မိခင်တစ်ယောက်အတွက် ရင်သွေးငယ်များအားလုံးကို တစ်ချိန်တည်း ရုတ်တရက်ဆုံးရှုံးလိုက်ရခြင်းထက် ပိုဝမ်းနည်းစရာကောင်းတဲ့အရာ လုံးဝမရှိတော့သလို ၎င်းကဲ့သို့ ခက်ခဲကြမ်းတမ်းတဲ့အဖြစ်မျိုးကလည်း တောရိုင်းတိရိစ္ဆာန်တွေမှာ အဖြစ်များ တတ်ပါတယ်။ တိရိစ္ဆာန် အများစုက ထိုအရာကို ရင်ဆိုင်ဖြေရှင်းရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိကြပါဘူး။ သို့ပေမဲ့ Namibia နိုင်ငံ Etosha အမျိုးသားဥယျာဉ်ရှိ ဤခြင်္သေ့မတစ်ကောင်ကတော့ မိဘတွေနဲ့ ခွဲသွားတဲ့ ၎င်းနဲ့လုံးဝကွဲပြားခြားနားနေတဲ့မျိုးစိတ်များနှင့်ဆိုင်သော တကယ်ထူးခြားတဲ့ အကောင်ပေါက်လေးတစ်ကောင်ကို ပြုစုစောင့်ရှောက်ခြင်းဖြင့် သူမရဲ့ဘ၀ ကွက်လပ်ကို ဖြည့်ဆည်းပေးဖို့ ရွေးချယ်ခဲ့ပါတယ်။
.
ခြင်္သေ့အထီးတစ်ကောင်က သူမရဲ့သားပေါက်လေးတွေအားလုံးကိုသတ်ပြီး သိပ်မကြာခင်မှာပဲ အသည်းကွဲနေတဲ့ခြင်္သေ့မတစ်ကောင်ဟာ springbok ဆိုတဲ့ ဒရယ်ပေါက်လေးတစ်ကောင်ကို မွေးစားပြီး သူမကိုယ်ပိုင်ကလေးအဖြစ်နဲ့ ပြုစုနေတာကို တွေ့လိုက်ရပါတယ်။ ဓာတ်ပုံဆရာ Gordon Donovan ဟာ ၎င်းတို့ရဲ့ အတူတကွ ကြည်နူးစရာကောင်းသော အခိုက်အတန့်များကို မြင်တွေ့ခွင့်ရခဲ့တဲ့ ကံကောင်းသော ဧည့်သည် အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပါတယ်။ အစပိုင်းမှာတော့ ၊ Donovan ဟာ ၎င်းဒရယ်ပေါက်လေးက သူမရဲ့သားကောင်မှလွဲ၍ ဘာမျှမဟုတ်ဟုထင်ခဲ့ပေမဲ့လည်း နောက်ဖြစ်ပျက်ခဲ့သည့်အရာမှာ အသက် 53 နှစ်အရွယ် အမျိုးသားဓာတ်ပုံဆရာကို အမှန်တကယ်ပင် အံ့အားသင့်သွားစေခဲ့ပါတယ်။
.
တကယ်တော့ ခြင်္သေ့မဟာ ၎င်းဒရယ်ပေါက်လေးနှင့် ညင်သာစွာ ဆော့ကစားရင်း ပွေ့ဖက်ကာ နမ်းရှိုက်ရုံသာမက အနီးနားရှိ အခြားသော ဆာလောင်နေတဲ့ခြင်္သေ့များရဲ့ ရန်မှလည်း ကာကွယ်ပေးခဲ့ပါတယ်။ Donovan က “ ဒါဟာ ထူးဆန်းတဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုပါပဲ၊ ခြင်္သေ့တွေအကြောင်း ငါစိတ်လှုပ်ရှားနေခဲ့တယ်၊ ဒရယ်လေးကို ဖမ်းမိတဲ့အခါ သူမတစ်ခုခုလုပ်မှာကို ကျွန်တော်စောင့်နေခဲ့ပေမယ့် ကျွန်တော်တွေးထားတာတွေဖြစ်မလာဘဲ သူမက ဒရယ်ရဲ့ခန္ဓာကိုယ်ကို လျှာနဲ့လျက်ပြီး သန့်ရှင်းရေးလုပ်ပေးနေခဲ့တယ် ၊ အဲဒါက သဘာဝတရားရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းလမ်းဖြစ်ပြီး ၎င်းက နောက်ဘာဆက်ဖြစ်မလဲဆိုတာကို မသိနိုင်ဘူး ” ဟု ၎င်းအထီးကျန်နေတဲ့ ခြင်္သေ့မ အကြောင်းနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
.
ဓာတ်ပုံဆရာ Donovan ဟာ New York မှ ဤလှပသောနိုင်ငံသို့ တလမ်းလုံး ခရီးနှင်လာခဲ့ပြီး ဤအံ့ဩဖွယ်ခရီးကလည်း သူ့အား စိတ်ပျက်စေမည်မဟုတ်ကြောင်း စိတ်ချစွာပြောနိုင်ခဲ့ပါတယ်။ တောရိုင်းတိရိစ္ဆာန်ဓာတ်ပုံဆရာအများအပြားဟာ ထိုကဲ့သို့ အံ့သြဖွယ်ကောင်းသော ရိုက်ချက်များအတွက် ၎င်းတို့ရဲ့ဘဝတစ်ခုလုံးဖြင့်ရင်းပြီး ရှာဖွေကြပေမဲ့လည်း ၎င်းတို့အားလုံးဟာ ၎င်းတို့ရှာဖွေနေသည့်အရာတွေကို တစေ့တစောင်း ဖမ်းစားနိုင်မှာမဟုတ်ပါဘူး။ ထို့ပြင် Donovan က “ ဒါတွေဟာ အာဖရိကကို သွားတိုင်း ကျွန်တော်ရှာနေတဲ့ အခိုက်အတန့်တွေပါပဲ။ ” ဟု အမိအရဖမ်းယူရိုက်ကူးထားနိုင်ခဲ့တဲ့အခိုက်အတန့်အတွက်ကိုလည်း ဂုဏ်ယူစွာ ပြောကြားခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : aubtu
Be the first to comment on "ကိုယ်ပိုင်သားပေါက်လေးတွေကို အကုန်ဆုံးရှုံးလိုက်ရပြီးနောက် ဒရယ်ပေါက်လေးတစ်ကောင်ကိုမွေးစားကာ ယုံကြည်စိတ်ချစေခဲ့တဲ့ အထီးကျန်ခြင်္သေ့မတစ်ကောင်"