သတို႔သမီးနဲ႔ သူမရဲ႕ဖခင္ကို လူအမ်ားေ႐ွ႕မွာအ႐ွက္ခြဲခဲ့တဲ့ သတို႔သားရဲ႕ဖခင္ေၾကာင့္ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ခဲ့ရတဲ့ မဂၤလာပြဲ (႐ုပ္သံ)

မဂၤလာပြဲဟာ အမွန္တကယ္ေတာ့ ခ်စ္ရသူႏွစ္ဦးေပ်ာ္ရႊင္စြာ တစ္သတ္လံုးေပါင္းသင္းၾကရမဲ့ ပြဲေလးပါ ။ သို႔ေပမဲ့လည္း ဗီယက္နမ္ႏိုင္ငံက မဂၤလာပြဲတစ္ခုမွာ သတို႔သားဟာ မဂၤလာပြဲကိုစိတ္ဆိုးေဒါသထြက္စြာနဲ႔ ဖ်က္ဆီးပစ္ခဲ့ပါတယ္ ။ ၿပီးခဲ့တဲ့ ဒီဇင္ဘာ 31 ရက္ေန႔မွာ အဆိုပါစံုတြဲဟာ မဂၤလာပြဲက်င္းပခဲ့ၾကၿပီး ႏွစ္သစ္ကိုအတူတူျဖတ္သန္းဖို႔ႀကိဳးစားခဲ့ၾကတာပါ ။ မဂၤလာပြဲဟာ အစပိုင္းမွာေတာ့ အဆင္ေျပေျပေခ်ာေခ်ာေမြ႔ေမြ႔ျဖစ္ခဲ့ေပမဲ့လည္း ႐ုတ္တရက္သတို႔သားဟာ စိတ္မထိန္းႏိုင္ေတာ့ဘဲ ကိုင္ေဆာင္ထားတဲ့ ႐ွန္ပိန္ခြက္ကို႐ိုက္ခြဲပစ္ခဲ့တဲ့အျပင္ စားပြဲခံုေပၚမွာ႐ွိေနခဲ့တဲ့ ႐ွက္ပိန္ခြက္မ်ားအားလံုးကို ပရိသတ္ေတြေ႐ွ႕မွာပဲ ႐ိုက္ခြဲပစ္ခဲ့ပါေတာ့တယ္ ။

စားပြဲခံုေတြကိုပါ ကန္ေက်ာက္ေနခဲ့တဲ့ သတို႔သားကို သတို႔သမီးက အတင္းဆြဲဖတ္ထားၿပီး ေဒါသေလ်ာ့ခိုုင္းခဲ့ရပါတယ္ ။ ပြဲလာတဲ့ ဧည့္ပရိသတ္ေတြကလည္း အဆိုပါအျပဳအမႈလုပ္ရပ္ေတြေၾကာင့္ အေတာ္ေလးအံ့ၾသထိတ္လန္႔သြားခဲ့ရပါတယ္ ။ လူအမ်ားစုကေတာ့ သတို႔သားဟာ သတို႔သမီးရဲ႕မိဘေတြနဲ႔ ပြဲလာဧည့္သည္ေတြကို ေလးစားမႈမ႐ွိပဲ ႐ိုင္းျပစြာဆက္ဆံခဲ့တယ္လို႔ မ်ိဳးစံုမွတ္ခ်က္ေပးၿပီးေဝဖန္ခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း ေနာက္ဆံုးမွာေတာ့ သတို႔သားစိတ္ဆိုးေဒါသထြက္ခဲ့ရတဲ့အျဖစ္မ်ိဳးကို သိ႐ွိခဲ့လို႔ ေဝဖန္မႈေတြရပ္သြားခဲ့ၾကပါတယ္ ။

