိအမ်ိဳးသား ႏွင့္ Lauren အမည္ရွိအမ်ိဳးသမီးတို႔စုံတြဲတစ္တြဲဟာ Stand Up Paddle Boarding မွာ အထူးျပဳထားေသာ ကုမၸဏီတစ္ခုျဖစ္တဲ့ SUP WEEKI ရဲ႕ Florida ျပည္နယ္ရွိ ျမစ္အတြင္း ေလွာ္တက္အေပ်ာ္စီးရန္ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ ထိုၾကည္လင္ျပတ္သားတဲ့ေရထဲမွာ ငါးေတြကို လွမ္းဖမ္းရတာ ကံေကာင္းေပမယ့္ ဒီစုံတြဲကေတာ့ ပိုၿပီးစိတ္လႈပ္ရွားစရာေကာင္းတဲ့အရာနဲ႔ ႀကဳံေတြ႕ခဲ့ၾကရပါတယ္။ ေမွာင္မိုက္တဲ့အရိပ္အယာင္သ႑န္ရွိတဲ့ ႀကီးမားတဲ့ သတၱဝါျဖစ္တဲ့ Manatees ေကာင္ ၁၀ ေကာင္က ၎တို႔စုံတြဲရဲ႕ေနာက္ကေန ျဖည္းျဖည္းခ်င္း ခ်ဥ္းကပ္လာၿပီး ၎တို႔စုံတြဲရဲ႕ေလွာ္တက္ေအာက္ကေန တည္ၿငိမ္လွပစြာ ကူးခတ္သြားခဲ့ၾကပါတယ္။ က်ီစယ္တက္တဲ့ Manatees တစ္ေကာင္ကေတာ့ Lauren ရဲ႕ ေလွာ္တက္ဘုတ္ေအာက္ကေနေတာင္ ကူးခတ္သြားခဲ့ပါေသးတယ္။
ထိုသတၱဝါႀကီးေတြကို Manatees သို႔မဟုတ္ ပင္လယ္ႏြားမ်ားလို႔လည္း လူသိမ်ားပါတယ္။ ထိုသတၱဝါႀကီးမ်ားက သိမ္ေမြ႕တဲ့သတၱဝါမ်ားျဖစ္ၿပီး မ်ိဳးတုံးလုနီးပါးမ်ိဳးစိတ္မ်ားအျဖစ္ အမ်ိဳးအစားခြဲျခားထားပါတယ္။ SUP WEEKI ကုမၸဏီမွ အဖြဲ႕ဝင္တစ္ဦးက ထိုဗီဒီယိုကို တင္လိုက္ၿပီးေနာက္ “ ဒီနားက လူေတြ အျပင္ထြက္တိုင္း Manatees ကို မေတြ႕ဖူးဘူး ၊ ၿပီးေတာ့ Manatees တစ္ေကာင္ေတြ႕ရတာေတာင္ အေတာ္ေလး ကံေကာင္းေနၿပီလို႔ လူအမ်ားက အၿမဲေျပာၾကတယ္။ ဒါေပမဲ့ ဒီစုံတြဲကေတာ့ Manatees ဆယ္ေကာင္ကို တစ္ၿပိဳင္နက္တည္း ေတြ႕ခြင့္ရခဲ့ၾကတယ္!” လို႔ ေရးသားေဖာ္ျပထားခဲ့ပါတယ္။ ဒီေတာ့ ရင္သပ္ရႈေမာဖြယ္ေကာင္းၿပီး စိတ္ဝင္စားစရာလည္းေကာင္းတဲ့ ၎ရွားပါးဗီဒီယိုကို ေအာက္မွာ ဆက္လက္ ၾကည့္ရႈသြားလိုက္ၾကပါအုံးဗ်။
.
.
.
.
Jasmine (Mckzone daily)
Reference : goodtimes
Unicode
Tyler အမည်ရှိအမျိုးသား နှင့် Lauren အမည်ရှိအမျိုးသမီးတို့စုံတွဲတစ်တွဲဟာ Stand Up Paddle Boarding မှာ အထူးပြုထားသော ကုမ္ပဏီတစ်ခုဖြစ်တဲ့ SUP WEEKI ရဲ့ Florida ပြည်နယ်ရှိ မြစ်အတွင်း လှော်တက်အပျော်စီးရန် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ထိုကြည်လင်ပြတ်သားတဲ့ရေထဲမှာ ငါးတွေကို လှမ်းဖမ်းရတာ ကံကောင်းပေမယ့် ဒီစုံတွဲကတော့ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အရာနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ မှောင်မိုက်တဲ့အရိပ်အယာင်သဏ္ဍန်ရှိတဲ့ ကြီးမားတဲ့ သတ္တဝါဖြစ်တဲ့ Manatees ကောင် ၁၀ ကောင်က ၎င်းတို့စုံတွဲရဲ့နောက်ကနေ ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး ၎င်းတို့စုံတွဲရဲ့လှော်တက်အောက်ကနေ တည်ငြိမ်လှပစွာ ကူးခတ်သွားခဲ့ကြပါတယ်။ ကျီစယ်တက်တဲ့ Manatees တစ်ကောင်ကတော့ Lauren ရဲ့ လှော်တက်ဘုတ်အောက်ကနေတောင် ကူးခတ်သွားခဲ့ပါသေးတယ်။
ထိုသတ္တဝါကြီးတွေကို Manatees သို့မဟုတ် ပင်လယ်နွားများလို့လည်း လူသိများပါတယ်။ ထိုသတ္တဝါကြီးများက သိမ်မွေ့တဲ့သတ္တဝါများဖြစ်ပြီး မျိုးတုံးလုနီးပါးမျိုးစိတ်များအဖြစ် အမျိုးအစားခွဲခြားထားပါတယ်။ SUP WEEKI ကုမ္ပဏီမှ အဖွဲ့ဝင်တစ်ဦးက ထိုဗီဒီယိုကို တင်လိုက်ပြီးနောက် “ ဒီနားက လူတွေ အပြင်ထွက်တိုင်း Manatees ကို မတွေ့ဖူးဘူး ၊ ပြီးတော့ Manatees တစ်ကောင်တွေ့ရတာတောင် အတော်လေး ကံကောင်းနေပြီလို့ လူအများက အမြဲပြောကြတယ်။ ဒါပေမဲ့ ဒီစုံတွဲကတော့ Manatees ဆယ်ကောင်ကို တစ်ပြိုင်နက်တည်း တွေ့ခွင့်ရခဲ့ကြတယ်!” လို့ ရေးသားဖော်ပြထားခဲ့ပါတယ်။ ဒီတော့ ရင်သပ်ရှုမောဖွယ်ကောင်းပြီး စိတ်ဝင်စားစရာလည်းကောင်းတဲ့ ၎င်းရှားပါးဗီဒီယိုကို အောက်မှာ ဆက်လက် ကြည့်ရှုသွားလိုက်ကြပါအုံးဗျ။
Jasmine (Mckzone daily)
Be the first to comment on "ေလွာ္တက္သမား ႏွစ္ဦးတို႔ရဲ႕အေနာက္ကေန ျဖည္းျဖည္းခ်င္း ခ်ဥ္းကပ္လာၿပီး ေလွာ္တက္ေအာက္ကေန တည္ၿငိမ္လွပစြာ ကူးခတ္သြားခဲ့တဲ့ ရွားပါး Manatees သတၱဝါအုပ္စု (႐ုပ္သံ)"