ဆေးကုသမှုခံယူနေစဉ်အတောအတွင်းမှာ “ အမေ ” လို့အခေါ်ခံရတာကို လုံးဝသဘောမကျခဲ့ဘူးလို့ဆိုတဲ့ ကိုယ်ဝန်ကိုယ်တိုင်လွယ်မွေးခဲ့သူ အမျိုးသားတစ်ဦး

သူနာပြုများက ယောက်ျားဖြစ်လင့်ကစား ကိုယ်ဝန်ရှိနေစဉ်အတွင်း သူ့ကို ‘အမေ’ လို့ ခေါ်ကြတာကို သဘောမကျကြောင်း ဖခင်တစ်ဦးက မကြာသေးမီက ညည်းညူကာပြန်ပြောပြခဲ့ပါတယ်။ အမေရိကန် Los Angeles ပြည်နယ်မှ အသက် 37 နှစ်အရွယ် Bennett Kaspar-Williams အမည်ရှိအမျိုးသားတစ်ဦးဟာ လွန်ခဲ့သည့် 10 နှစ် 2011 ခုနှစ်ခန့်ကတည်းက trans တစ်ယောက်ဖြစ်ကြောင်း ဦးစွာ သိရှိခဲ့ရပေမဲ့လည်း သူဟာ နောက် သုံးနှစ်ကြာသည်အထိ အသွင်ကူးပြောင်းမှုကို မစတင်ခဲ့ပါဘူး။ ထို့နောက် ခြောက်နှစ်အကြာ 2017 ခုနှစ်မှာ သူဟာ 2019 ခုနှစ်မှာ လက်ထပ်ခဲ့တဲ့သူ့ရဲ့အနာဂတ်ခင်ပွန်း Malik ကို တွေ့ရှိခဲ့ပါတယ်။ Bennett က ၎င်း၏သားဥအိမ်လုပ်ဆောင်နိုင်စေရန် နှစ်အတော်ကြာပြုလုပ်ခဲ့တဲ့ Testosterone ဟော်မုန်းကုထုံးကို ရပ်တန့်သွားစေရန် ရည်ရွယ်ချက်ဖြင့် ကလေးယူလိုကြောင်း ဇနီးမောင်နှံနှစ်ဦးတို့က ဆုံးဖြတ်ခဲ့ကြပြီး ၊ ၎င်းတို့အတွက် ရနိုင်သောရွေးချယ်မှုများကို ချိန်ဆခဲ့ကြပါတယ်။

.

.

Bennett ဟာ ၎င်းရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခြမ်းကို ခွဲစိတ်ပြုပြင်ခဲ့ပေမဲ့လည်း ၎င်းရဲ့လိင်အင်္ဂါကို မခွဲစိတ်ဘဲ နောက်ဆုံးမှာ ကိုယ်ဝန်နှင့် ကလေးယူရန် အဆင်ပြေမည်ဟု ဆုံးဖြတ်ခဲ့ပါတယ်။ ၎င်းကဲ့သို့စတင်ကြိုးစားပြီးနောက် မကြာမီမှာ သဘာဝအတိုင်း ကိုယ်ဝန်ရသွားပြီး 2020 ခုနှစ် အောက်တိုဘာလမှာ ၎င်းတို့ရဲ့သားဦးလေး Hudson ကို ခွဲစိတ်ခန်းမှတစ်ဆင့် ကြိုဆိုခဲ့ကြပါတယ်။ သို့ပေမဲ့လည်း သူ့ကလေးကို ကိုယ်တိုင်လွယ်ပြီး ကိုယ်တိုင်မွေးထုတ်ခြင်းက Bennett အတွက် ရိုးရှင်းတဲ့ ဆုံးဖြတ်ချက်မဟုတ်နေခဲ့ပါဘူး။

.

.

