ဆံပင္ညႇပ္ဆိုင္ကိုမွ ခပ္တည္တည္ အလည္ဝင္လာတဲ့ ေတာဝက္ရဲ႕အျဖစ္ (႐ုပ္သံ)

ဆံပင္ညႇပ္ဆိုင္ထဲကို ဆံပင္ညႇပ္ခ်င္ေနလို႔လားမသိ ၊ မေတာ္တဆ အ႐ွိန္နဲ႔ေျပးဝင္လာခဲ့တဲ့ ေတာဝက္ထီးတစ္ေကာင္ေၾကာင့္ ဆိုင္ထဲမွာ႐ွိေနတဲ့ ေကာင္ေလးႏွစ္ေယာက္ဟာ ဆိုင္အျပင္ဖက္သို႔အသက္လုၿပီး ေျပးခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ မေလး႐ွားႏိုင္ငံ ၊ Perak ျပည္နယ္မွာ႐ွိတဲ့ ဆံပင္ညႇပ္ဆိုင္တစ္ဆိုင္မွာ ဆိုင္ဝန္ထမ္းေကာင္ေလးႏွစ္ေယာက္ဟာ Customer ေတြကိုထိုင္ေစာင့္ေနတုန္း ဆိုင္ရဲ႕အေ႐ွ႕ဖက္တံခါးကေန ေတာဝက္ဟာ အ႐ွိန္ျပင္းစြာ ဝင္ေရာက္လာခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ဆိုင္ဝန္ထမ္းႏွစ္ေယာက္ဟာ ဆိုင္အျပင္ထြက္ေျပးၿပီး ေတာဝက္ဆိုင္ကေန အျပင္ျပန္ထြက္ႏိုင္ေအာင္ ႀကိဳးစားေပးခဲ့ၾကပါတယ္ ။

2မိနစ္အၾကာမွာေတာ့ ေတာဝက္ႀကီးဟာ ဆိုင္ကေန ျပန္ထြက္ဖို႔ႀကိဳးစားခဲ့ၿပီးေနာက္ မွန္တံခါးကိုအ႐ွိန္နဲ႔ေဆာင့္ခြဲေျပးၿပီး အျပင္ဖက္သို႔ျပန္ထြက္ေျပးခဲ့ပါတယ္ ။ ဆိုင္အျပင္ဖက္မွာ႐ွိေနတဲ့ ေကာင္ေလးက ေတာဝက္ျပန္ထြက္ႏိုင္ေအာင္ ကူညီေပးရမွန္မသိ ၊ ေျပးရမွန္းမသိ ကိုး႐ို႔ကားယားျဖစ္ေနတာကိုလည္း video ထဲမွာေတြ႔ျမင္ရမွာပါ ။

အဆိုပါ video ကိုၾကည့္႐ႈခဲ့ၾကၿပီးေနာက္ လူအမ်ားက မ်ိဳးစံုေဝဖန္ခဲ့ၾကပါေသးတယ္ ။ ဘယ္လိုပဲျဖစ္ျဖစ္ ေတာဝက္ဟာ လူေတြကိုအႏၱရာယ္ျပဳႏိုင္တဲ့ အေကာင္ျဖစ္ၿပီး ၊ အေျပးလည္းျမန္ကာ ၊ ခႏၶာကိုယ္က်စ္လစ္သန္မာတဲ့ အေကာင္မ်ိဳးလည္းျဖစ္ပါတယ္ ။ ဆိုင္ထဲမွာထိုင္ေနတုန္း မေတာ္တဆတိုက္တိုက္ဆိုင္ဆိုင္ ေတာဝက္နဲ႔ေတြ႔ဆံုခဲ့တဲ့ ဆိုင္ဝန္ထမ္းေကာင္ေလးႏွစ္ေယာက္လည္း အေတာ္ေလးကိုအံ့ၾသထိတ္လန္႔ေနပံုရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဆံပင်ညှပ်ဆိုင်ထဲကို ဆံပင်ညှပ်ချင်နေလို့လားမသိ ၊ မတော်တဆ အရှိန်နဲ့ပြေးဝင်လာခဲ့တဲ့ တောဝက်ထီးတစ်ကောင်ကြောင့် ဆိုင်ထဲမှာရှိနေတဲ့ ကောင်လေးနှစ်ယောက်ဟာ ဆိုင်အပြင်ဖက်သို့အသက်လုပြီး ပြေးခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ မလေးရှားနိုင်ငံ ၊ Perak ပြည်နယ်မှာရှိတဲ့ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ ဆိုင်ဝန်ထမ်းကောင်လေးနှစ်ယောက်ဟာ Customer တွေကိုထိုင်စောင့်နေတုန်း ဆိုင်ရဲ့အရှေ့ဖက်တံခါးကနေ တောဝက်ဟာ အရှိန်ပြင်းစွာ ဝင်ရောက်လာခဲ့ပါတယ် ။ ထို့ကြောင့် ဆိုင်ဝန်ထမ်းနှစ်ယောက်ဟာ ဆိုင်အပြင်ထွက်ပြေးပြီး တောဝက်ဆိုင်ကနေ အပြင်ပြန်ထွက်နိုင်အောင် ကြိုးစားပေးခဲ့ကြပါတယ် ။

2မိနစ်အကြာမှာတော့ တောဝက်ကြီးဟာ ဆိုင်ကနေ ပြန်ထွက်ဖို့ကြိုးစားခဲ့ပြီးနောက် မှန်တံခါးကိုအရှိန်နဲ့ဆောင့်ခွဲပြေးပြီး အပြင်ဖက်သို့ပြန်ထွက်ပြေးခဲ့ပါတယ် ။ ဆိုင်အပြင်ဖက်မှာရှိနေတဲ့ ကောင်လေးက တောဝက်ပြန်ထွက်နိုင်အောင် ကူညီပေးရမှန်မသိ ၊ ပြေးရမှန်းမသိ ကိုးရို့ကားယားဖြစ်နေတာကိုလည်း video ထဲမှာတွေ့မြင်ရမှာပါ ။

အဆိုပါ video ကိုကြည့်ရှုခဲ့ကြပြီးနောက် လူအများက မျိုးစုံဝေဖန်ခဲ့ကြပါသေးတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် တောဝက်ဟာ လူတွေကိုအန္တရာယ်ပြုနိုင်တဲ့ အကောင်ဖြစ်ပြီး ၊ အပြေးလည်းမြန်ကာ ၊ ခန္ဓာကိုယ်ကျစ်လစ်သန်မာတဲ့ အကောင်မျိုးလည်းဖြစ်ပါတယ် ။ ဆိုင်ထဲမှာထိုင်နေတုန်း မတော်တဆတိုက်တိုက်ဆိုင်ဆိုင် တောဝက်နဲ့တွေ့ဆုံခဲ့တဲ့ ဆိုင်ဝန်ထမ်းကောင်လေးနှစ်ယောက်လည်း အတော်လေးကိုအံ့သြထိတ်လန့်နေပုံရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment