လွန်ခဲ့သည့် နှစ်ပတ်ခန့်က အမျိုးသားတစ်ဦးရဲ့ဇနီးသည်ဟာ ခက်ခဲစွာ ကလေးမီးဖွားနေစဉ်အတွင်း ကွယ်လွန်သွားခဲ့ပါတယ်။ အခုတော့ ဖခင်အသစ်စက်စက်ဖြစ်တဲ့ အဆိုပါ Matthew Accurso အမည်ရှိအမျိုးသားဟာ သူ့ရဲ့မွေးကင်းစသားလေးကိုလည်း ထပ်မံ နှုတ်ဆက်ရပြန်ပါတော့မယ်။ အဆိုပါ Baby Matthew လေးဟာ သူ့မိခင် Lauren Accurso ကွယ်လွန်သွားပြီးနောက် Wolfson ကလေးဆေးရုံရှိ NICU ( မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် )၌ နှစ်ပတ်ကြာအောင် တိုက်ပွဲဝင်ခဲ့ရပါတယ်။ အသက် ၃၇ နှစ်အရွယ် မိခင် Lauren ဟာ Matthew လေးကို မွေးဖွားစဉ်မှာ ရှားပါးသော ဆေးဝါးကုသမှုဆိုင်ရာ ပြဿနာတစ်ရပ်ရှိခဲ့ကြောင်း Action News Jax က ဖော်ပြခဲ့ပါတယ်။
NICU တွင် နှစ်ပတ်နီးပါးကြာပြီးနောက် နောက်ဆုံးမှာ မွေးကင်းစကလေးငယ်လေးဟာ တိုးတက်မှု လက္ခဏာများ အနည်းငယ် ပြသလာခဲ့ပြီး ဒီတစ်ပတ်မှာတော့ ဖခင် Matthew ဟာ သူ့ရဲ့မွေးကင်းစသားလေးကို ပထမဆုံးအကြိမ် ကိုင်ဆောင်ခွင့်ရခဲ့ပါတယ်။ ကလေးလေး Matthew ရဲ့ ကျန်းမာရေးအခြေအနေက တိုးတက်နေပေမယ့် အံ့ဖွယ်စရာတွေဖြစ်လာဖို့အတွက် မိသားစုဝင်များက ဆုတောင်းပေးနေကြတုန်းပါပဲ။
ဖခင်ဖြစ်သူ Matthew ဟာ မကြာသေးမီက “ ကျွန်တော့်ရဲ့အံ့ဖွယ်အမှုက ကျွန်တော့်သားလေးကို အဖိုးတန်တဲ့ အခိုက်အတန့်တွေနဲ့အတူ အတတ်နိုင်ဆုံး ဆုပ်ကိုင်ထားဖို့ပါဘဲ ၊ အချိန်ရောက်လာတဲ့အခါကျ့ရင် သူ့ကို ပထမဆုံးအကြိမ်အဖြစ် ပွေ့ဖက်နိုင်ဖို့ ကောင်းကင်ဘုံမှာရှိနေတဲ့ သူ့အမေဆီ ပို့ပေးမယ် ” ၊
“ Matthew လေးနဲ့ ကျွန်တော်တို့မိသားစုကို ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးမှုတွေအားလုံးကိုပေးနေကြတဲ့ လူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ Matthew လေးရဲ့အနားမှာ အချိုသာဆုံး မိသားစုအချိန်တွေကို ပိုင်ဆိုင်နိုင်ခဲ့တာက ဆုတောင်းပေးကြသူအားလုံးကြောင့်ပါဘဲ ၊ ဆရာဝန်တွေ ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အလုပ်လုပ်ပြီး ၊
Matthew လေးကို သူ့အမေနဲ့ ကောင်းကင်ဘုံရှင်ခမည်းတော်ထံ သွားတွေ့ဖို့ စီစဉ်ထားပြီးထားဖြစ်တဲ့အတွက် လာမယ့်ရက်တွေမှာ မင်းတို့ရဲ့ဆုတောင်းချက်တွေအတွက် ကျွန်တော်အရမ်းကျေးဇူးတင်နေမိမယ်ထင်တယ် ” ဟု ဖခင်ဖြစ်သူက ဝမ်းနည်းကြေကွဲစွာ ပြောကြားခဲ့ပါတယ်။
.
အသုံးပြုသူ Amber Krycka မှ Twitter တွင် မျှဝေထားသော ကြေကွဲဖွယ် ဗီဒီယိုဖိုင်မှာတော့ ဖခင်ဖြစ်သူ Matthew က အိပ်ပျော်နေတဲ့ မွေးကင်းစသားငယ်လေးအား “ ဘာလုပ်နေလဲ? သားလေး ဘာကို အိပ်မက်မက်နေတာလဲ? သားလေးရဲ့အမေ့အကြောင်းကို အိပ်မက်မက်နေတာလား။ ” ဟု မေးမြန်းနေခဲ့ပါတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "ဇနီးဖြစ်သူက မီးဖွားနေစဉ် ကွယ်လွန်သွားခဲ့ပြီး ခုလည်း နှစ်ပတ်သာရှိသေးတဲ့ မွေးကင်းစသားလေးကိုလည်း နှုတ်ဆက်ဖို့ပြင်ဆင်ထားရပြန်တဲ့ ဖခင်တစ်ဦး"