ျဖစ္စဥ္ကေတာ့ သတို႔သားရဲ႕မိဘေတြက သတို႔သမီးရဲ႕မိဘ အသိုင္းအဝိုင္းမ်ားက ဆင္းရဲလို႔ဆိုၿပီး သေဘာမတူခဲ့ၾကပါဘူး ။ သို႔ေပမဲ့လည္း စံုတြဲႏွစ္ေယာက္လံုးက ခက္ခက္ခဲခဲႀကိဳးစားၿပီး မဂၤလာပြဲကို ျဖစ္ေျမာက္ေအာင္စီစဥ္ခဲ့တာပါ ။ သို႔ေပမဲ့လည္း မဂၤလာပြဲေန႔မွာေတာ့ ဧည့္ပရိသတ္ေတြေ႐ွ႕မွာ သတို႔သားရဲ႕ဖခင္က သတို႔သမီးရဲ႕ဖခင္ကို ” ခင္ဗ်ားရဲ႕ သမီးကို ေကာင္းေကာင္းမြန္မြန္ ေသေသခ်ာခ်ာ သင္ျပေပးခဲ့တာပဲ ” ဆိုၿပီး ေျပာဆိုကာ လူအမ်ားေ႐ွ႕မွာ အ႐ွက္ခြဲခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ သတို႔သားဟာ စိတ္မထိန္းႏိုင္ေတာ့ဘဲ ယခုလို ေဒါသတႀကီးနဲ႔ မဂၤလာပြဲကို ဖ်က္ဆီးပစ္ခဲ့တာပဲ ျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မင်္ဂလာပွဲဟာ အမှန်တကယ်တော့ ချစ်ရသူနှစ်ဦးပျော်ရွှင်စွာ တစ်သတ်လုံးပေါင်းသင်းကြရမဲ့ ပွဲလေးပါ ။ သို့ပေမဲ့လည်း ဗီယက်နမ်နိုင်ငံက မင်္ဂလာပွဲတစ်ခုမှာ သတို့သားဟာ မင်္ဂလာပွဲကိုစိတ်ဆိုးဒေါသထွက်စွာနဲ့ ဖျက်ဆီးပစ်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ 31 ရက်နေ့မှာ အဆိုပါစုံတွဲဟာ မင်္ဂလာပွဲကျင်းပခဲ့ကြပြီး နှစ်သစ်ကိုအတူတူဖြတ်သန်းဖို့ကြိုးစားခဲ့ကြတာပါ ။ မင်္ဂလာပွဲဟာ အစပိုင်းမှာတော့ အဆင်ပြေပြေချောချောမွေ့မွေ့ဖြစ်ခဲ့ပေမဲ့လည်း ရုတ်တရက်သတို့သားဟာ စိတ်မထိန်းနိုင်တော့ဘဲ ကိုင်ဆောင်ထားတဲ့ ရှန်ပိန်ခွက်ကိုရိုက်ခွဲပစ်ခဲ့တဲ့အပြင် စားပွဲခုံပေါ်မှာရှိနေခဲ့တဲ့ ရှက်ပိန်ခွက်များအားလုံးကို ပရိသတ်တွေရှေ့မှာပဲ ရိုက်ခွဲပစ်ခဲ့ပါတော့တယ် ။

စားပွဲခုံတွေကိုပါ ကန်ကျောက်နေခဲ့တဲ့ သတို့သားကို သတို့သမီးက အတင်းဆွဲဖတ်ထားပြီး ဒေါသလျော့ခိုင်းခဲ့ရပါတယ် ။ ပွဲလာတဲ့ ဧည့်ပရိသတ်တွေကလည်း အဆိုပါအပြုအမှုလုပ်ရပ်တွေကြောင့် အတော်လေးအံ့သြထိတ်လန့်သွားခဲ့ရပါတယ် ။ လူအများစုကတော့ သတို့သားဟာ သတို့သမီးရဲ့မိဘတွေနဲ့ ပွဲလာဧည့်သည်တွေကို လေးစားမှုမရှိပဲ ရိုင်းပြစွာဆက်ဆံခဲ့တယ်လို့ မျိုးစုံမှတ်ချက်ပေးပြီးဝေဖန်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း နောက်ဆုံးမှာတော့ သတို့သားစိတ်ဆိုးဒေါသထွက်ခဲ့ရတဲ့အဖြစ်မျိုးကို သိရှိခဲ့လို့ ဝေဖန်မှုတွေရပ်သွားခဲ့ကြပါတယ် ။

ဖြစ်စဉ်ကတော့ သတို့သားရဲ့မိဘတွေက သတို့သမီးရဲ့မိဘ အသိုင်းအဝိုင်းများက ဆင်းရဲလို့ဆိုပြီး သဘောမတူခဲ့ကြပါဘူး ။ သို့ပေမဲ့လည်း စုံတွဲနှစ်ယောက်လုံးက ခက်ခက်ခဲခဲကြိုးစားပြီး မင်္ဂလာပွဲကို ဖြစ်မြောက်အောင်စီစဉ်ခဲ့တာပါ ။ သို့ပေမဲ့လည်း မင်္ဂလာပွဲနေ့မှာတော့ ဧည့်ပရိသတ်တွေရှေ့မှာ သတို့သားရဲ့ဖခင်က သတို့သမီးရဲ့ဖခင်ကို ” ခင်ဗျားရဲ့ သမီးကို ကောင်းကောင်းမွန်မွန် သေသေချာချာ သင်ပြပေးခဲ့တာပဲ ” ဆိုပြီး ပြောဆိုကာ လူအများရှေ့မှာ အရှက်ခွဲခဲ့ပါတယ် ။ ထိုအချိန်မှာတော့ သတို့သားဟာ စိတ်မထိန်းနိုင်တော့ဘဲ ယခုလို ဒေါသတကြီးနဲ့ မင်္ဂလာပွဲကို ဖျက်ဆီးပစ်ခဲ့တာပဲ ဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment