ဈေးနှုန်းသက်သာစွာနဲ့ ခရီးသွားတွေရဲ့ ရေခဲသေတ္တာ၊ခရီးဆောင်အိတ်ကို အလွန်ဝေးတဲ့တောင်ထိပ်ပေါ်အထိ သယ်ဆောင်ပေးခဲ့တဲ့ အထမ်းသမား



.

.

.

JRose (Mckzone daily)

Reference : khaosod

Unicode

ပြည်မှာ အသန်မာဆုံးလို့ထင်ရတဲ့ အထမ်းသမားတစ်ဦးဟာ ဘတ်ငွေ ၂သောင်းနဲ့ ခရီးသွားတွေရဲ့ ရေခဲသေတ္တာ နဲ့ အခြားပစ္စည်များအပါအဝင် ထမ်းနိုင်တဲ့အတွက် အွန်လိုင်းပေါ်မှာ အထမ်းသမားရဲ့ အစွမ်းသတ္တိကို ချီးမွမ်းနေခဲ့ကြပါတယ် ။ ဆောင်းရာသီမှာ ခရီးသွားအများအပြားက မတူညီတဲ့ ပန်းတိုင်များရှိပြီး မြောက်ဘက်သို့ အေးသောလေကို သို့မဟုတ် တောင်အမျိုးမျိုးရဲ့ထိပ်သို့ ဦးတည်သွားတက်ကြပါတယ် ။ ဒါပေမယ့် ထိုင်းနိုင်ငံက ခရီးသွားတွေကြားမှာ အဆိုပါ အထမ်းသမားက ရေပန်းစားခဲ့ပါတယ် ။

နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်လေ့ရှိတဲ့ Phu Kradueng တောင်ကို ခရီးသွားသူများက တောင်ထိပ်သို့ သယ်ဆောင်ရမဲ့ ခရီးဆောင်အိတ်ကြောင့် ပြဿနာများနဲ့ ကြုံတွေ့ရနိုင်ပါတယ် ။ ဒါကြောင့် ခရီးသွားများက ပစ္စည်းများနဲ့ ခရီးဆောင်အိတ်များကို သယ်ဆောင်ပေးတဲ့ အထမ်းသမားဝန်ဆောင်မှုကို ငှားရမ်းဖို့ ရွေးချယ်ခဲ့ပါတယ် ။ နောက်ဆုံး tiktok အသုံးပြုသူ peamaimonrudee က Phu Kradueng ပေါ်ကို ခရီးဆောင်အိတ်များ သယ်ဆောင်လာတဲ့ အထမ်းသမားတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို တင်တဲ့အခါ ပျံ့နှံ့သွားခဲ့ပြီး ဂရုတစိုက်လေ့လာကြည့်တဲ့အခါ ပစ္စည်းက ခရီးဆောင်အိတ်သာမက ရေခဲသေတ္တာပါရှိတာကို တွေ့ရတာကြောင့် လူများ အော်ဟစ်စေခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဈေးနှုန်းသက်သာစွာနဲ့ ခရီးသွားတွေရဲ့ ရေခဲသေတ္တာ၊ခရီးဆောင်အိတ်ကို အလွန်ဝေးတဲ့တောင်ထိပ်ပေါ်အထိ သယ်ဆောင်ပေးခဲ့တဲ့ အထမ်းသမား"

Leave a comment

Your email address will not be published.


*