အခြားသူတစ်ဦးရဲ့ရှေ့မှာ မဖုံးမကွယ်ဘဲ သိသာထင်ရှားစွာ လေလည်လိုက်ခြင်းက အစပိုင်းမှာ ရှက်စရာကောင်းပြီး သဘာဝမကျနိုင်ပေမဲ့လည်း ယင်းကဲ့သို့အဆင်မပြေမှုများကို ကျော်လွှားပြီးသွားတာနဲ့ သင့်တို့ရဲ့ ဆက်ဆံရေးက ခိုင်ခံ့လာမည်ဖြစ်ကြောင်း လေ့လာချက်များအရ သိရပါတယ်။ ဒါဟာ ဘဝရဲ့ရှောင်လွှဲလို့မရတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ တကယ်တော့ ပုံမှန် လူတစ်ယောက်ဟာ ပျမ်းမျှတစ်နေ့ကို ဆယ့်လေးကြိမ်လောက် လေလည်တတ်ပါတယ်။ သင့်ရဲ့ထူးခြားချက်တစ်ခုက တစ်ခြားတစ်ယောက်ရှေ့မှာ လေလည်တာက မကောင်းတဲ့အကျင့်လို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် ၎င်းခံယူချက်ကို ဆုပ်ကိုင်ထားခြင်းကလည်း သင့်အတွက် မကောင်းပါဘူး။ ” မင်းသာ မင်းရဲ့လက်တွဲဖော်အသစ်ရှေ့မှာ လေလည်လိုက်ရင် မင်းတို့ရဲ့ relationship ကို ပိုတည်မြဲစေပါတယ်။
.
ဒီလိုပြောရခြင်းကလည်း ကျွန်မက အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်သူမဟုတ်ပါဘူး။ စုံတွဲအသစ်တွေအားလုံးက သူတို့ရဲ့ relationship မှာ ဘာကိုမှ ဖုံးဖိမထားသင့်ပါဘူး။ ကျွန်မရဲ့အတွေ့အကြုံအရတော့ လေလည်တာကို မချုပ်နှောင်ထားခြင်းက မင်းရဲ့ဆက်ဆံရေးကို ပိုခိုင်မာလာစေလိမ့်မယ် “ လို့ Cynthia Powell အမည်ရှိ အမျိုးသမီးတစ်ဦးက မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
.
လေ့လာတွေ့ရှိချက်များအရ သင့်လက်တွဲဖော်ရှေ့မှာ လေလည်ချင်နေတာကို မအောင့်ထားသင့်ပါဘူး။ ထိုကဲ့သို့အောင့်ထားလိုက်ခြင်းက သင့်ရဲ့ဆက်ဆံရေးအတွက် သာမကဘဲ သင့်ကျန်းမာရေးအတွက်နဲ့လည်း မညီညွတ်ကြောင်း Cynthia Powell က ထပ်မံပြောကြားခဲ့ပါတယ်။
.
ဒါ့ကြောင့် လေလည်ခြင်းကို ထူးဆန်းတဲ့ လူမှုရေးအမည်းစက်ကို ချိုးဖျက်ပြီး ဘဝရဲ့သဘောသဘာဝနှင့် ရှောင်လွှဲ၍မရတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ဆုပ်ကိုင်ထားပြီး ကိုယ်ချစ်ရတဲ့သူတွေရှေ့မှာ မအောင့်ထားဘဲ လေလည်လိုက်ပါ လို့လည်း Cynythia က ဆက်လက် ပြောကြားခဲ့ပါတယ်။ ဒီတော့ စာဖတ်သူတို့လည်း လေလည်တာကို ဘဝရဲ့သဘောသဘာဝ အစိတ်အပိုင်းတစ်ခုအဖြစ် တွေးပြီး မချုပ်ထားတဲ့ လွတ်လပ်စွာ လေလည်ထုတ်လိုက်ပါ၊ အနည်းဆုံးတော့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ရယ်မောသံတွေ ကြားသွားရပါလိမ့်မယ်။
Mia (Mckzone daily)
Reference : buzznicked
Be the first to comment on "လက်တွဲဖော်ရဲ့ရှေ့မှာ မအောင့်အီးထားဘဲ လေလည်လိုက်ခြင်းက မိမိတို့ရဲ့ဆက်ဆံရေးကို ရေရှည် ပိုမိုခိုင်မြဲစေတယ်လို့ လေ့လာတွေ့ရှိခဲ့"