သခင့္ကို လြမ္းဆြတ္ၿပီးသတိရလြန္းလို႔ မစားႏိုင္မေသာက္ႏိုင္ျဖစ္ေနခဲ့ရတဲ့ ေၾကာင္ေလးရဲ႕အျဖစ္

Fadhil Raihan အမည္ရွိတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ သူ၏ဖခင္ေမြးစားထားတဲ့ Ramboo အမည္႐ွိတဲ့ ေၾကာင္ေလးအေၾကာင္းကို သူ၏ Facebook စာမ်က္ႏွာမွာ ေဝမ်ွခဲ့ပါတယ္ ။ အင္ဒိုနီး႐ွာႏိုင္ငံမွာ ႐ွိတဲ့ေၾကာင္ေလးဟာ သခင္ျဖစ္သူကို အေတာ္ေလး တြယ္တာလြန္းၿပီး သခင္သြားတဲ့ေနရာတိုင္းကို အေဖာ္လိုက္ကာ ၊ အိပ္ရင္ေတာင္ သခင့္ေဘးမွာ အျမဲအိပ္ေလ့႐ွိတဲ့ ေၾကာင္ေလးပါ ။ သို႔ေပမဲ့လည္း သခင္ျဖစ္သူ ေသဆံုးသြားခဲ့ခ်ိန္မွာေတာ့ Rambo ေလးဟာ ႐ုတ္တရက္ဖ်ားနာလာခဲ့ပါတယ္ ။ Rambo ေလးရဲ႕ ခႏၶာကိုယ္ဟာ အေတာ္ေလး ပူေႏြးေနခဲ့ၿပီး ၊ အစာလည္း မစားေတာ့ပါဘူး ။ သခင္ျဖစ္သူရဲ႕ ေနာက္ဆံုးဆုေတာင္းပြဲမွာလည္း Rambo ဟာ နားလည္ေနသလိုနဲ႔ ၿငိမ္သက္စြာနားေထာင္ေနခဲ့ပါတယ္ ။

သခင္ရဲ႕ အသုဘပြဲၿပီးစီးၿပီး ေနာက္တစ္ရက္မွာေတာ့ Rambo ေလးဟာ အေတာ္ေလးကိုဖ်ားနာလာခဲ့ၿပီး တိရစာၦန္ေဆးရံုသို႔ ပို႔ေဆာင္ကုသေပးခဲ့ ေပမဲ့လည္း လံုးဝမသက္သာတဲ့အျပင္ အစားလည္းလံုးဝမစားခဲ့လို႔ Rambo ရဲ႕ မ်က္လံုးေလးေတြဟာ အသက္မဲ့လာသလိုျဖစ္လာခဲ့ပါတယ္ ။ ထို႔ေၾကာင့္ တိရစာၦန္ဆရာဝန္က ေၾကာင္ေလးဟာ စိတ္ပိုင္ဆိုင္ရာထိခိုက္ဒဏ္ရာရ႐ွိတာျဖစ္ေၾကာင္း ၊ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ မသက္ဆိုင္ေၾကာင္း ႐ွင္းျပခဲ့ပါတယ္ ။

ထို႔ေၾကာင့္ Fadhil ဟာလည္း Rambo ေလးကို သူ၏သခင္ကိုျမဳပ္ႏွံထားတဲ့ အုတ္ဂူသို႔ ေခၚေဆာင္သြားဖို႔ ဆံုးျဖတ္ခဲ့ပါတယ္ ။ သခင့္ အုတ္ဂူအနားသို႔ ေရာက္႐ွိသြားခဲ့ခ်ိန္မွာေတာ့ Rambo ေလးဟာ နားလည္ေနသလိုႏွင့္ အခ်ိန္အေတာ္ၾကာ သခင့္အုတ္ဂူအနား ၿငိမ္သက္စြာထိုင္ေနခဲ့ပါတယ္ ။ ထို႔ေနာက္ Rambo ေလးကို အိမ္သို႔ေခၚျပန္ေပးခဲ့ခ်ိန္မွာေတာ့ Rambo ေလးဟာ အစားအေသာက္ေတြ ျပန္လည္းစားေသာက္ခဲ့ၿပီးေနာက္ နလန္ျပန္ထူႏိုင္ခဲ့ပါတယ္ ။ ထို႔ေၾကာင့္ တိရစာၦန္ေလးေတြဟာလည္း လူေတြလိုစိတ္ခံစားခ်က္ နာက်င္မႈမ်ိဳးေတြခံစားရတတ္ၿပီး မေဖာ္ျပႏိုင္တာပဲ ႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Fadhil Raihan အမည်ရှိတဲ့ အမျိုးသားတစ်ယောက်ဟာ သူ၏ဖခင်မွေးစားထားတဲ့ Ramboo အမည်ရှိတဲ့ ကြောင်လေးအကြောင်းကို သူ၏ Facebook စာမျက်နှာမှာ ဝေမျှခဲ့ပါတယ် ။ အင်ဒိုနီးရှာနိုင်ငံမှာ ရှိတဲ့ကြောင်လေးဟာ သခင်ဖြစ်သူကို အတော်လေး တွယ်တာလွန်းပြီး သခင်သွားတဲ့နေရာတိုင်းကို အဖော်လိုက်ကာ ၊ အိပ်ရင်တောင် သခင့်ဘေးမှာ အမြဲအိပ်လေ့ရှိတဲ့ ကြောင်လေးပါ ။ သို့ပေမဲ့လည်း သခင်ဖြစ်သူ သေဆုံးသွားခဲ့ချိန်မှာတော့ Rambo လေးဟာ ရုတ်တရက်ဖျားနာလာခဲ့ပါတယ် ။ Rambo လေးရဲ့ ခန္ဓာကိုယ်ဟာ အတော်လေး ပူနွေးနေခဲ့ပြီး ၊ အစာလည်း မစားတော့ပါဘူး ။ သခင်ဖြစ်သူရဲ့ နောက်ဆုံးဆုတောင်းပွဲမှာလည်း Rambo ဟာ နားလည်နေသလိုနဲ့ ငြိမ်သက်စွာနားထောင်နေခဲ့ပါတယ် ။

သခင်ရဲ့ အသုဘပွဲပြီးစီးပြီး နောက်တစ်ရက်မှာတော့ Rambo လေးဟာ အတော်လေးကိုဖျားနာလာခဲ့ပြီး တိရစ္ဆာန်ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ ပေမဲ့လည်း လုံးဝမသက်သာတဲ့အပြင် အစားလည်းလုံးဝမစားခဲ့လို့ Rambo ရဲ့ မျက်လုံးလေးတွေဟာ အသက်မဲ့လာသလိုဖြစ်လာခဲ့ပါတယ် ။ ထို့ကြောင့် တိရစ္ဆာန်ဆရာဝန်က ကြောင်လေးဟာ စိတ်ပိုင်ဆိုင်ရာထိခိုက်ဒဏ်ရာရရှိတာဖြစ်ကြောင်း ၊ ရုပ်ပိုင်းဆိုင်ရာနှင့် မသက်ဆိုင်ကြောင်း ရှင်းပြခဲ့ပါတယ် ။

ထို့ကြောင့် Fadhil ဟာလည်း Rambo လေးကို သူ၏သခင်ကိုမြုပ်နှံထားတဲ့ အုတ်ဂူသို့ ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ သခင့် အုတ်ဂူအနားသို့ ရောက်ရှိသွားခဲ့ချိန်မှာတော့ Rambo လေးဟာ နားလည်နေသလိုနှင့် အချိန်အတော်ကြာ သခင့်အုတ်ဂူအနား ငြိမ်သက်စွာထိုင်နေခဲ့ပါတယ် ။ ထို့နောက် Rambo လေးကို အိမ်သို့ခေါ်ပြန်ပေးခဲ့ချိန်မှာတော့ Rambo လေးဟာ အစားအသောက်တွေ ပြန်လည်းစားသောက်ခဲ့ပြီးနောက် နလန်ပြန်ထူနိုင်ခဲ့ပါတယ် ။ ထို့ကြောင့် တိရစ္ဆာန်လေးတွေဟာလည်း လူတွေလိုစိတ်ခံစားချက် နာကျင်မှုမျိုးတွေခံစားရတတ်ပြီး မဖော်ပြနိုင်တာပဲ ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment