၂လသားအရွယ်တည်းနဲ့ အထီးကျန်ခဲ့ရတဲ့စိတ်ကြောင့် အိမ်မက်နောက်လိုက်ပြီး ယခုကုမ္ပဏီမှာ လျှပ်စစ်ပညာရှင်ဖြစ်လာခဲ့တဲ့ အမွှာညီနောင်

The Daily Mail မှ အိန္ဒိယရှိ တွဲဖက်အမွှာနှစ်ဦးရဲ့ အသက်တာနဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ ကွဲပြားမှုများရှိနေသော်လည်း၊ ငယ်စဉ်ကပင် မိဘများက ချန်ရစ်ခဲ့တာကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ကြီးပြင်းလာခဲ့ရတာပါ ။ ညီအစ်ကိုနှစ်ဦးက နောက်ဆုံးမှာ နိုင်ငံမြောက်ပိုင်း ပန်ဂျပ်ရှိ ဒေသန္တရအစိုးရမှ စီမံအုပ်ချုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ လျှပ်စစ်ပညာရှင်တစ်ဦးအဖြစ် ၎င်းတို့ရဲ့အိပ်မက်ကို ရရှိခဲ့ပါတယ် ။ အဆိုပါညီအစ်ကိုနှစ်ဦးဖြစ်တဲ့ Sohna Singh နဲ့ Mohna Singh တို့ဟာ ခန္ဓာကိုယ်အောက်ပိုင်း အမြွှာများ ဖြစ်ကြတယ်လို့ ဆိုပါတယ် ။ ၎င်းတို့နှစ်ဦးစလုံးမှာ သီးခြားနှလုံး၊ သီးခြားလက်နှစ်ဖက်အပြင် သီးခြားကျောက်ကပ်နှစ်ခုနဲ့ ကျောရိုးရှိပါတယ် ။ ဒါပေမယ့် သည်းခြေအိတ်၊ သရက်ရွက်၊ အသည်းနဲ့ ခြေထောက်တွေက သီးခြားဆီမရှိပါဘူး ။

.

မွေးဖွားခါစမှာ ဆရာဝန်က ခန္ဓာကိုယ်ကို ခွဲထုတ်ဖို့ ခွဲစိတ်ဖို့ဟာ အန္တရာယ်များလွန်းပြီး ခွဲစိတ်မယ်ဆိုရင် အမြွှာများထဲမှ တစ်ဦးသေဆုံးမှာဖြစ်သောကြောင့် ဆရာဝန်က မခွဲစိတ်ပါဘူး ။ သူတို့မိဘတွေကတော့ Sohna နဲ့ Mohna ကို နှစ်လသားအရွယ်မှာ ထားရစ်ခဲ့ပါတယ် ။ ထို့ကြောင့် ဆေးရုံက Pingalwara Charitable Society, က မိဘမဲ့ဂေဟာနဲ့ ညှိနှိုင်းခဲ့လိုက်ပါတယ် ။

.

ထို့နောက် ဂေဟာမှ ဆရာမများက အဆိုပါအမြွှာဟာ လျှပ်စစ်ပစ္စည်းများကို မကြာခဏစိတ်ဝင်စားကြတာကြောင့် အမြွှာများရဲ့ နှစ်သက်မှုကို သတိပြုမိလာရာ မွေးစားအိမ်သို့ ပြောင်းရွှေ့ခဲ့ကြပါတယ် ။ အဲ့ဒီနောက် နှစ်ယောက်စလုံးက လျှပ်စစ်နဲ့ အသက်မွေးဝမ်းကြောင်း လက်မှတ်နဲ့ ဘွဲ့ရခဲ့ပါတယ် ။

.

Panjab State Electricity Authority (PSPCL) မှ တာဝန်ရှိသူများက ကုမ္ပဏီရဲ့ လျှပ်စစ်သင်တန်းကျောင်းမှာ အမြွှာညီအစ်ကိုနှစ်ဦး တွေ့ဆုံခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။ Mr Sohna နဲ့ Mohna တို့က အလွန်ကောင်းမွန်တဲ့ လျှပ်စစ်ကျွမ်းကျင်မှုများ အပါအဝင် အသိပညာများ ရှိကြတာကြောင့် ကုမ္ပဏီမှ ၎င်းတို့နှစ်ဦးလုံးကို မသန်စွမ်းမှုခွဲတမ်းမှာ ငှားရမ်းရန် ဆုံးဖြတ်ခဲ့ပြီး လစာ ရူပီး ၁၀၀၀၀ သို့မဟုတ် ဘတ် ၄၅၀၀ နီးပါး ရရှိခဲ့ပါတယ် ။ Mohna က သူနဲ့သူရဲ့အစ်ကိုတို့ကို ပြုစုပျိုးထောင်ပေးခြင်း၊ ပညာပေးခြင်း၊ လွတ်လွတ်လပ်လပ်ဖြစ်လာအောင် ကူညီပေးခြင်းတို့အတွက် ကျေးဇူးအထူးတင်ရှိပြီး စိတ်ရင်းမှန်ဖြင့် အလုပ်ကြိုးစားလုပ်ကိုင်ပါမယ်လို့ ကတိပြုခဲ့ပါတယ် ။

JRose (Mckzone daily)

Reference : khaosod

Be the first to comment on "၂လသားအရွယ်တည်းနဲ့ အထီးကျန်ခဲ့ရတဲ့စိတ်ကြောင့် အိမ်မက်နောက်လိုက်ပြီး ယခုကုမ္ပဏီမှာ လျှပ်စစ်ပညာရှင်ဖြစ်လာခဲ့တဲ့ အမွှာညီနောင်"

Leave a comment

Your email address will not be published.


*