JRose (KB Chimmy One)
Reference : yan
Unicode
မကြာသေးမီက အငြင်းပွားဖွယ်ရာများစွာရရှိခဲ့တဲ့ post တစ်ခုမှာ လူမှုကွန်ရက်ပေါ် ရည်းစားဟောင်းရဲ့ ဓာတ်ပုံတွေကို တင်ခဲ့တဲ့ အမျိုးသားကြောင့် သူ့ရဲ့ လက်ရှိချစ်သူက ဒေါသထွက်ပြီး ခွင့်မလွှတ်ဘူးလို့ ဆုံးဖြတ်ထားတယ်လို့ လူမှုကွန်ရက်မှာ ဝေမျှထားပါတယ် ။ ၎င်းဟာ အင်တာနက်သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုကို ဆက်တိုက်ရရှိပြီး ချစ်သူကို တောင်းပန်ဖို့အတွက် ကောင်လေးရဲ့ လုပ်ရပ်တွေကြောင့် အဆက်မပြတ်ပြောနေခဲ့ပါတယ် ။ ကောင်လေးက သူ့လုပ်မိတဲ့အမှားကို တောင်းပန်ခဲ့ပေမယ့် ကောင်မလေးက အဲဒီအချိန်မှာ အရမ်းဒေါသထွက်နေတာကြောင့် နားမထောင်တော့ဘဲ လမ်းခွဲဖို့သာတောင်းဆိုနေခဲ့ပါတယ် ။ အဆိုပါအမျိုးသားက သူ့ရဲ့ချစ်သူကို တောင်းပန်ဖို့ တစ်နာရီကြာ ဒူးထောက်ခဲ့ပါတယ် ။
ကောင်လေးက ရည်းစားဟောင်းရဲ့ပုံကို လူမှုကွန်ယက်ပေါ်တင်မိပြီး သူ့ကိုယ်သူမှားမှန်းသိလို့ လက်ရှိချစ်သူကို တောင်းပန်စကားဆိုလိုက်တဲ့ လူငယ်လေးရဲ့ ချစ်ခြင်းမေတ္တာကြောင့် တစ်ချို့လူတွေတောင် ထိမိသွားကြပါတယ် ။ ဒါပေမယ့် တချို့ netizen က ဒီအမှားဟာ ဒူးထောက်ပြီး တောင်းပန်ဖို့ မထိုက်တန်တာကြောင့် လူငယ်က ဒီလိုလုပ်ဖို့ မလိုအပ်ဘူးလို့ ထင်မြင်ချက်တွေလည်း ရှိနေပါတယ် ။ ဒီအကြောင်းအရာလေးကနေ ချစ်ရတဲ့ စုံတွဲတွေ ဘယ်လိုအမှားမျိုးပဲဖြစ်ဖြစ် ဒူးထောက်တဲ့အထိ မလုပ်သင့်ပါဘူး၊ ဒါဟာ ယောက်ျားလေးရော မိန်းကလေးပါ အရှက်ရစေနိုင်ပါတယ် ။
JRose (KB Chimmy One)
Be the first to comment on "ရည်းစားဟောင်းရဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ် မတော်တဆ တင်မိတဲ့အတွက် လက်ရှိကောင်မလေးကို တစ်နာရီကြာ ဒူးထောက်တောင်းပန်ခဲ့တဲ့ ကောင်လေး"