JRose (Mckzone daily)
Reference : yan
Unicode
ခွေးများ၊ ကြောင်များ၊ ငှက်များနဲ့ ငါးများက မိသားစုအတွင်း လူများချစ်ခင်ဂရုစိုက်ကြတဲ့ အိမ်မွေးတိရစ္ဆာန်များသာမက လူများစွာအတွက်ပါ ကျွဲ၊ နွား၊ ဝက်နဲ့ ကြက်များကလည်း အလွန်ချစ်စရာကောင်းတဲ့ထဲမှာ လက်ခံရရှိထားတဲ့ တိရစ္ဆာန်များဖြစ်နေပါတယ် ။ အထူးသဖြင့် သူတို့မွေးတဲ့နေ့ကစပြီး ပိုတွယ်တာလာလေလေဖြစ်တဲ့အတွက် အိမ်မွေးတိရစ္ဆာန်နဲ့ ပိုင်ရှင်ဟာ ရင်းနှီးတဲ့မိသားစုဝင်တွေလို ချစ်ခင်တွယ်တာမှုတွေ ပိုများလာလေလေပါပဲ ။ အခုတခါမှာလည်း ပိုင်ရှင်က တောင်ပေါ်ကနေ ပြန်သယ်လာတဲ့ ကျွဲသငယ်လေးရဲ့ အကြောင်းအရာဟာ အင်တာနက်အသုံးပြုသူတော်တော်များများကို ရယ်မောစေခဲ့ပါတယ်။
ကျွဲငယ်များက မိခင်ထံမှ ထွက်ပြေးသွားကာ ပြန်လမ်းကို မေ့သွားပြီး ပိုင်ရှင်ဖြစ်သူက တောင်ပေါ်မှ ကျောပိုးပြီး ပြန်သယ်လာခဲ့တာပါ ။ အဆိုပါ ရယ်စရာကောင်းပြီး အလွန်ချစ်စဖွယ်ကောင်းတဲ့ပုံများဖြင့် ပို့စ်တင်ပြီး နာရီအနည်းငယ်အကြာမှာ အပြန်အလှန်တုံ့ပြန်မှုပေါင်း ထောင်နဲ့ ချီရရှိခဲ့ပါတယ် ။ ထို့အပြင် အဆိုပါဓာတ်ပုံက တောင်ပေါ်မှ အိမ်သို့ခရီးထွက်စဉ် ပိုင်ရှင်နဲ့ ကျွဲကလေးကြား နီးကပ်မှုကြောင့် အွန်လိုင်းအသိုင်းအဝန်းရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ် ။ ကျွဲကလေးက သူတို့ပိုင်ရှင်တွေအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို ခံစားရပုံရပြီး သူတို့ဟာ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေလိုပဲ ရင်းနှီးကြပါတယ် ။
JRose (Mckzone daily)
Be the first to comment on "တောင်ပေါ်မှာ လမ်းပျောက်သွားတဲ့ ကျွဲသငယ်တစ်ကောင်ကို ပြန်သွားရှာပြီး အိမ်သို့ ကျောပိုးသယ်ဆောင်သွားခဲ့တဲ့ ကောင်လေး"