သူဟာ 2020 ခုနှစ် အောက်တိုဘာလတွင် Hudson လေးကို မွေးဖွားခဲ့ပေမဲ့လည်း ဆေးရုံမှာရှိစဉ်တုန်းက Bennett က သူဟာ အမြဲတစေ မှားယွင်းစွာ အခေါ်ခံခဲ့ရတယ်လို့ ဆိုကာ ‘ ကျွန်တော့်ရဲ့ကိုယ်ဝန်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ တစ်ခုတည်းသော အရာကတော့ ကိုယ်ဝန်အတွက် ဆေးကုသမှုခံယူစဉ်မှာ လွဲမှားတဲ့အရာတစ်ခု ဖြစ်ပျက်ခဲ့တာပါပဲ၊ အမေရိကမှာရှိတဲ့ ကိုယ်ဝန်စောင့်ရှောက်မှုအဖွဲ့အစည်းတစ်ခုလုံးက “မိခင်ဘဝ” ဆိုတဲ့ ဒီသဘောတရားကို ရောင်းစားတာကို ဗဟိုပြုထားပြီး ကျား-မ နဲ့ ရောယှက်နေကြတာကြောင့် ကျား-မခွဲခြားမှုကနေ လွတ်မြောက်ဖို့ ခဲယဉ်းနေကြတယ် ၊ မုတ်ဆိတ်မွေးအပြည့်၊ ရင်ဘတ်အပြားနဲ့ ‘ယောက်ျား’ အင်္ဂါလက္ခဏာတွေနဲ့တောင်မှ လူတွေက ကျွန်တော့်ကို “အမေ” ဒါမှမဟုတ် “မေမေ” လို့ ခေါ်ကြတာလောက် မုန်းတာမရှိဘူး၊ အဲဒါက ကျွန်တော့်ကို စိတ်ရှုပ်စေတယ် ၊ ကိုယ်ဝန်ဆောင်ရခြင်းအကြောင်းက ကျွန်တော့်အတွက် “ဣတ္ထိယ” လို့ မခံစားရပါဘူး- တကယ်တော့ ၊ ကူးစက်ရောဂါကြောင့် အထီးကျန်ဆန်ပြီး ကလေးယူတာပါ ၊ ဆေးရုံနဲ့ ချိန်းဆိုမှုတွေအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရတာဟာ ကျွန်တော်လုပ်ဖူးသမျှထဲမှာ အပြင်းထန်ဆုံး၊ ရဲရင့်ဆုံးအရာလို့ ထင်တယ် ၊ ကျွန်တော်က ကိုယ့်ကလေးကို ဖန်တီးခဲ့တဲ့ အဖေတစ်ယောက်လို့ ပြောနိုင်တာထက် ပိုခိုင်မာတဲ့အရာကို ခံစားရမှာမဟုတ်ဘူး ‘ ဟု Bennett က သူနာပြုများက သူ့အား ‘အမေ’ လို့ခေါ်တာကိုလုံးဝမကြိုက်ကြောင်းကို စိတ်ပျက်စွာ ပြောပြလာခဲ့ပါတယ်။

.

.

သို့ပေမဲ့ ဖခင်တစ်ယောက်ဖြစ်ရခြင်း၏ အကောင်းဆုံးအရာမှာ Hudson လေးက သူ့ရဲ့ရှာဖွေတွေ့ရှိမှုအသစ်တွေကို သူ့နဲ့အတူ မျှဝေခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ Bennett က ပြောခဲ့တဲ့အပြင် ‘ သူက အသစ်တစ်ခုခုလုပ်လို့ ရမှန်းသိတာနဲ့ ကျွန်တော့်ကို “Dada!” လို့အော်ပြီး ကျွန်တော့်ဆီပြေးလာတတ်တယ်၊ ဒါက ကျွန်တော့်ရဲ့ အကောင်းဆုံး အခိုက်အတန့်ပါပဲ ” လို့ ပြောကြားခဲ့ပါတယ်။

.

.

ထို့ပြင် Bennett က ‘ ကျွန်တော့်သားအတွက်၊ ဒါဒါနဲ့ ဖေဖေရှိတာထက် ပိုသဘာဝကျပြီး ပိုသာမာန်ဖြစ်တဲ့အရာမျိုးရှိတော့မှာမဟုတ်ဘူး၊ သူ့အသက်ကြီးလာတဲ့အခါ သူ့ ဒါဒါ က သူ ဒီကမ္ဘာထဲရောက်လာဖို့ သူ့ကို ကိုယ်တိုင်လွယ်ခဲ့ပြီး ပြုစုစောင့်ရှောက်ခဲ့တယ်ဆိုတာကို သိလာလိမ့်မယ် ၊ ကလေးတွေက အချစ်ကိုမြင်တယ်၊ စိတ်ရှည်တာကိုမြင်တယ်၊ ကတိသစ္စာကိုမြင်ကြတယ် ၊ဒါ့ကြောင့် ၊ ကျွန်တော့်သားလေးက သူ့ပတ်ဝန်းကျင်က တခြားချစ်ခြင်းမေတ္တာတွေနဲ့ အလှတရားတွေကို ပွေ့ဖက်ထားသလို သူ့ဆီကလည်းလာတယ်ဆိုတာ ယုံမှားသံသယရှိမှာ မဟုတ်ဘူး။ ‘ ဟု Hudson လေးအတွက် ဂုဏ်ယူစွာ ပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : dailymail

Be the first to comment on "ဆေးကုသမှုခံယူနေစဉ်အတောအတွင်းမှာ “ အမေ ” လို့အခေါ်ခံရတာကို လုံးဝသဘောမကျခဲ့ဘူးလို့ဆိုတဲ့ ကိုယ်ဝန်ကိုယ်တိုင်လွယ်မွေးခဲ့သူ အမျိုးသားတစ်ဦး"

Leave a comment

Your email address will not be published.


*