.
.
.
.
.
JRose (Mckzone daily)
Reference : sanook
Unicode
Facebook အသုံးပြုသူ Chaliya Supapornchai မျှဝေခဲ့တဲ့ ဗီဒီယိုဟာ အင်တာနက် အသုံးပြုသူတွေအတွက် ရယ်စရာများစေခဲ့ပါတယ် ။ ဗီဒီယိုဖိုင်ထဲမှာ ခင်ပွန်းဖြစ်သူ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ခဲ့လို့ ဇနီးက ဆရာဝန်ကို အိမ်ထိခေါ်လာပြီး ဆေးထိုးခိုင်းလိုက်တာပါ ။ ဗီဒီယိုဖိုင်ထဲက အမျိုးသားဟာ ရွာသူကြီးဖြစ်ကြောင်းသိရပြီး ငယ်ငယ်ကတည်းက ဆေးထိုးအပ်ကိုကြောက်တဲ့သူဖြစ်ပါတယ် ။ ဆေးထိုးဖို့ပြောတိုင်း ရွာသူကြီးက အိမ်ထဲကနေ အိမ်ပြင်မထွက်တော့ပါဘူး ။ ဒါကြောင့် ဇနီးသည်က ဆရာဝန်ကို အိမ်လာဖို့ ဖိတ်ခေါ်လိုက်ပါ ။ ကလစ်ကို မျှဝေပြီးနောက် netizen များက ရယ်မောကြပြီး လှောင်ကြတာလည်းရှိသလို ကိုယ်ချင်းစာမိတဲ့သူတွေလည်းရှိပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ခင်ပွန်းဖြစ်သူ ဆေးထိုးအပ်ကြောက်လို့ ကာကွယ်ဆေးထိုးဖို့ငြင်းဆန်ခဲ့တာကြောင့် ဆရာဝန်ကို အိမ်ထိဖိတ်ခေါ်ပြီး ဆေးထိုးခိုင်းလိုက်တဲ့ ဇနီးသည်"