မီးဖွားခန်းထဲရှိ ဖခင်တို့ရဲ့ရယ်စရာတုံ့ပြန်မှုပုံရိပ်လေးများ


.

.

.

.

.

.

.

Mia (Mckzone daily)

Reference : aubtu

Unicode

မိဘတစ်ဦးအတွက် ဒီလူ့လောက ကမ္ဘာကြီးဆီသို့ဝင်ရောက်လာတဲ့ ၎င်းတို့ရဲ့ရင်သွေးငယ်ကို ပထမဆုံး ကြိုဆိုရသည့်အချိန်ထက် အခြားအံ့ဩဖွယ်ရာ မရှိတော့ပါဘူး။ ၎င်းအချိန်မှာ ဖခင်တို့ရဲ့စိတ်နှလုံးသားဟာ ပြိုင်တူလုနီးပါး ပင်ပန်းနွမ်းနယ်နေချိန်မှာ မိခင်တွေဟာ ပြင်းထန်တဲ့ ဝေဒနာကို ခံနိုင်ရည်ရှိကြပါတယ်။ ဒါပေမယ့် မိခင်တွေအတွက် ကလေးလေးရဲ့ ပထမဆုံးငိုသံကို ကြားလိုက်ရရင် ထိုက်တန်နေပါပြီ။ လူ့လောကထဲ ကလေးလေးရောက်လာတဲ့အခါ မိဘအသစ်တွေဟာ ပျော်ရွှင်မှုဖြင့် အော်ဟစ်ပြီး ၎င်းတို့ရဲ့ချစ်ရတဲ့ရင်သွေးငယ်လေးကို ၎င်းတို့ရဲ့ရင်ခွင်တွေထဲမှာ ဂရုတစိုက် ပွေ့ဖက်ထားကြပြီး ၎င်းစိတ်ခံစားချက်ကိုလည်း စကားလုံးအနည်းငယ်ဖြင့် ဖော်ပြလို့မရပါဘူး။ သို့ပေမဲ့ ကလေးမီးဖွားနေစဉ် မိခင်တွေက အမြဲသတိရှိနေကြပေမဲ့လည်း ဖခင်တွေမှာတော့ သတိမရှိနေတတ်ပါဘူး။ ဖခင်တို့ဟာ အရမ်း စိတ်လှုပ်ရှားပြီး တုန်လှုပ်နေတတ်ကြတာကြောင့် တစ်ခါတစ်ရံမှာ ရယ်စရာကောင်းတဲ့ ရလဒ်များနှင့်အတူ ပြင်းထန်သော တုံ့ပြန်မှုများ ပြုလုပ်တတ်ကြပါတယ်။ မီးဖွားနေတဲ့မိခင်ကို ကြည့်ရင်း ဖခင်တို့ဟာ ၎င်းတို့ကို ဘယ်သူဘယ်ဝါ ၊ ဘယ်မှာနေမှန်းကို မသိတော့သလိုမျိုး မျက်လုံးတွေကို ပြူးပြဲဖွင့်ထားတတ်သလို လန့်ဖြတ်ကာ ငိုယိုနေတတ်ပြီး တစ်ခါတစ်လေလည်း မူးလဲသွားတဲ့အခြေအနေအထိ ဖြစ်သွားတတ်ကြပါတယ်။ တကယ်တော့၊ မီးဖွားခန်းထဲက ဆေးဝန်ထမ်းများကလည်း ချစ်စရာကောင်းတဲ့ ၎င်းကဲ့သို့ ဖခင်တို့ရဲ့ ရယ်စရာကောင်းတဲ့ အခိုက်အတန့်တွေကို သက်သေအဖြစ် အလိုက်တသိနဲ့ အမိအရဖမ်းယူရိုက်ထားပေးခဲ့ကြတာကြောင့် ၎င်းရယ်စရာကောင်းတဲ့ဖခင်တို့ရဲ့ ကလေးထွက်လာတဲ့အချိန်ကို စောင့်ရင်း စိတ်လှုပ်ရှားနေခဲ့ကြတဲ့ ရယ်စရာပုံရိပ်များကိုလည်း ဆက်လက်ကြည့်ရှုသွားခဲ့ကြပါအုံးဗျ။

Mia (Mckzone daily)

Be the first to comment on "မီးဖွားခန်းထဲရှိ ဖခင်တို့ရဲ့ရယ်စရာတုံ့ပြန်မှုပုံရိပ်လေးများ"

Leave a comment

Your email address will not be published.


*