ဂ်ပန္ပါေမာကၡတစ္ဦးက အစားအေသာက္မ်ိဳးစုံရဲ႕အရသာကို ခံစားျမည့္ၾကည့္ႏိုင္တဲ့ ေရွ႕ေျပးပုံစံ lickable TV ဖန္သားျပင္ကို ဖန္တီးခဲ့ေၾကာင္း သိရပါတယ္ ။ Taste the TV (TTTV) လို႔ အမည္ေပးထားတဲ့ အဆိုပါ စက္ကို ဂ်ပန္ႏိုင္ငံရွိ ထင္ရွားေက်ာ္ၾကားတဲ့ Meiji တကၠသိုလ္မွ ပါေမာကၡ Homei Miyashita က တီထြင္ခဲ့ျခင္းျဖစ္ၿပီး စစ္မွန္ေသာ ဘက္စုံၾကည့္ရႈမႈအေတြ႕အႀကဳံဆီသို႔ ေျခလွမ္းတစ္ခုအျဖစ္ တီထြင္ခဲ့ျခင္းျဖစ္ပါတယ္ ။ ထူးျခားဆန္းၾကယ္တဲ့ ကိရိယာက အစားအစာတစ္ခုရဲ႕ အရသာကိုဖန္တီးရန္အတြက္ ေပါင္းစပ္မႈတ္ထုတ္ထားတဲ့ အနံ႔အရသာဗူး ၁၀ ဗူးရဲ႕အဝိုင္းကိုအသုံးျပဳထားတာပါ ။ ဒီနည္းပညာက လူေတြကို အေဝးႀကီးမွာေတာင္ ခ်ိတ္ဆက္ၿပီး အျပန္အလွန္ အက်ိဳးျပဳႏိုင္မယ္လို႔ Miyashita က ယုံၾကည္ပါတယ္ ။
“ရည္႐ြယ္ခ်က္ကေတာ့ အိမ္မွာေနေနတာေတာင္ ကမာၻတစ္ဖက္ျခမ္းက စားေသာက္ဆိုင္မွာရွိတဲ့ အစားအစာေတြရဲ႕ အာရသာကို လူေတြက ျမည္းၾကည့္ႏိုင္ဖို႔ပါပဲ” လို႔ ဂ်ပန္သုေတသီက Reuters သို႔ ေျပာၾကားခဲ့ပါတယ္ ။ Miyashita က သူ႔ရဲ႕ Taste-the-TV စက္ပစၥည္းကို ယခုအခ်ိန္မွာ စီးပြားျဖစ္ရရွိႏိုင္ပါက ထုတ္လုပ္ရန္ ယန္း ၁၀၀,၀၀၀ (ေဒၚလာ ၈၇၅) ဝန္းက်င္ခန႔္ ကုန္က်မယ္လို႔ သတင္းေထာက္မ်ားကို ေျပာၾကားလာခဲ့ပါတယ္ ။ Homei Miyashita ရဲ႕ Taste the TV (TTTV) စက္ပစၥည္းရဲ႕ ပုံစံကို video နဲ႔လည္း ျပသထားပါတယ္ ။
JRose (Mckzone daily)
Reference : odditycentral
Unicode
ဂျပန်ပါမောက္ခတစ်ဦးက အစားအသောက်မျိုးစုံရဲ့အရသာကို ခံစားမြည့်ကြည့်နိုင်တဲ့ ရှေ့ပြေးပုံစံ lickable TV ဖန်သားပြင်ကို ဖန်တီးခဲ့ကြောင်း သိရပါတယ် ။ Taste the TV (TTTV) လို့ အမည်ပေးထားတဲ့ အဆိုပါ စက်ကို ဂျပန်နိုင်ငံရှိ ထင်ရှားကျော်ကြားတဲ့ Meiji တက္ကသိုလ်မှ ပါမောက္ခ Homei Miyashita က တီထွင်ခဲ့ခြင်းဖြစ်ပြီး စစ်မှန်သော ဘက်စုံကြည့်ရှုမှုအတွေ့အကြုံဆီသို့ ခြေလှမ်းတစ်ခုအဖြစ် တီထွင်ခဲ့ခြင်းဖြစ်ပါတယ် ။ ထူးခြားဆန်းကြယ်တဲ့ ကိရိယာက အစားအစာတစ်ခုရဲ့ အရသာကိုဖန်တီးရန်အတွက် ပေါင်းစပ်မှုတ်ထုတ်ထားတဲ့ အနံ့အရသာဗူး ၁၀ ဗူးရဲ့အဝိုင်းကိုအသုံးပြုထားတာပါ ။ ဒီနည်းပညာက လူတွေကို အဝေးကြီးမှာတောင် ချိတ်ဆက်ပြီး အပြန်အလှန် အကျိုးပြုနိုင်မယ်လို့ Miyashita က ယုံကြည်ပါတယ် ။
“ရည်ရွယ်ချက်ကတော့ အိမ်မှာနေနေတာတောင် ကမ္ဘာတစ်ဖက်ခြမ်းက စားသောက်ဆိုင်မှာရှိတဲ့ အစားအစာတွေရဲ့ အာရသာကို လူတွေက မြည်းကြည့်နိုင်ဖို့ပါပဲ” လို့ ဂျပန်သုတေသီက Reuters သို့ ပြောကြားခဲ့ပါတယ် ။ Miyashita က သူ့ရဲ့ Taste-the-TV စက်ပစ္စည်းကို ယခုအချိန်မှာ စီးပွားဖြစ်ရရှိနိုင်ပါက ထုတ်လုပ်ရန် ယန်း ၁၀၀,၀၀၀ (ဒေါ်လာ ၈၇၅) ဝန်းကျင်ခန့် ကုန်ကျမယ်လို့ သတင်းထောက်များကို ပြောကြားလာခဲ့ပါတယ် ။ Homei Miyashita ရဲ့ Taste the TV (TTTV) စက်ပစ္စည်းရဲ့ ပုံစံကို video နဲ့လည်း ပြသထားပါတယ် ။
JRose (Mckzone daily)
Be the first to comment on "အေဝးတစ္ေနရာမွာရွိတဲ့ အစားအေသာက္မ်ိဳးစုံရဲ႕ အရသာကို ခံစားျမည့္ၾကည့္ႏိုင္တဲ့ Taste the TV (TTTV) စခရင္ကို ဖန္တီးလိုက္တဲ့ ဂ်ပန္ပါေမာကၡတစ္ဦး(႐ုပ္သံ)"